NEWS

ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ဂျပန်အရည်ချင်းစစ်စာမေးပွဲ JLPTလျှောက်လွှာရောင်းချမှု အွန်လိုင်းစနစ်နဲ့ပထမဆုံးအကြိမ်စတင်လက်ခံ

CoverLogo
1.6K Views

လျှောက်ထားသူများလွန်းတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ  လျှောက်လွှာရောင်းချမှုရပ်ဆိုင်းခဲ့တဲ့ ဂျပန်ဘာသာ အရည်ချင်းစစ်စာမေးပွဲ လျှောက်လွှာ JLPTရောင်းချမှုကို အွန်လိုင်းစနစ်နဲ့ ပထမဆုံးအကြိမ် ပြန်လည်လက်ခံသွားမယ်လို့ စာမေးပွဲကျင်းပရေးကော်မတီက အသိပေးထုတ်ပြန်လိုက်ပါတယ်။

JLPT စာမေးပွဲဖြေဆိုခွင့်လျှောက်ထားမှုကို ဩဂုတ်  ၂၀ ရက်ကစပြီး ၂၆ ရက်အထိ အွန်လိုင်းစနစ်နဲ့ ပြန်လက်ခံသွားမှာဖြစ်ပြီး လျှောက်လွှာစတင်လက်ခံမဲ့ ပထမဆုံးရက်မှာ N-1 အဆင့်ဖြေဆိုခွင့်ကို စတင်လက်ခံသွားမှာလို့ သိရပါတယ်။ အခြားသောအဆင့်ဖြေဆိုခွင့်တွေအတွက် အွန်လိုင်းလျှောက်လွှာလက်ခံမယ့်ရက်ကိုတော့ ဩဂုတ်လ ၁၉ ရက်မှာ ထပ်မံ အသိပေးကြေညာပေးသွားမယ်လို့ အသိပေးလိုက်တာဖြစ်ပါတယ်။  

ဒါ့အပြင် JLPT စာမေးပွဲဖြေဆိုခွင့်လျှောက်ထားမှုကို အွန်လိုင်းစနစ်နဲ့ ပထမဆုံးအကြိမ် စတင်လက်ခံတာဖြစ်တဲ့အတွက်  လျှောက်ထားသူများပြားရင် နည်းပညာချို့ယွင်းတာမျိုးရှိနိုင်တယ်လို့လည်း  အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်၅ရက်နံနက်ပိုင်းက အဆိုပါလျှောက်လွှာရောင်းချခြင်း၀ယ်ယူနိုင်ရန်တန်စီထားတဲ့  လူငယ်များက အရေအတွက်များပြားလွန်းတဲ့အပြင် ရုန်းရင်းဆန်ခတ်ဖြစ်ပွား၍ စာမေးပွဲလျှောက်လွှာများရောင်းချခြင်းရပ်ဆိုင်းကာ  စစ်တပ်ကိုခေါ်ယူရှင်းလင်းခဲ့တာကြောင့်  လူအများေ၀ဖန်ပြောဆိုမှုတွေနဲ့ တာ၀န်ရှိသူတွေကိုကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။

အဲ့ဒီနောက် လူအများစိတ်၀င်စားခဲ့တဲ့ ဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲလျှောက်လွှာ(JLPT 2022 ဒီဇင်ဘာအတွက်) လျှောက်လွှာရောင်းချခြင်းနှင့်ပတ်သက်သည့် စာမေးပွဲလျှောက်လွှာ ရောင်းချပြီးသည့်စာရင်းကို JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က သြဂုတ်၆ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် ရောင်းချပြီးသည့် လျှောက်လွှာ အရေအတွက်ဟာ  ရန်ကုန်စာဖြေဌာနအတွက် စုစုပေါင်း လက်ခံရောင်းချပြီးသည့် အရေအတွက် ၂၅၈၆၈ ဉီးဖြစ်ပြီး  မန္တလေးစာဖြေဌာနအတွက် စုစုပေါင်းရောင်းချပြီးသည့် အရေအတွက် - ၉၅၆ ဉီးတို့ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ရန်ကုန်စာဖြေဌာန ၂၀၂၂ခုနှစ် ပြီးခဲ့တဲ့ဇူလိုင်လ စာမေးပွဲမှာ Online form တင်ခဲ့ပြီး ဖြေဆိုခွင့်မရခဲ့တဲ့ကျောင်းသားကျောင်းသူများအတွက် ဦးစားပေး လက်ခံထားတဲ့အရေအတွက် N3 Level - ၉၉၉ ဦးနှင့်  N4 Level - ၂၀၈၄ ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

 


Related posts

Cover
အလုပ်ထွက်တဲ့ဝန်ထမ်းတွေ လစာအပြည့်မရဘဲ ဖြတ်တောက်ခံနေရ
Apr 25, 2024
Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
တရုတ် သို့ မြန်မာအလုပ်သမားစေလွှတ် ဖို့ ဆွေးနွေး ညှိနှိုင်းနေ ဟုဆို
Apr 23, 2024
Cover
သင်္ကြန်ကာလပြီးနောက် လူငယ်များပြည်ပထွက်ခွာမှုပိုများလာ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
ဘန်ကောက်တွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် ဘတ် နှစ်သိန်းနှင့် ညှိနှိုင်း
Apr 22, 2024
Cover
ဧပြီလ ၂၉ရက် မှစပြီးထိုင်းနိုင်ငံသို့ MOU မြန်မာအလုပ်သမား များ ကို လေကြောင်း ဖြင့် စေလွှတ်မှု စတင်မည်
Apr 21, 2024