ARTICLE

အာဏာသိမ်းမှု တစ်နှစ်ပြည့် အလုပ်သမားအရေး မေးမြန်းချက်

CoverLogo
1.2K Views

စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေထဲမှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေလည်း အင်တိုက်အားတိုက်ပါဝင်ပါတယ်။လက်ရှိအချိန်မှာတော့ လုပ်ငန်းခွင်ထဲမှာ သမဂ္ဂဖွဲ့ခွင့်မရှိတော့ သလို ယခင်အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေလဲ အလုပ်ပြုတ်တာနဲ့ စစ်ကောင်စီရဲ့ဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေရပါတယ်။ အာဏာသိမ်းမှုတစ်နှစ်ပြည့်ကာလမှာ မြန်မာနိုင်ငံက အလုပ်သမားသမဂ္ဂတွေကြုံတွေ့ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဌ ဒေါ်မိုးစန္ဒာမြင့်ကို  Myanmar Labour News က တွေ့ဆုံမေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ တစ်နှစ်ပြည့်သွားပါပြီ။ ဒီကာလမှာ ဖြတ်သန်းခဲ့ရတဲ့ အလုပ်သမားရေးရာအခြေအနေကို ဘယ်လို မြင်တွေ့ရပါသလဲ ။

ဖေဖေါ်ဝါရီ ၁ ရက်နေ့စစ်တပ်မှ မတရားအာဏာသိမ်းပြီးနောက် အထည်ချုပ် အလုပ်သမား
တွေဟာ လူအခွင့်အရေး နှင့် အလုပ်သမားအခွင့်အရေးများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခံခဲ့ရ
ပါတယ်။
အာဏာသိမ်းတဲ့ကာလမှာအထည်ချုပ်အလုပ်သမားတွေကြုံတွေ့နေရတဲ့ ပထမပြဿနာ
က အလုပ်သမားတွေရဲ့ဥပဒေပါအခွင့်အရေးများပြောင်ပြောင်တင်းတင်းချိုးဖောက်ခံရမှုနဲ့ CBAစာချုပ်ပါအ
ချက်များ ချိုးဖောက်မှုတို့ဖြစ်ပါတယ်။အဲ့ဒီချိုးဖောက်မှုများကအာဏာမသိမ်းခင်ကာလ ကလည်းရှိခဲ့ပါတယ်။
ဥပဒေပါအခွင့်အရေးများချိုးဖောက်ခံရမှုများတွေက 
ခွင့်များယူလို့မရတော့ခြင်း။ အိုတီကြေးမပေးတော့ခြင်း။ အလုပ်ထုတ်ပါကနစ်နာကြေးအပြည့်အဝ မပေးတော့ခြင်း ၊အပြစ်မရှိဘဲအလုပ်ထုတ်ခြင်းတို့ ဖြစ်ပါတယ်။


ဘရန်းတွေနဲ့အလုပ်ရှင်တွေကြားမှာသဘောတူညီချက်တွေရှိထားတဲလုပ်ငန်းခွင်ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်းအလုပ်ရှင်တွေမှလိုက်နာဆောင်ရွတ်ခြင်းမရှိတာကြောင့်ကိုဗစ်ကြောင့်သေဆုံးတဲ့အလုပ်သမားများလည်းရှိနေပါတယ်။

လစားဝန်ထမ်းများအားအပြစ်မဲ့အလုပ်ထုတ်တာမျိုး အဓ္ဓမလုပ်ဆောင်နေပြီး၊ နေ့စားဝန်ထမ်းများကိုလုပ်အား
ခဈေးပေါပေါနဲ့အနည်းဆုံးလုပ်အားခအပြည့်အဝမပေးပဲအလုပ်ရှင်များမှလူပါးဝစွာဖြင့် ခန့်ချင်သလိုခန့် ပြုတ်ချင်သလိုပြုတ်လုပ်ဆောင်နေခြင်းကိုလည်းအလုပ်သမားများစွာခံနေရတာ ဖြစ်ပါတယ်။


