NEWS

၄၈ နာရီ အတွင်း ပဲခူးမြစ်နှင့်ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ဟု မိုးဇလ သတိပေး

CoverLogo
480 Views
 
လာမယ့် ၄၈ နာရီ အတွင်း ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်နဲ့ ချင်းတွင်းမြစ်ရေ ဟာ ဟုမ္မလင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
 
ဇွန်လ ၂၁ရက် ၁၂နာရီ ခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၅ ပေခွဲခန့်မှာ ရောက်ရှိနေသလို ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ် ၅ပေကျော် မှာ ရောက်ရှိနေတယ်လို့ မိုးဇလ က ထုတ်ပြန်ထားပါတယ်။
 
၎င်းမြစ်ရေတွေဟာ လာမယ့် ၂ရက် အတွင်း စိုးရိမ်ရေမှတ် ကို ရောက်ရှိ လာနိုင်တဲ့ အတွက် ဟုမ္မလင်းမြို့နယ်နဲ့ ပဲခူးမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေနဲ့ ကြိုတင်သတိပြုနိုင်ရန်၊ မြစ်ရေမြင့်တက်လာပါက အချိန်မီ ရှောင်ရှားကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးနှိုးဆော်ထားပါတယ်။
 
ဇွန်လ ၂၀ရက်က လည်း စစ်တောင်းမြစ်ရေ ဟာတောင်ငူ မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ၂၄နာရီ အတွင်း ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးခဲ့ပြီး တောင်ငူမြို့နယ် အတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့လို့ ဒေသခံလူမှုကူညီရေးအသင်းတွေက ပြည်သူတွေကို ဘေးကင်းရာ ပြောင်းရွှေ့ပေးလျက်ရှိပါတယ်။
 
ဇူလိုင် ၂၁ ရက် နေ့လည် ၂နာရီအချိန် မြစ်ရေ အခြေနေ ထုတ်ပြန်ချက်မှာတော့ စစ်တောင်းမြစ်ရေဟာလာမယ့် ၂၄ နာရီ အတွင်း ၁၉ စင်တီမီတာမြင့်လာမှာဖြစ်ပေမယ့် တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် အောက်မှာသာရှိသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026