NEWS

ခရီးသွားများထံမှ အချက်အလက်အသေးစိတ်ရယူပြီးမှ လက်မှတ်ရောင်းချရန် စစ်ကောင်စီညွှန်ကြားထား

CoverLogo
638 Views

အဝေးပြေးယာဥ်လိုင်းများ လက်မှတ်ရောင်းချရာမှာ ခရီးသွားပြည်သူများထံမှ
အချက်အလက်အသေးစိတ်ရယူပြီးမှသာ  လက်မှတ်ရောင်းချရန် စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက ဩဂုတ် ၁၉ ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

'' ဟုတ်တယ်ဗျ။ ခရီးသွားတွေလက်မှတ်ဖြတ်ရင် အရင်လိုဖုန်းနံပါတ်နဲ့မှတ်ပုံတင်ပဲ ယူရမှာမဟုတ်ဘူး။ သူတိူ့နေရပ်လိပ်စာကိုပါယူထားရမှာ။ သူတို့မှတ်ပုံတင်ကိုလည်း သေချာစစ်ဆေးပြီးမှ လက်ခံရမှာ။ ရန်ကုန်ကနေလိုက်တဲ့သူဆို ရန်ကုန်လိပ်စာ။ နယ်ကနေလိုက်ရင် နယ်ကလိပ်စာ အတိအကျယူဖို့ပြောထားတယ်''လို့ အောင်မဂ်လာအဝေးပြေးကားဝင်းရှိ ယာဥ်လိုင်းတစ်ခုမှ ယာဥ်မှူးက Myanmar Labour News ကိုပြောပါတယ်။

ခရီးသွားများအနေဖြင့် မြို့တစ်မြို့မှတစ်မြို့သို့ သွားရောက်လိုပါက နာမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပတ်အပြည့်အစုံကိုပေးနိုင်ရမှာဖြစ်ပြီး   ဂိတ်စကနေမဟုတ်ဘဲ လမ်းခရီးတစ်ဝက်ကနေ လိုက်ပါမယ့် ခရီးသည်တွေကိုလည်း နာမည်၊ လိပ်စာ၊ ဖုန်းနံပတ်၊ အပြည့်အစုံကို မှတ်တမ်းယူကာ  ခရီးစဉ် မထွက်ခင် ယာဉ်ပေါ်ကို တင်ဆောင်ချိန်မှာ ခရီးသွားရဲ့အထုပ်အပိုးများကို သေချာ စစ်ဆေးပြီးမှ တင်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့  သိ ရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ကို ဆက်သွယ်ထားတဲ့ ရတနာပုံတံတားပေါ်မှာ  ဖြစ်ပွားခဲ့တဲ့  ခရီသည်တင်ကားတစ်စီးပေါ်မှာ လိုက်ပါလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့်  အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

MyanmarLabourNews
 


Related posts

Cover
စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန် လူငယ်များကို ဒုတိယအကြိမ်ထပ်မံမဲနှိုက်ခေါ်ယူနေ
Apr 22, 2024
Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို
Apr 07, 2024
Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024
Cover
စစ်မှုထမ်းရန်ဆင့်ခေါ်စာပေးပို့မှုများကြောင့် သားယောက်ျားလေးရှင်မိဘတွေ စိုးရိမ်သောကရောက်နေရ
Mar 15, 2024
Cover
Facebook account များ ပြန်လည်အသုံးပြုနိုင်
Mar 05, 2024