- CBA စာချုပ်ပါအချက်များ ချိုးဖောက်ခံရမှုများမှာ -
CBA မှာသဘောတူညီထားသည့်အချက်များဖြစ်တဲ့အကျိုးစီးပွားရပိုင်ခွင့်များမပေးတော့ခြင်းဖြစ်ပါတယ်။ ပေးမယ်လို့သဘောတူထားတဲ့ ရက်မှန်ကြေး၊ ဂရိတ်ကြေး၊ ကျွမ်းကျင်ကြေးတွေကို မပေးတော့ပါဘူး။
-အာဏာသိမ်းမှု အကျိုးဆက်အနေဖြင့် အလုပ် သမားထု၏ အယုံအ ကြည်ကင်းမဲ့ မှု၊ အုပ်ချုပ်ရေး ယန္တယား ရဲ့ဖိနှိပ်မှုကြောင့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်ထားသည့် အလုပ်သမားရေးရာ ဖြေရှင်းမှု ယန္တယားဟာလည်း လုံးဝအသုံးမဝင်တော့ပါဘူး။


၂။ဒုတိယပြဿနာကအလုပ်သမားသမဂ္ဂတွေကိုရည်ရွယ်ချက်ရှိရှိဖိအားပေး ဖြိုခွင်းနေခြင်းဖြစ်ပါတယ်။
လက်ရှိသမဂ္ဂများ၏အခြေအနေများကတော့ စကစအာဏာသိမ်းပြီးကတည်းကသမဂ္ဂတွေရဲ့လုပ်ငန်းဆောင်တာတွေလုံးဝလုပ်လို့မရတော့ပါ။ အလုပ်ရှင် တွေမှ စကစကိုသတင်းပေးမှုတွေကြောင့်ထွက်ပြေးတိမ်းရှောင်ရင်း အလုပ်ပြုတ်သွားတဲ့  သမဂ္ဂခေါင်းဆောင် များစွာရှိ နေပါတယ်။
စကစရဲ့ ဖမ်းဆီးမှုတွေကြောင့်သမဂ္ဂတွေဟာ ထွက်ပြေးတိမ်းရှောင်စဉ်ခွင့်(ခွင့်)့မရ၍အလုပ်ပြုတ်ပြီးအလုပ်လက်မဲ့ ပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါ
တယ်။ လက်ရှိလုပ်ငန်းခွင်တွေမှာလည်းသမဂ္ဂတွေအနေနဲ့သမဂ္ဂရဲ့လုပ်ငန်းဆောင်တာများလုပ်ခွင့်မရှိတော့ပါဘူး။

အလုပ်ရှင်တွေကအလုပ်သမားတွေအပေါ်ဂုတ်သွေးစုပ်အမြတ်ထုတ်လျက်ရှိပါတယ်။အလုပ်သမားတွေကိုယခင်လုပ်ရတဲ့အလုပ်တွေထက်ပိုခိုင်းတာတွေရှိတယ်။ တောင်းတဲ့စံချိန်မပြည့်ရင် လုပ်ခလစာတွေဖြတ်တောက်တာတွေရှိတယ် လုပ်ငန်းခွင်အတွင်းနေ့စားလုပ်သားတွေအများအပြားရှိတယ် ။ကလေးလုပ်သားတွေလည်းများစွာရှိပြီးကလေးလုပ်သားတွေကိုဖိအားပေးခိုင်းစေမှုတွေရှိတယ်။

လက်ရှိအလုပ်သမားတွေရဲ့ လူမှုဖူလုံရေး။ အလုပ်သမားပြသနာဖြေရှင်းရေး။ အနည်းဆုံးလုပ်ခလစာကိစ္စ ရပ်တွေမှာ ဘယ်လိုအခြေအနေမျိုးတွေ ဖြစ်ပေါ်နေပါသလဲ။

အလုပ်သမားတွေ အရင်လိုဖူလုံရေး ဆေးခွင့် အလွယ်တကူယူသုံးလို့မရဘူး။ လစဉ်ဖူလုံရေးကြေးပေးသွင်း
နေရပေမယ့် ဆေးခွင့်ယူထားသည့်ရက်တွေအတွက် ဖူလုံရေးရုံးမှ ပေးရမည့် ၆၀ %ကို အလုပ်သမားတွေကို
အရင်လိုချက်ချင်းမပေးဟုအလုပ်ရှင်တွေကအကြောင်းပြပြီး စက်ရုံမှထုတ်ပေးရန်တာဝန်ရှိသည့် ၄၀%
ကိုသာအလုပ်သမားများကိုထုတ်ပေးသည့်အတွက်အလုပ်သမားများစွာအခက်အခဲရှိနေပါတယ်။ တကယ်ဆို အလုပ်သမားများ၏ဖူလုံရေးခံစားခွင့်ကို အလုပ်ရှင်မှ လစဉ်ဖူလုံရေးကြေးဆောင်ချိန်တွင် တစ်ခါတည်းနုတ်
ပြီးဆောင်လို့ရပါတယ်။


