NEWS

ရွာလုံးကျွတ်မီးရှို့ခံထားရတဲ့ ကလေးမြို့နယ် တောင်ပိုင်းက အရှေ့စည်းရွာမှာ စားနပ်ရိက္ခာနဲ့ မိုးရာသီအသုံးအဆောင်တွေလိုအပ်နေ

CoverLogo
1.1K Views

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းဒေသမှာ ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား မေလအစပိုင်းက တိုက်ပွဲပြင်းထန်ဖြစ်ရာမှာ အရှေ့စည်းရွာ အိမ်ခြေ (၅၀၀) ကျော် မီးရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စုစုပေါင်း အိမ်ခြေ ၈၀၀ နီးပါးရှိ ရွာကြီးဖြစ်ပြီး အိမ်ခြေ ၅၀၀ ကျော်မီးလောင် ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။လက်ရှိမှာ စစ်ဘေးရှောင်နေရတဲ့ အိမ်ထောင်စုပေါင်း ၅၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာ ဆေးဝါးနဲ့ မိုးရာသီဆိုင်ရာ အသုံးအဆောင်တွေအကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

"လက်ရှိကျတော်တို့ လူဦးရေ ၃၄၀၀ ကျော်ကို အစားအသောက်နဲ့ ရိက္ခာတွေ ပံ့ပိုးပေးနေပါတယ်။အဆင်ပြေလားဆိုတော့ မပြေဘူးပြောရမှာပဲ စားရေးသောက်ရေးက ထိုက်သလောက်တော့ အလှူရှင်တွေက လှူကြပါတယ်။ အဝတ်အထည်တွေ ဆန်အဓိကပေါနော်လှူကြတာ စစ်ဘေးဒုက္ခသည်တွေအတွက် အခုလိုအပ်နေတာက ခြုံစောင် တို့ ခြင်ထောင်တို့ပေါ့နော် မိုးကာတို့ အဲ့တာ‌လေးတွေ လိုနေတာပေါ့နော်။ မိုးရာသီဖြစ်တော့ ခြင်ကလည်းတော်တော်လေး ပေါတော့ ခြင်ထောင်တွေ ဘာတွေ ဆေးဝါးတို့ လိုအပ်တယ် လို့ အရှေ့စည်းဒေသခံတစ်ဉီးက ပြောပါတယ်။

 

အရှေ့စည်းရွာ

အဆိုပါ ဒေသမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ထားတာ လနဲ့ချီရှိနေပြီး ရွာမီးရှို့ခံရစဉ်က စပါးကျီတွေပါ မီးရှို့ခံရပြီး အစားအသောက် အဝတ်အထည်စတာတွေယူဆောင်နိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

"မြောက်စည်းဆိုရင် ရဲစခန်းနဲ့နီးတော့ မြောက်စည်းနဲ့ အရှေ့စည်းဆိုတာက ချောင်းလေးပဲခြားတာ အဲ့ဒီမှာ ကြားနေရတဲ့သတင်းတွေဆိုရင် ဘေးရွာတွေကနေ သွားရင် အရှေ့စည်းဆိုဘာမှမပို့နဲ့ လုံးဝလက်မခံဘူးဆိုတာမျိုးတွေ စားနပ်ရိက္ခာပိုင်းတွေ ဖြတ်တောက်ထားတာရှိတယ် အဲ့လိုလုပ်ထားတော့ ကျနော်တို့က အလှူရှင်တွေပေးပို့တဲ့ဟာကို ရောက်ရင်ရောက်သလို လူတွေလက်ထဲရောက်အောင် ပရဟိတအနေနဲ့ လုပ်ပေးနေတယ်ပေါ့ မီးလောင်တုန်းက ပစ္စည်းတွေက ဘာမှ မယူလိုက်ရဘူးလေ လူလွတ်အောင်ပဲ ထွက်ပြေးခဲ့ရတာဆိုတော့ ဘာမှမကျန်တော့ဘူးလို့ အဆိုပါ ဒေသခံဖြစ်သူက ပြောပါတယ်။

အရှေ့စည်းရွာ 

အရှေ့စည်းရွာသည် စစ်ကိုင်းတိုင်းဒေသကြီး အစွန်ဆုံးဒေသရှိ ကျေးရွာ တစ်ရွာဖြစ်ပြီး ကလေးမြို့တောင်ပိုင်းမှာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ရှားဖို၊ တင်သား၊ ရှေရှင်၊ လည်ခြား၊ ကုက္ကိုလ်၊ ရှားတောစတဲ့ ရွာတွေမှာလည်း မီးရှို့ခံခဲ့ရပြီး ရွာလုံးကျွတ်အိုးမဲ့အိမ်မဲ့ ဖြစ်တာနဲ့ အိမ်ထောင်စုပေါင်း ထောင်နဲ့ ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 


Related posts

Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026