NEWS

၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ် အခြေခံကုန်စည် ဈေးနှုန်းများစုစည်းမှု

CoverLogo
701 Views
 
ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ကျဆင်းမှုမရှိဘဲ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းတွေ နဲ့သာဆက်ရှိနေပါတယ်။
ဒီလိုအမြင့်ဈေးမှာရှိနေတဲ့အတွက်ကြောင့် ဝင်ငွေနည်းပါးတဲ့အခြေခံပြည်သူတွေ စားဝတ်နေရေး ပိုမိုအခက်တွေ့လာရပါတယ်။
အခုလို မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေကို နှိုင်းယှဉ်သိရှိနိုင်ဖို့ ဖေဖော်ဝါရီ ၃ရက်နေ့ ကေန ဖေဖော်ဝါရီ ၉ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ရွှေဈေး ငွေဈေးနဲ့ အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့ကနေ ဖေဖော်ဝါရီ ၇ ရက်အထိ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ဈေးနှုန်းများဟာ ၉၂တစ်လီတာလျှင် ၃၁၈၀ ကျပ် ၉၅ တလီတာ ၃၂၆၀ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၂၈၂၀ ကျပ်၊ ပရီမီယံဒီဇယ်တလီလီတာ ၃၄၈၅ ကျပ်အဖြစ်သတ်မှတ်ထားပါတယ်။
ဖေဖော်ဝါရီ ၇ ရက်ကနေ ဖေဖော်ဝါရီ ၉ ရက်အထိသတ်မှတ်ဈေးနှုန်းကတော့ ၉၂ တစ်လီတာလျင် ၃၁၆၀ကျပ် ၉၅ တလီတာ ၃၂၂၀ကျပ်၊ ရိုးရိုးဒီဇယ်တလီတာ ၂၇၃၅ ကျပ်၊ ပရီမီယံဒီဇယ်တလီလီတာ ၃၃၇၀ ကျပ် သတ်မှတ်ထားတာဖြစ်လို့ ဓာတ်ဆီဈေးနှုန်းကတော့ ယခင်ကထက်အနည်းငယ်မြင့်တက်လာပြီီး ဒီဇယ်ဆီဈေးနှုန်းကတော့ ယခင်ထက် အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။
စက်သုံးဆီဈေးနှုန်းဟာအပတ်စဉ် သောကြာနေ့တိုင်းမှာ ပြောင်းလဲမှုရှိနေတာ ဖြစ်ပြီး စက်သုံးဆီပြင်ပပေါက် ဈေးကတော့ ၉၂ တလီတာ ၃၂၀၀ ကျပ်နဲ့အရောင်းဝယ်ဖြစ်နေတာတွေ့ရပါတယ်။
တစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးနှုန်းတွေကတော့ ဖေဖော်ဝါရီ ၃ ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျင် အမေရိကန်ဒေါ်လာ၂၇၀၃ ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့ အခေါက်ရွှေပေါက်ဈေးဟာ ဖေဖော်ဝါရီ ၃ ရက်နဲ့ ၉ ရက်မှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၄ သိန်း ၈ သောင်းဈေးတန်းနဲ့ တစ်ပတ်တာလုံးသတ်မှတ်ထားတယ်လို့ရွှေလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်ဈေးနှုန်းအရ သိရပါတယ်။
ပြင်ပရွှေဈေးကွက်မှာတော့ ဖေဖော်ဝါရီ ၃ ရက်မှာ အခေါက်ရွှေ တကျပ်သားလျင် ၆၃ သိန်း ၈ သောင်းဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့မှတော့ ၆၄ သိန်းဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၅ရက်မှာတော့ ၆၅ သိန်းဖြစ်လာပြီး ဖေဖော်ဝါရီ ၆ရက်မှာတော့ ၆၅သိန်း၃သောင်း၊ ဖေဖော်ဝါရီ ၇ ရက်ကနေ ဖေဖော်ဝါရီ ၉ ရက်နေ့အထိမှာတော့ ၆၅ သိန်း ၅ သောင်းဖြစ်တယ်လို့ ပြင်ဈေးကွက်ပေါက်ဈေးအရ သိရပါတယ်။
ပြင်ပဈေးကွက်ပေါက်ဈေးသိရှိချက်အရ ပြီးခဲ့တဲ့တစ်ပတ်တာဈေးနှုန်းမှာတော့ ပြင်ပရွှေပေါက်ဈေး မြင့်တက်ခဲ့တာ့ဖြစ်ပြီး ဈေးကွက်မငြိမ်ဘဲ အတက်အကျမြန်နေတာလည်း တွေ့ရပါတယ်။
ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ ဖေဖော်ဝါရီ ၃ ရက်မှ ဖေဖော်ဝါရီ ၉ရက်အထိ တပတ်တာလုံးမှာ တစ်ဒေါ်လာလျှင် ၄၅၃၀ ကျပ်နှုန်းဖြင့်ပေါက်ဈေးဖြင့် ငြိမ်နေတာတွေ့ရပါတယ်။
ဒါဟာ အနည်းငယ်ဈေး တက်လာတာလည်းဖြစ်ပါတယ်။
နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်းဝယ်မှုအရ ပေါက်ဈေး ကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။
ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျင် ၃၅၉၇ ကျပ်လို့သာ အတိအလင်းပြသထားပေမဲ့ တစ်ဒေါ်လာလျှင် ၄၀၀၀ ကျော်နှုန်းအထိဖြတ်ခဲ့ကြသလို လက်ရှိမှာတော့ ၄၅၀၀ကျော်နဲ့ဖြတ်နေတာလို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဖေဖော်ဝါရီ ၃ ရက်မှ ဖေဖော်ဝါရီ ၉ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇၁၆၅ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကနှုန်းထားထက်အနည်းငယ်ကျဆင်းလာတာ တွေ့ရပါတယ်။
ရည်ညွှန်းဈေးအနိမ့်ဆုံးသက်သားသောနှုန်းထားဖြင့် သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဉ်ထားပေ မဲ့လည်းစားဆီ ပြင်ပဈေးကွက်တွင်လည်း တစ်ပိဿာ ၁၂၀၀၀ ကျပ်အမြင့်ဈေးမှာသာ ဆက်လက်တည်ရှိ နေပြီး ရပ်ကွက်တွေရဲ့ လက်လီဈေးနှုန်းကတော့ ၁၂၆၀၀ အထိပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
စားဆီကုန်သည်များကလည်းဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့် ရောင်းချပေးနေတာတွေပြု လုပ်နေတာဖြစ် ပေမဲ့လည်း စားအုန်းဆီပြင်ပပေါက်ဈေးဟာ အမြင့်ဈေးသာဆက်လက်ရှိနေတာပဲဖြစ်ပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၅၀၀ ကျပ်၊ မဂျမ်းတော တစ်ပြည် ၈၅၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြပေါ် ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ ရက် ၉၀ တစ်ပြည် ၅၀၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စသဖြင့်အစားစားရှိရာ အခြေခံ အလုပ်သမားတွေအများစု၀ယ်ယူစားသုံးတာကတော့ မြောင်းမြပေါ်ဆန်းနဲ့တောင်ပျံရှယ်၀ယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ရာနှော၀ယ်ယူကြတယ်လို့လည်း သိရပါတယ်။
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကတော့ ချဉ်ပေါင်ရွက်တစ်စီး ၅၀၀ မှ တစ်ထောင်ဖိုး ၃ စီး၊ ဗူးရွက်တစ်စီး ၁၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊ ဆူးပုတ်ရွက်အနုတစ်စီး ၁၀၀၀ကျပ်၊ မျှစ်အနည်းဆုံး ၁၀၀၀ကျပ်၊ ၊ ငြုပ်သီးစိမ်း အနည်းဆုံး ၅၀၀ကျပ်(တစ်ခါခပ်သာ)၊ နံနံပင် တစ္စီး ၅၀၀ကျပ်၊ ကြက်ဥ ၅၀၀ အလုံးသေး၊ ဘဲဥတလုံး ၇၀၀၊ မုံလာဥတစီး ၁၀၀၀၊ ခဝဲသီးတစ်တောင့် ၈၀၀၊ ဂေါ်ရခါးညွန့် တစ္စီး ၁၅၀၀ကျပ်၊ ဂေါ်ရခါးသီး တ လုံး ၅၀၀၊ ပဲသီးတစ္စီး ၁၂၀၀၊ အာလူး တစ်ပိဿာ ၆၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၁၀၀၀၊ ပဲပင်ပေါက် အနည်းဆုံး ၁၀၀၀ ဖိုးသာ၊ ဂေါ်ဖီတစ်ထုပ် ၁၀၀၀၊ ဂေါ်ဖီပန်း တစ်ပွင့် ၁၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၅၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၅၀၀၀၊ ဂျင်းအနည်းဆုံး ၁၀၀၀ ကျပ် ဖြစ်ပါတယ်။
ယခုနှစ်ဆောင်းတွင်းပိုင်းမှာ ဆောင်းသီးနှံပေါများချိန်ရောက်လို့ ဈေးနှုန်းအနည်းငယ်ကျဆင်းလာတာ တွေ့ရပါတယ်။
အသားဈေးနှုန်းတွေအနေနဲ့ ကြက်သားတစ်ပိဿာ ၁၇၀၀၀ ကျပ်(စီပီကြက်)၊ ကြက်နီမတစ်ပိဿာ ၂၀၀၀၀နဲ့ ဗမာကြက်တစ်ပိဿာ ၂၃၀၀၀၊ အမဲသား တစ်ပိဿာ ၂၅၀၀၀၊ ဝက်သား ၁ ပိဿာ ၃၀၀၀၀ ကျပ်နဲ့ ဝက်သား၊ ဆိတ်သား၊ ဘဲသား ၊ ငါးအနည်းဆုံး ၅၀၀၀ ကျပ်ဖိုးသာ၀ယ်ယူရတယ်လို့ ဈေးကွက်အရ သိရပါတယ်။
ဆေးဈေးနှုန်းတွေထဲမှာတော့ အသုံးများတဲ့ ပါရာစီတမော တစ်ကတ် ၁၃၀၀ ( တလုံး ၁၅၀) ၊ချောင်းဆိုးပျောက်ငုံဆေးတစ်လုံး ၅၀၀၊ သားဆက်ခြားဆေး တစ်ကတ် ၄၀၀၀ ကျပ် ၊ သွေးပေါင်ကျဆေးတစ်ကတ် ၂၇၀၀ ၊ အစာကြေဆေး တစ်ကတ် ၃၀၀၀ ၊ အမျိုးသမီးသုံးပစ္စည်း တစ်ထုတ် ၂၇၀၀ ကျပ်ဖြစ်နေပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ အခြေခံလုပ်ခလစာဟာ တရက်( ၈ နာရီ) ၄၈၀၀ ကျပ် ၊ အပိုထောက်ပံ့ကြေး ၂၀၀၀ ကျပ် သာ သတ်မှတ်ထားတာကြာင့် အဆမတန် ကွာဟနေတဲ့ကုန်ဈေးနှုန်း အခြေအနေကြောင့် ဖူလုံမှုမရှိတဲ့ အခြေအနေကို အခြေခံပြည်သူတွေ ရင်ဆိုင်နေရပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို ယွန်းဆက်က စုစည်းပေးထားတာပါ။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026