NEWS

​ဂေါ်ဇီလာခြင်​ဆေးစက်ရုံကဝန်ထမ်းတစ်ဦး၏ ပေးစာ

CoverLogo
2.2K Views

 

 

​ဂေါ်ဇီလာခြင်​ဆေးစက်ရုံကဝန်ထမ်းပါ။​ရွှေပြည်သာစက်မှုဇုန် ၁ က​စက်ရုံမှာကိုယ်နဲ့မဆိုင်တဲ့အလုပ်တွေကိုအတင်းအဓမ္မခိုင်းပါတယ်။ မလုပ်ချင်ရင်ထွက် တခြားဌာနကလူထွက်သွားရင် ဒီဘက်ဌာနကလူကိုအလုပ်နှစ်ခုလုပ်ခိုင်းတယ်။

လူသစ်မထည့်ဘူး ot တွေမပေးဘူး။ အဆောင်ပေးထားတယ်ဆိုပြီး ot ​ကြေးကို1000 ပဲပေးတယ်။အဆောင်ခ 50000 ဖြတ်တယ်။ အပြင်နေနဲ့ ot တန်းတူမရဘူး။

နှစ်ကြေးမရ။ လုပ်သက်ခွင့်မရ။ တခြားကုမ္ပဏီဆက်ပြာ အလုပ်ကိုလဲ ခြင်ဆေးကလူကိုလုပ်ခိုင်းတာကအလုပ်သမားဥပဒေကိုမလိုက်နာဘူး။ တိုင်ချင်ရာတိုင်တိုင်ရင်ဖြုတ်မယ်ဆိုပြီးလက်ထောက်မန်နေဂျာကပြောတယ်။

နိုင်ငံတော်အာဏာမသိမ်းခင်တုန်းလစာ၂၅၀၀၀၀ လောက်ရတာခုဆိုရင် ၁၇၀၀၀၀ ပဲရတော့တာ ၅လရှိခဲ့ပြီး ဌာနတာဝန်ခံတွေကလဲသူတို့အတွက်ပဲသူတို့ကြည့်ကြတာ အလုပ်သမားဘက်မကြည့်ကြဘူး။

အားလုံးကအဆောင်နေ ၆၀၀ လောက်ရှိကြတယ်။လုပ်သက်တွေ ၅နှစ်ကျော်ပြီးလစာမတိုးပေးဘူးတိုးလဲ ၁၀၀၀၀ ပဲအဲ့ထက်မပိုဘူး။

​အလုပ်သမားတွေကိုအရမ်းဖိနှိပ်တာမခံနိူင်တော့ဘူးဗျ။ လုပ်သက် ၅ နှစ်ကျော်ခဲ့ပီ ot ဆို ၁၀၀ အထက်မှာချည်းပဲ ခုဆိုနာရီ ၂၀ တောင်မရဘူး။

တစ်နေ့လုပ်ရတဲ့အလုပ်ကအရမ်းများတယ်။ otမပေးဘူးမန်နေဂျာတွေကဖိအားတွေပေးတယ်။ဆူတယ်
ကြောက်အောင်အမျိုးမျိုးတွေပြောတယ်။ အလုပ်ထုတ်ပစ်မယ်။ စာရေးတင်ပြစ်မယ်။အကုန်ပြုတ်ကုန်မယ်။

ကိုလုပ်တဲ့အလုပ်နဲ့ရတဲ့လစာကတန်တူမရှိဘူးမတရားပြောဆိုခိုင်းတာအလုပ်နားရင်လဲခွင့်မပေးဘူး။

(ဒါက​တော့ အလုပ်သမားတစ်ဦး​ပေးပို့လာတဲ့စာပါ။
အလုပ်သမား​တွေအ​နေနဲ့ မိမိတို့လုပ်ငန်းခွင်မှာ အခွင့်အ​ရေးချိုး​ဖောက်ခံရတာ၊ တရားမျှတမှုမရှိပါက စာ​ရေးသား​ပေးပို့နိုင်မှာဖြစ်ပါတယ်။

​ပေးပို့ရမယ့်လိပ်စာက​တော့ myanmarlabournews@gmail.com ကို ဖြစ်​စေ၊ Myanmar Labour News FB messanger ကဖြစ်​စေ ​ပေးပို့နိုင်ပါတယ်။)


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026