အများစုစက်ရုံတွေမှာတော့အလုပ်သမားတွေရဲ့လုပ်ခလစာတွေထဲကဖူလုံရေးကြေးတွေကိုတော့လစဉ်အမြဲဖြတ်တောက်နေပြီးအလုပ်သမားတွေနေမကောင်းလို့ဖူလုံရေးဆေးခန်းသွားလို့ဆေးခန်းကခွင့်ပေးလိုက်တယ်ဒါပေမယ့်ဆေးစာရွက်ကိုစက်ရုံဘက်ကိုပေးလဲ အလုပ်သမားတွေရဲ့လစာကိုဖြတ်တာပါပဲ ဆေးခွင့်လို့သာအမည်တွင်ပြီးအကျိုးခံစားခွင့်ကဘာမှမရှိဘူးလစာဖြတ်လို့သွားရင်အလုပ်ရှင်တွေဘက်အမြဲပြောတဲ့စကားကတိုင်ချင်တဲ့ဆီသွားတိုင် မည်သည့်ခွင့်မဆိုယူပါကလည်း အခြားလစာခံစားခွင့်များစွာ
လည်းဖြတ်တောက်ခံရသည့်အပြင် ဝမ်တိန်များလည်း ဖိအားပေးထိုးခိုင်းနေတာပါ။ အာဏာသိမ်းမှုအကျိုး
ဆက်အနေဖြင့် အလုပ်သမားထု၏ အယုံအကြည်ကင်းမဲ့မှု၊ အုပ်ချုပ်ရေးယန္တရား၏ ဖိနှိပ်မှုများကြောင့် အလုပ်ရှင်၊ အလုပ်သမားပဋိပက္ခများကိုဖြေရှင်းရန် ရည်ရွယ်ထားသည် အလုပ်သမားရေးရာ အငြင်းပွားမူ့
ဖြေရှင်းရေးယန္တရားမှာလည်း လုံးဝ အသုံးမဝင်တော့ဘူးပါ။ မြေပြင်အလုပ်သမားပြသာနာဖြစ်လို့
ဖြေရှင်းမည့်ဆိုရင်လည်းနိုင်ငံရေးမတည်ငြိမ်မူကိုအကြောင်းပြခြိမ်းခြောက်မူတွေပြုလုပ်ပြီး တိုင်ချင်ရာတိုင်
ပြောပြီးအခွင့်ရေးချိုးဖောက်မူတွေဆက်တိုက်လုပ်ဆောင်နေပါတယ်။  


ယခင်ဆို စက်ရုံတွင်းအလုပ်သမားသမဂ္ဂ
ကခေါင်ဆောင်တွေညှိနှိုင်းပြီးဖြေရှင်းတယ် အဆင်မပြေပါကအလုပ်သမားဝန်ကြီးဌာနတွေမှာဖြေရှင်းလို့ရတယ် အခုကျ တိုင်စရာဝန်ကြီးဌာနတွေရုံးများကမဖြေရှင်းပေးတော့ အလုပ်သမားဖြေရေးတွေဖြေရှင်းရာမှာ မကျေနပ်တိုင်ချင်တဲ့နေရာတိုင်ဆိုပြီးဂရုမစိုက်ပဲအလုပ်ရှင်တွေလုပ်ချင်သလိုလုပ်နေတာကြုံတွေ့နေရပါတယ်။ 
ဥပမာ အိုတီ အတင်းအကျပ်ခေါ်တာ အထည်စံချိန်ပိုတောင်းတာ ဂိတ်ပတ်မပေးတော့တာ ဥပဒေပါအခွင့်ရေးများကိုအားလုံးချိုးဖောက်တာကိုအလုပ်သမားများစွာခံစားနေကြရတယ်။
အနည်းဆုံးလုပ်ခလစာအခြေနေတွေမှာ လခစား ၄၈၀၀ နေ့စား  ၃၆၀၀ နှုန်း ပေးပါတယ်။လက်ရှိကုန်စျေးနှုန်းတွေနဲ့ မလောက်ငှဘူးပေါ့။ နေစားတွေပိုဆိုး တပတ်ရတဲ့လစာ ၄၀၀၅၀ ကျပ် နေဖို့ စားဖို့ပဲကိုတစ်ဦး အတွက်သာဖူလုံ ပြီးမိသားစုတွေ အတွက်  နေရေးစားရေး မလောက်ငှဘူးပေါ့  အလုပ်ရှင်တွေမှလည်း
ဈေးပေါပေါဖြင့် နေ့စားတွေပဲခေါ်ပြီး ခိုင်းနေပါတယ်။ 


