NEWS

၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့

CoverLogo
32 Views

မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အဓမ္မစစ်မှုထမ်းခိုင်းစေမှု ဖိအားတွေကြောင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လတာကာလအတွင်း မြန်မာနိုင်ငံသား ၆၈၇,၀၀၀ ခန့် (၇ သိန်းနီးပါး) ဟာ ထိုင်းနိုင်ငံထဲကို နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာအဖွဲ့အစည်း (IOM) က သတင်းထုတ်ပြန်ပါတယ်။ 


ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူ တွေထဲက အများစု မှာ တရားဝင်စာရွက်စာတမ်းများ မပြည့်စုံသူတွေ ဖြစ်ပြီး  စစ်ပွဲများနဲ့ စစ်မှုထမ်းဥပဒေအရ ခေါ်ဆောင်ခံရမှု များကို တိမ်းရှောင်ရန်၊ အလုပ်အကိုင်ရှာဖွေရန်၊ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်နဲ့ မိသားစု၊ဆွေမျိုးများထံ လာရောက်ရန်တို့  ဖြစ်တယ်လို့ ဆိုပါတယ်။ 


အချို့ မြန်မာနိုင်ငံသားတွေကတော့  ထိုင်းနိုင်ငံကို ကြားခံလမ်းကြောင်းအဖြစ် သုံးပြီး မလေးရှားနိုင်ငံထဲ ဆက်လက်ဝင်​ရောက်ဖို့ ကြိုးပမ်းကြရာမှာ ယခုနှစ်အတွင်း ထိုင်း-မလေးရှားနယ်စပ် လူမှောင်ခိုမှုဖြစ်စဉ်တွေအတွင်း ဖမ်းဆီးခံရသူတွေထဲ မြန်မာနိုင်ငံသား အများဆုံးဖြစ်နေတယ်လို့ IOM ရဲ့ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ 


ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ လည်း မလေးရှားနိုင်ငံသို့  ပင်လယ်ရေကြောင်းကနေ  သွားရာမှ လမ်းခရီးအတွင်း သေဆုံး၊ ပျောက်ဆုံးနဲ့ ဖမ်းဆီးခံရမှုတွေ နှစ်စဉ်တိုးလာနေပြီး ၂၀၂၆ ခုနှစ်မှာလည်း အခြေအနေ ဆိုးရွားနေဆဲ ဖြစ်နေတယ်လို့အသိပေးထားပါတယ်။ 


ဒုက္ခသည်စခန်းတွေမှာ လူသားချင်းစာနာမှု အကူအညီတွေ လျော့နည်းလာခြင်းနဲ့ လုံခြုံရေးအခြေနေဆိုးရွားလာတာကြောင့် ပြည်သူတွေဟာ အသက်အန္တရာယ်မြင့်မားတဲ့ ရွှေ့ပြောင်းသွားလာမှုကို ရွေးချယ်လာရတာဖြစ်တယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာအဖွဲ့အစည်း (IOM) က သုံးသပ်ထားပါတယ်။


Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026