NEWS

၅ ရက်အတွင်း ထိုင်းနိုင်ငံ သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် မြန်မာ ၆၀ ကျော် အဖမ်းခံရ

CoverLogo
406 Views
နိုဝင်ဘာ ၁ရက် မှ ၅ရက် အတွင်း ထိုင်းနိုင်ငံ သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၆၀ ကျော် အဖမ်းခံရတယ်လို့ ထိုင်းသတင်းတွေ အရ သိရပါတယ်။
 
နိုဝင်ဘာ ၃ ရက် က ချွမ်ဖွန်ပြည်နယ် မောင်းခရိုင် အဝေးပြေးလမ်းမကြီးတွင် ပစ်ကပ်ကားဖြင့် လိုက်ပါလာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၆ဦးနဲ့ချိုင်းနတ်ခရိုင် တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၇ဦး၊နိုဝင်ဘာ၎ရက်နေ့တွင် တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်မှာ နယ်စပ်ဖြတ်ကျော်လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား၈ဦးနဲ့ နိုဝင်ဘာ ၅ရက်နေ့မှာ ထိုင်း-မလေးရှားနယ်စပ် တွင် မလေးရှား နိုင်ငံ ကိုတာဘာရူးသို့ သွားရောက်ဖို့ ရေကြောင်းကနေလှေဖြင့် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား၅ဦးတို့ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းအာဏပိုင်များရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 
 
ဖမ်းမိခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံ နဲ့ မလေးရှား နိုင်ငံ တို့မှာ အလုပ် လုပ်ကိုင် လိုတဲ့ ရည်ရွယ်ချက်နဲ့ ပွဲစားတွေကို အခကြေးငွေ ထိုင်းဘတ်ငွေ ၁၅၀၀၀ မှ၂၀၀၀၀ ကျော်အထိ ပေးချေပြီး လာရောက် ကျရာ ကနေ အဖမ်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သား​တွေကို ပန်းရောင်ကတ် (ဘတ် )ပြုလုပ်ပေးမယ်လို့ ထုတ်ပြန်ကြေညာ ပြီးနောက်ပိုင်း ထိုင်းနိုင်ငံသို့ ပြည်တွင်းမှ မြန်မာရွှေ့ပြောင်း လုပ်သားတွေနယ်စပ်ဖြတ်ကျော် လာမှု ပိုများလာသလို အဖမ်းခံရတာတွေ လည်း နေ့တိုင်းနီးပါး ဖြစ်လာတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီသူတွေ ထံမှ သိရပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ လအတွင်းမှာလည်း ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက် တာကြောင့် မြန်မာရွှေ့ပြောင်း လုပ်သား ၁၀၀၀ နီးပါး အဖမ်းခံရကြောင်း သိရပါတယ်။
 
""ဘတ် လုပ်ပေးမှာက ရက်ပဲ ရွှေ့တာ လုပ်ပေးဖို့က သေချာနေတော့ နည်းအမျိုးမျိုးနဲ့ ထိုင်းကို ဝင် တဲ့ သူ အရင်ထက်ပိုများ လာတာ ထိုင်းဘက်ကလည်း ဖမ်းဆီးမှု တွေ ပိုတင်းကြပ်တော့ နေ့တိုင်းလိုလို အောက်လမ်းက ဝင်တဲ့ မြန်မာလုပ်သား အဖမ်းခံရတဲ့ သတင်းတွေ တတ်နေတဲ့သဘောဘဲပြည်တွင်းမှာကလည်း စစ်မှုထမ်းရယ် နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိတော့ ပြည်ပ ကို ရသလို ထွက်နေကြတာ""လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီသူတစ်ဦးကပြောပါတယ်။
 
ထိုင်းအလုပ်သမားဝန်ကြီးကလည်း လူသစ် ပန်းရောင်ကတ်ပြုလုပ်ပေးမယ့် အစီစဉ်ကို ရက်အတိအကျ ပြန်လည် ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် မကြာမီ ပြုလုပ်ပေးနိုင်တော့မယ်လို့ အသိပေးထားပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026