သူတို့မလိုတဲ့အချိန် နေ့စားတွေကို အချိန်မရွေးပြုတ်ပါတယ်။
အလုပ်သမားတွေအတွက်သက်မှတ်ပြဌာန်းထားသည့်အနည်းဆုံးလုပ်အားခတိုးဖို့ဆို
လည်း ဘယ်လိုမှမဖြတ်နိုင်တော့ပါ။ စစ်အာဏာရှင်လက်ထက်မှာ အလုပ်သမားတွေဟာကျွန်စနစ်လုပ်ငန်း
ခွင်တွေရယ် ဖူလုံမူမရှိတဲ့လုပ်ခလစာတွေရယ်နဲ့ ရယ် အဆိုးဝါးဆုံးအခြေအနေတွေကိုရင်ဆိုင်နေကြရတယ်။

အလုပ်အကိုင်ပေါင်း သန်းနဲ့ချီဆုံးရှုံးခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ကပြောဆိုထားပါတယ်။ အလုပ်သမားတွေရဲ့ အလုပ်အကိုင်ရှားပါးမှုနဲ့ အတူ တပါးတည်းဘယ်လို ပြဿနာမျိုးတွေကို တွေ့ရှိရပါသလဲ။

အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွေဟာဆိုရင် အရှေ့မှာဖြေကြားခဲ့သလို လုပ်ငန်း
ခွင် အခွင့်အရေးချိုးဖောက်မှု ဖိနှိပ်မှု ခြိမ်းခြောက်မှု အဓ္ဓမလုပ်အားခိုင်းစေမှု လုပ်အားခေါင်းပုံဖြတ်မှုတွေကကြီးမားစွာကြုံတွေနေရပြီးခုချိန်ထိပါပဲ။  စက်ရုံ တွေပိတ်တာ ၊ စစ်အာဏာရှင်စနစ်အောက်မှာ အလုပ်လုပ်ရာတွင်လုံခြုံမူ့မရှိခြင်းတွေကြောင့်အလုပ်သမားများသည် ဇာတိရပ်ရွာသို့ပြောင်း၍မူရင်းလက်လုပ်များလည်းလုပ်ကိုင်ကြတဲ့ အလုပ်သမားများလည်းရှိကြပါတယ်။ တစ်ချို့ကလည်းမတရားတဲ့လုပ်ငန်းခွင်တွေမှ ထွက်ပြီး တစ်နိုင်တစ်ပိုင်ကိုယ်ပိုင်လုပ်ငန်းလေးတွေလုပ်ကိုင်ကြပေါ့။  

စက်ရုံတွေကိုယာယီအပိတ်ပြပြီး လစားဝန်ထမ်းတွေကိုပြုတ်နေ့စားဝန်ထမ်းတွေကို နေ့စားလုပ်အားခတောင်အပြည့်အဝမပေးပဲခန့်ချင်ခန့်ပြုတ်ချင်ပြုတ်ကိုအလုပ်ရှင်များလုပ်ကိုင်နေမှုများကိုအလုပ်သမားများစွာရင်ဆိုင်နေကြရပါတယ်။လုပ်ငန်းခွင်ထဲမှာတော့ မလုပ်နိုင်သည့်စံချိန်ကိုအတင်းအားဓ္မတောင်းဆိုခိုင်းတယ်။ လခစားအလုပ်သမားတွေကို အကြောင်းပြချက်မဲ့ မတရားအလုပ်ထုတ်ခံရတယ်။နေ့စားအလုပ်သမားအဖြစ်နဲ့အလုပ်ပြန်ခန့်ပါတယ်။

