NEWS

စစ်ကိုင်း ငလျင်ကြီး တစ်လပြည့်သည်အထိ နောက်ဆက်တွဲ ငလျင်များ ဆက်လှုပ်

CoverLogo
332 Views
 
ရစ်ခ်တာစကေး ၇ဒသမ၇ အဆင့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှု တစ်လပြည့်တဲ့ နေ့အထိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်တာကြောင့် စိုးရိမ် ကြောက်လန့်မှုတွေ ဒေသခံတွေ ခံစားတယ်လို သိရပါတယ်။
 
""ငလျင် က နေ့တိုင်း လိုလို လှုပ်နေတာ။ မနေ့က ညက လှုပ်တာဆိုရင် အတော်လေး အားပါတယ် ။ အခုလို တွေ လှုပ်နေတော့ လူတွေလည်း အိပ်ကောင်းခြင်းမအိပ်ရ ၊စားကောင်းခြင်းမစားရနဲ့ ၊ အလုပ် လုပ်ဖိုလည်း အဆောက်အဦ ထဲကို စိတ်ချလက်ချ မဝင်ရဲဘူး။ ရှိတာပဲ ရောင်းချပြီး စားနေရတာ""လို မန္တလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
ငလျင်ကြီးလှုပ်ခတ်တဲ့ တစ်လပြည့် ဧပြီ ၂၈ရက် ဒီ မနက်ပိုင်းမှာ အင်အားရစ်ခ်တာစကေး ၄.၀ အဆင့် ငလျင် တစ်ခု ရေတာရှည်မြို အနီးဗဟိုပြုပြီး လှုပ်ခတ်ခဲ့ပါတယ်။ မတ်လ၂၈ကနေ ဧပြီ ၂၈ ရက် အထိ နောက်ဆက်တွဲငလျင် ၁၅၈ ကြိမ် အထိ လှုပ်ခတ်ခဲ့တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားတာပါ။
 
မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် နိုင်ငံတစ်ဝှမ်းတွင် လူနေအိမ်စုစုပေါင်း ၆၀,၀၀၀ ကျော်၊ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၃,၅၀၀ ကျော်၊ စာသင်ကျောင်း ၂,၃၀၀ ကျော် ၊ ဌာနဆိုင်ရာ ရုံး၊ အဆောက်အဦ ၃,၆၀၀ကျော်၊ တံတား ၁၅၅ စင်းနှင့် ဘုရားစေတီ ၅,၆၀၀ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ။ ဧပြီ ၂၇ ရက် အထိ ထုတ်ပြန် တဲ့ စာရင်း တွေ အရ သေဆုံးသူ ၃၇၆၉ဦး၊ထိခိုက်ဒဏ်ရာရသူ ၅၁၀၆ဦး နဲ့ ပျောက်ဆုံးနေသူ ၁၀၇ဦးရှိတယ်လို သိရပါတယ်။

Related posts

Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ
Oct 14, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ (ရုပ်သံသတင်း)
Oct 13, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ
Oct 13, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့ (ရုပ်သံသတင်း)
Oct 09, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့
Oct 09, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို
Oct 07, 2025
Cover
ပဲခူး-ရန်ကုန် ယာဉ်လိုင်းမှ ယာဉ်အချို့ သတ်မှတ်ဈေးထက် ယာဉ်စီးခ ပိုမိုကောက်ယူသဖြင့် ခရီးသွားပြည်သူများ အခက်တွေ့
Oct 07, 2025