NEWS

၃ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ (၁၆၀) ကျော်ထိမြင့်တက်လာလို့ စက်ရုံအလုပ်သမားတွေ စိုးရိမ်နေရ

CoverLogo
428 Views

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ သုံးရက်အတွင်း (၁၆၀) ကျော်အထိရှိလာလို့  စက်ရုံအလုပ်ရုံကအလုပ်သမားတွေအနေနဲ့  အခက်အခဲတွေကြုံလာရပြီလို့ သိရပါတယ်။

အခုလို ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်မှုမြင့်မားနေလို့ ပြည်သူလူထုကြား စိုးရိမ်မှုမြင့်တက်နေသလို လူဦးရေထူထပ်တဲ့ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေလည်း စိုးရိမ်မှုတွေ မြင့်တက်လာတာကြောင့်  လာရောက်စစ်ဆေးပေးတာ ကြိုတင်ပြင်ဆင်ထား တာတွေလုပ်ဆောင်သင့်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"ကျွန်မတို့စက်ရုံအလုပ်ရုံတွေမှာ  အသိပညာပေးတယ်ဆိုတာတွေထက် အိမ်သာနဲ့အမှိုက်ထားရာနေရာ သောက်ရေနဲ့ထမင်းစားဆောင်တွေကို ဂရုစိုက်ပြီးစစ်ဆေးပေးချင်တာ။ ခုကအတော်လေးဖြစ်လာကြတယ် ၃ ရက်အတွင်း ၁၆၀ ကျော်ဖြစ်လာတယ်ဆိုတော့ ဒါကမသန့်ရှင်းရင်ဖြစ်နိုင်တဲ့အရာကြီး။ နောက်ပြီးစက်ရုံအများစုမှာ ဆေးအဆင်သင့်မရှိကြဘူး။ခုကဖျားလည်းဖျားကြတယ်။ ခွင့်ကလည်းယူလို့တစ်ရက်အပြင်ပိုမရဘူးဆိုတော့  ဒီ၀မ်းပျက်၀မ်းလျှောရောဂါ  စက်ရုံအလုပ်ရုံတွေကိုကူးစက်လာမှာ အတော်လေးစိတ်ပူနေရတယ်"လို့ စက်ရုံအလုပ်သမားတစ်ဦးကဆိုပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းကစပြီး  ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုလာတာနဲ့ပတ်သက်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ  စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ပရဟိတေဂဟာများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက်  ကျန်းမာရေး အသိပညာပေးခြင်း၊ သောက်ရေသန့်ရှင်းရေးအတွက် ရေသန့်ဆေးပြားများဝေငှခြင်း၊ သုံးရေသန့်ရှင်းရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ အစားအစာချက်ပြုတ်ပြင်ဆင်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်ရေး၊ လက်ဆေးရန်နေရာများထားရှိကာ  ရေနှင့်ဆပ်ပြာ အသင့်ထားရှိရေး၊ ယင်လုံအိမ်သာများ စနစ်တကျသုံးစွဲရေးစသည့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အထူးအလေးပေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီကဆိုထားပေမဲ့ စက်ရုံအလုပ်ရုံတွေမှာတော့  ကျန်းမာရေးအတွက်စစ်ဆေးဆောင်ရွက်တာမရှိသေးဘူးလို့ သိရပါတယ်။  

အဆိုပါပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်  ဇူလိုင် (၇) ရက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ဆေးရုံတက်ရောက် ကုသသူလူနာသစ် (၄၄) ယောက်၊ ဇူလိုင် (၆) ရက်တွင် လူနာသစ် (၆၃) ယောက်၊ ဇူလိုင် (၈) ရက်တွင် လူနာသစ် (၆၀) ယောက်ဖြစ်ပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ(၁၀)ဦးဝန်းကျင်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရပါတယ်။ 

"တကယ်ဆိုဒါကသာမန်ဟုတ်ဘူး။ လူသေမှုမရှိဘူး ကိုဗစ်အခံကြေင့် ကိုယ်အားခံအားနည်းပြီးသေတယ်ဆိုတာ မဟုတ်ဘူး။ သာကေတမှာ၀မ်းလျှောပြီးသေတာ ၄ ယောက်ရှိတယ်။ အဖွားကြီးတစ်ယောက်ပါပါတယ်။ သေဆုံးမရှိဘူးဆိုပြီးထုတ်ပြန်တာမှားနေတယ် တကယ်သေဆုံးခဲ့တာ"လို့ သာကေတမြို့နယ်နေ ဒေသခံတစ်ဦး ကဆိုပါတယ်။ 
 
အဆိုပါရောဂါဟာ ဈေးများမှတဆင့်ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဈေးများတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုအား Checklist များအသုံးပြု၍စစ်ဆေးပြီး လိုအပ်ချက်များအား အမြန်ဆုံးဖြည့်ဆည်းပြုပြင်ပေးရန် လိုအပ်သလို   လက်ရှိတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက် ရှိတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-ပုံဟောင်း

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews
Twitter Link - https://twitter.com/mm_labournews
Gmail Link- myanmarlabournews@gmail.com


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026