ဒါကြောင့်ယခုဆိုရင် စက်ရုံတိုင်းမှာ လခစားအလုပ်သမားနည်းပြီး နေ့စား အလုပ်သမားတွေများလာတယ်။ နေ့စားအလုပ်သမားကို otကြေးမပေးပဲအ ဓ္မခိုင်းစေတယ်အလုပ်နားရက်တွေ မပေးအောလင်း/အောနိုက်/တွေဆင်းခိုင်း နေမကောင်းလို့အလုပ်မလာနိုင်ရင် အလုပ်ထုပ်/လူသစ်နေ့စားပြန်ခန့် ဒီလိုနဲ့လုပ်ငန်းခွင်ထဲမှာ အဆိုးရွားဆုံးကြုံတွေ့ခဲ့ရတယ်။ အလုပ်သမားတွေဟာ စစ်ကျွန်စနစ်အောက် ကိုပြန်ရောက်သွား ကြပြီးအသက် ရှင်သန်ရေး အလုပ်လုပ်ကိုင်နေကြရပါတယ်။


ပြည်တွင်းအလုပ်သမားအရေး ဆောင်ရွက်ပေးမှုနဲ့ပတ်သက်ပြီးတေ့ာ ဘယ်လိုစိန်ခေါ်မှုတွေ
ရှိနေလဲ။

မြန်မာပြည်မှာအလုပ်သမားတွေရဲ့ အခွင့်အရေးဟာလုံးဝမရှိတော့ပါဘူး။ အလုပ်သမားတွေရဲ့ ဉပဒေဆိုင်ရာ
ရပိုင့်ခွင့်တွေ နစ်နာမူ့တွေတွေအတွက် ကူညီဖြေရှင်းနေတဲ့ အလုပ်သမားအဖွဲ့ချုပ်တွေဟာဆိုရင်လည်း စစ်ကောင်စီရဲ့ မတရားအသင်းကြေငြာချက် ၊ မတရားသဖြင့်ပုဒ်မ ထပ် ဖမ်းဆီးမူ့တွေကြောင့်ထွက်ပြေးတိမ်း
ရှောင်နေကြရတယ်။  

အလုပ်သမားအရေးဆောင်ရွက်ရင်လည်း အလုပ်ရှင်တွေရဲ့ ခြိမ်းခြောက်မူ့တွေကြောင့်
သမဂ္ဂများမှာလည်း အလုပ်သမားပြသာနာများကူညီဖြေရှင်းခွင့်မရှိခြင်း ၊ အလုပ်သမားများကိုယ်တိုင်နစ်နာမူ့
များကိုသွားရောက်တိုင်ကြားရာတွင်လည်း ထိရောက်သောဖြေရှင်းမူ့များ မရရှိပဲ ဘောပုတ်သလိုပုတ်ပြီးလွတ်
တာမျိုးတွေရှိပြီး တာဝန်ယူဖြေရှင်းပေးမူ့မရှိတာတွေကြောင့်နစ်နာသွားသည့်အလုပ်သမားများစွာလည်းရှိနေ
ပါတယ်။

အလုပ်သမားအရေးတွေနဲ့ပတ်သက်ပြီး စစ်အာဏာရှင်လက်အောက်မှာ အလုပ်သမားအခွင့်အရေး
ဆိုင်ရာ အကျိုးစီးပွားဆိုင်ရာ  ဖြေရှင်းမူ့ယန္တယားလည်းအသုံးမဝင်တော့သလို ကူညီဖြေရှင်းပေးသည့်အလုပ်
သမားသမဂ္ဂတွေအလုပ်သမားအရေးကူညီသည့်အဖွဲ့ချုပ်တွေအနေနဲ့လည်းအလုပ်သမားတွေရဲ့အခွင့်အရေးတွေကို လုပ်ခွင့်မရတော့ပါ။ စစ်အာဏာရှင်စနစ်အပြီးတိုင် အမြစ်ပြတ်အောင်မြင်မှာသာလျှင်ကျွန်မတို့
အလုပ်သမားတွေရဲ့ လူမူ့ဘဝတွေကိုအားလုံးပြန်လည်တည်ဆောက်ရမှာြဖစ်ပါတယ်။

ပြည်တွင်းအလုပ်သမားအရေးဆောင်ရွက်ပေးတာနဲ့ပတ်သက်ပြီးတော့ဘယ်လို့စိတ်ခေါ်မူတွေရှိသလဲဆိုရင် အရင်လို လွတ်လပ်စွာ ကူညီပေးလို့မရပဲ အကြံညာဏ်ပေးတာမျိုးတွေ ဖြင့်သာလုပ်ဆောင်ပေးနေရပါတယ်။

