NEWS

မလေးရှားက မြန်မာလုပ်သားသစ်ခေါ်ယူဖို့ ယခုနှစ်ကုန်အထိထပ်မံရွှေ့ဆိုင်းမည်ဟုသတင်းထွက်ပေါ်

CoverLogo
766 Views

မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာလုပ်သားခေါ်ယူမှုတွေမြင့်တက်လာသော်လည်း  အလုပ်ရှင်တွေရဲ့  မြန်မာအလုပ်သမားအသစ်ခေါ်ယူတွေကိုတော့ ယာယီတားမြစ်လိုက်တယ်လို့သိရပါတယ်။

"ကျွန်တော်တို့ အေဂျင်စီတွေအနေနဲ့ သိရသလောက်ကတော့ ဗီဇာကျပြီးသားအဟောင်းတွေတော့ သွားလို့ရနေပါတယ်။ အလုပ်သမားအသစ်ခေါ်ယူတာကိုတော့ ယာယီပိတ်လိုက်တယ်။ ဒါကလည်း မလေးရှားနိုင်ငံမှာကျင့်သုံးမဲ့ အလုပ်သမားအသစ်ခေါ်ယူခွင့်မူဝါဒကိုပြင်ဆင်ဖို့အတွက်ယာယီပိတ်တာပါ။ ဗီဇာကျပြီးသားတွေသွားလို့ရပါတယ်လို့ မလေးရှားသို့အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတစ်ခုမှ ဒါရိုက်တာဖြစ်သူက ပြောပါတယ်။

မလေးရှားနိုင်ငံမှအလုပ်ရှင်များရဲ့   အလုပ်သမားသစ်ခေါ်ယူခြင်းနဲ့ပတ်သက်ပြီး  နိုင်ငံခြားသားအလုပ်သမားဥပဒေအသစ်ကို ကျင့်သုံးမှာဖြစ်တာကြောင့်  အလုပ်သမားသစ်ခေါ်ယူခွင့်ကို သြဂုတ်၁၅ရက် ကစပြီး လကုန်၃၁ရက်အထိ အလုပ်သမားခေါ်ယူခွင့်လျှောက်ထားမှုရပ်နားထားတာပဲဖြစ်ပါတယ်။

အဲ့ဒီလိုပိတ်ပင်လိုက်တဲ့အပေါ်မှာလည်း  လျှောက်ထားမှုကို  ယခုနှစ်ကုန်အထိရွှေ့ဆိုင်းလိုက်တယ်လို့ သတင်းထွက်ပေါ်နေပေမဲ့  မလေးရှားအစိုးရရဲ့  အတည်ပြုထုတ်ပြန်ချက်တွေ မတွေ့ရသေးဘူးလို့လည်း မလေးရှားရောက်မြန်မာအလုပ်သမားများအရေး  ကူညီဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာအလုပ်သမားတွေအများဆုံးသွားရောက်လုပ်ကိုင်နေတဲ့နိုင်ငံတစ်ခုဖြစ်ပြီး လက်ရှိမြန်မာလုပ်သား နှစ်သိန်းကျော်တရားဝင်ရောက်လုပ်ကိုင်နေတဲ့အပြင်  လတ်တလောကာလတွင် တရားမ၀င်၀င်ရောက်မှုတွေ  ပိုမိုများလာတာတာကြောင့် နေ့စဉ်ဖမ်ဆီးခံရမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 

MyanmarLabourNews

 


Related posts

Cover
တရုတ် သို့ မြန်မာအလုပ်သမားစေလွှတ် ဖို့ ဆွေးနွေး ညှိနှိုင်းနေ ဟုဆို
Apr 23, 2024
Cover
သင်္ကြန်ကာလပြီးနောက် လူငယ်များပြည်ပထွက်ခွာမှုပိုများလာ
Apr 23, 2024
Cover
ဘန်ကောက်တွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် ဘတ် နှစ်သိန်းနှင့် ညှိနှိုင်း
Apr 22, 2024
Cover
ဧပြီလ ၂၉ရက် မှစပြီးထိုင်းနိုင်ငံသို့ MOU မြန်မာအလုပ်သမား များ ကို လေကြောင်း ဖြင့် စေလွှတ်မှု စတင်မည်
Apr 21, 2024
Cover
ဆူညံသည်ဆိုပြီး မြန်မာလူငယ်များအား ထိုင်းအာဏာပိုင်များက ပြည်တွင်းသို့ ပြန်ပို့ရန် စီစဥ်
Apr 13, 2024
Cover
အလုပ်သမားများ နစ်နာမှုများအား ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဆွေးနွေးခြင်းမရှိ
Apr 13, 2024
Cover
ထိုင်း-ကော့တောင်ကျွန်းအနီး ကုန်တင်သင်္ဘောမီးလောင်မှုမှာ မြန်မာလူငယ်တဦးပျောက်ဆုံးနေ
Apr 07, 2024
Cover
ကရိန်းပြိုကျမှုကြောင့်သေဆုံးခဲ့တဲ့ မြန်မာအလုပ် သမားတွေအတွက် ပေးရန်ကျန်ရှိတဲ့ ဘတ် ၁၁ သိန်းကိုနှစ်ပတ်အတွင်းပေးမယ်လို့လက်မှတ်ရေးထိုးထား
Apr 07, 2024