ကူညီပေးတဲ့အဖွဲ့တွေကိုလည်း စစ်ကောင်စီကို လာဖမ်းခိုင်းတာမျိုးတွေ အလုပ်ရှင်တွေဘက်ကလုပ်ဆောင်နေတာတွေရှိနေပါတယ်။ လက်ရှိအလုပ်သမားအဖွဲ့စည်းဖွဲ့စည်းမယ်ဆိုရင်လည်း စစ်ကောင်စီဖြင့်ခြိမ်းခြောက်တာမျိုးတွေပြုလုပ်ကြပါတယ် တချို့အလုပ်သမားခေါင်းဆောင်တွေဆို ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေရှိပါတယ်။ 

အလုပ်ရှင်တွေကနိုင်ငံရေးအကြောင်းပြပြီး စက်ရုံအတွင်းအလုပ်သမားအဖွဲ့စည်းဖွဲ့ရန်အသံကြားတာနဲ့ ဦးဆောင်သူတွေ ဥပဒမဲအလုပ်ထုတ်ပြစ်တာတွေ အလုပ်တွေတအားပိုခိုင်းပြီး စိတ်ညစ်အောင်လုပ်ပြီးထွက်အောင်လုပ်ပြစ်တာမျိုးတွေလုပ်ဆောင်နေပါတယ်။ အလုပ်သမားခေါင်းဆောင်တွေမှာဆို အဖမ်းခံရသူတွေရှိသလိုထောင်ကျနေသူတွေလည်းရှိလာပါတယ်။ ပြီးတော့လက်ရှိဖွဲ့စည်းပြီးသား သမဂ္ဂတွေကခေါင်းဆောင်တွေအသိမှတ်မပြုပဲ သူတို့စည်းကမ်းတွေကို ထုတ်ချင်သလိုလုပ် ခိုင်းချင်သလိုခိုင်း ပေးချင်သလိုပေး အရာရာသူတို့သဘောအတိုင်းခိုင်းစေပြီးမလုပ်နိုင်ထွက်ဆိုတာတွေပါပြောလာတာတွေရှိပါတယ်။ 

အလုပ်လက်ရှိအလုပ်သမားရေးလုပ်နေသူမှာဆိုရင် အလုပ်ရှင်ကအသိမှတ်မပြုတာခံရသလို စစ်ကောင်စီဖြင့်ခြိမ်းခြောက်တာမျိုးတွေရှိနေပါတယ်စိန်ခေါ်မူတွေအခက်ခဲတွေအရမ်းများနေပါတယ်အခုချိန် လက်ရှိမြေအောက်အနေထားနဲ့ရတဲ့ဘက်က ကူညီပေးနေရတာတွေ ဖြင်လှုပ်ရှားနေရပါတယ်။အခုလက်ရှိစိန်ခေါ်မူတွေကတော့ စစ်ကောင်စီဖြင့်ခြိမ်းခြောက်ပြီးအလုပ်ရှင်တွေကပြောလာတာတွေ ဥပဒေမဲအလုပ်ဖြုတ်ခြင်းခံရတာတွေရှိနေပါတယ်။

ဒီကာလမှာ ပြည်တွင်း ပြည်ပ ရွှေ့ပြောင်းသွားလာမှုတွေလည်း ရှိနေပါတယ်။ပြည်ပထွက်ခွာဖို့ ကြိုးစားသူတွေ မကြာခန ဆိုသလို ဖမ်းဆီးခံနေရတာတွေ့နေရပါတယ်။ဒါကိုရော အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘယ်လို ကိုင်တွယ်သင့်တယ်လို့ ထင်မြင်ပါသလဲ ။

အထူးသဖြင့် ဖမ်းဆီးခံရတဲ့ သတင်းတွေကို ကြည့်ရင် ထိုင်းနိုင်ငံမှာ ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ပြီးတော့ ထိုင်းအစိုးရကလည်း အမျိုးသားညီညွတ်ရေး အစိုးရကို တရားဝင်အသိအမှတ်ပြုထားတာမဟုတ်တော့ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး NUG ဖြေရှင်းနိုင်မှုက အကန့်အသတ်နဲ့ ရှိမယ်ထင်ပါတယ် ဒါပေမယ့် ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက် NUG အနေနဲ့က တရားမဝင်ဖြစ်နေတဲ့ အလုပ်သမားတွေကို တရားဝင် မှတ်ပုံတင်လို့ရတဲ့ အခြေအနေတစ်ခုတော့ ဖိအားပေးတာမျိုး လုပ်လို့ရမယ်ထင်တယ်။ ပြီးတော့ လုံ့ခြုံတဲ့ နယ်စပ်ဖြတ်ကျော် အလုပ်အကိုင်ရှာဖွေရေးအစီအမံတွေအကြောင်းကို ပြည်သူတွေ သိအောင် ကူညီပေးရမယ် လုပ်ဆောင်ပေးလို့ရမယ်လို့ထင်ပါတယ်။

ဖြည့်စွက်ပြောကြားချင်တာရှိပါသေးသလား။

မြန်မာနိုင်ငံတွင်အာဏာသိမ်းကာလ လုပ်ငန်းခွင်များတွင် ဖိနှိပ်မူ့ မတရားခိုင်းစေမူ့ ခြိမ်းခြောက်မူ့ ဥပဒေအကာကွယ်မဲ့နေသောအလုပ်သမားများသည်စစ်အာဏာရှင်စနစ်နှင့်စစ်အုပ်ချုပ်ရေးအောက်တွင် စစ်
ကျွန်ဘဝကလွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုဂရေစီအမြန်ဆုံးရရှိရန်အတွက်စစ်အာဏာရှင်ကိုတိုက်ရိုက်
သော်လည်းကောင်း အထောက်ပံ့ဝင်နေသည့်ငွေပင်းငွေရင်းများကိုဖြိုချရန်အတွက်အလုံးစုံစီးပွားရေး ပိတ်ဆို့အရေးယူမှုု့ကို  ပြုလုပ်ရန်တောင်းဆို တိုက်တွန်းလျက်ရှိပါတယ်။

အလုံးစုံစီးပွားရေးပိတ်ဆို့ အရေးယူတောင်းဆိုမှု့ အားထောက်ခံရန်နှင့် ကြုံတွေ့လာမည့်အခက်အခဲများနှင့် စိန်ခေါ်မှုများကို  အလုပ်သမားထုတွေအနေနဲ့  သွေးစည်းညီညွှတ်မှုဖြင့်  ထောက်ခံ ကြဖို့ တောင်းဆိုတိုက်တွန်းအပ်ပါတယ်။

ကျွန်ုတို့မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်အနေဖြင့် စစ်အာဏာရှင်စနစ် ပျက်သုဥ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်နိုင်သည့်အချိန်အထိ ကျရာနေရာမှ ဆက်လက်ဆန့်ကျင်တော်လှန်၊ပါဝင်သွားမည်ဖြစ်ကြောင်း အလုပ်သမားရဲဘော်အပေါင်းတို့အားအသိပေးကြောင်းကြားအပ်ပါတယ်။

FGWM ဥက္ကဌ ဒေါ်မိုးစန္ဒာမြင့် 

 

ဟုတ်ကဲ့ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

 


Related posts

Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024
Cover
လုပ်သားအင်အားရှားပါးမှုကြောင့် ကလေးလုပ်သား အသုံးပြုမှုပိုများလာ
Apr 15, 2024
Cover
ဒေါ်ခိုင်ဇာအောင်အား Arthur Svensson Prize ချီးမြှင့်
Apr 15, 2024
Cover
Myanmar Dongxin စက်ရုံတွင် လိင်ပိုင်းဆိုင် ထိခိုက်စော်ကားမှုတွေ ဖြစ်ပွားနေ
Apr 13, 2024
Cover
လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ကျူးလွန်နေ
Apr 13, 2024
Cover
ကိုယ်ဝန်ဆောင်အလုပ်သမားတွေ မီးဖွားခွင့် ခံစားခွင့်ဆုံးရှုံးနေရ
Apr 13, 2024
Cover
သင်္ကြန်ပိတ်ရက်အတွက် အလုပ်သမားများ အချိန်ပို ဆင်းပေးရ
Apr 13, 2024
Cover
အလုပ်ပြန်ခန့်သည့် စာချုပ် ချုပ်ခဲ့ပြီး ၃ ရက်အကြာမှာ အလုပ်သမားအား Myanmar L&K စက်ရုံက အလုပ်ထုတ််
Apr 13, 2024