NEWS

၂၀၂၅ ဇန်နဝါရီ စတုတ္ထအပတ် တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်

CoverLogo
445 Views
ဇန်နဝါရီ၂၆၊ ၂၀၂၅
Myanmar Labour News မှာ ဇန်နဝါရီ (၂၀) ရက်ကနေ ဇန်နဝါရီလ (၂၆) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါး တွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။
တစ်ပတ်တာသတင်း အနှစ်ချုပ် အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေညတိုင်းမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
ဇန်နဝါရီ ၂၁
 
တရုတ်နိုင်ငံသားပိုင် Myanto Industrial Co.,Ltd မှာ အလုပ်ရှင်နဲ့ အလုပ်သမားကြား ချုပ်ဆိုရမယ့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) စာချုပ် မချုပ်ဘဲ တစ်ဖက်သတ် စည်းကမ်းချက်တွေထုတ်ပြီး မလိုက်နာပါက ခံဝန်ထိုးခိုင်းနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
Myanmar jiale Fashion Co.,Ltd မှာ အလုပ်ရှင်ဖက်က နေ့စားအလုပ်သမားတွေကို အခွင့်အရေး ချိုးဖောက်တာ တွေ လုပ်ဆောင်နေသလို အထည်စံချိန် အလွန်အကျွံ တောင်းခံတာ၊ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံတာတွေ ရှိနေ တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
 
ဇန်နဝါရီလ ၂၂
 
Sunrise (Myanmar) Fashion အထည်ချုပ်စက်ရုံမှာ စက်ရုံသမဂ္ဂခေါင်းဆောင်ကို အကြောင်းပြချက်မရှိဘဲ အလုပ်က ထုတ်ပယ်လိုကိတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (STUM) က သိရပါတယ်။
Myanmar Arysta Life Science Co.,Ltd စိုက်ပျိုးရေးဆေးကုမ္ပဏီမှာ လုပ်သက်နှစ် (၃၀) ရှိတဲ့ အလုပ်သမားနှစ်ဦး အပါအဝင် အလုပ်သမား (၃၀) ကို အလုပ်ကရပ်နားခဲ့ပြီး နစ်နာကြေးပေးဖို့ကို ရက်ရွှေ့ဆိုင်းတာတွေ လုပ်ဆောင် နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ထိုင်းနိုင်ငံ၊ စာမွတ်ပါကန်ခရိုင် ဘန်ဖီနွဲ့နယ်မြေက မြန်မာဆောက်လုပ်ရေး အလုပ်သမား (၁၀၀) ကျော်ကို လုပ်ငန်းရှင်က လုပ်ခလစာမပေးတဲ့အတွက် ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ကို အကူအညီတောင်းခံထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ FZ GARMENT CO.,Ltd မှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေ လုပ်ဆောင်နေတာကြောင့် အလုပ်သမားတွေက ပေးစာပေးပို့ထား ပါတယ်။
အလုပ်သမား (၄၀၀) ကျော်ကို နစ်နာကြေးမပေးဘဲ အလုပ်ကထုတ်ပယ်ခဲ့တဲ့ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံဟာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူဆီက ကျပ်သိန်းပေါင်းနှစ်သောင်း ရလိုမှုနဲ့ တရားစွဲဆိုမှု လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာ တရားစွဲဆိုမှုကြာချိန်ဟာ (၇)နှစ်တာကြာပြီးနောက်မှာ အမှုပိတ်သိမ်းခဲ့ပါတယ်။
 
ဇန်နဝါရီလ ၂၃
 
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်မှာ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးတော့မယ့် မြန်မာအပါအဝင် လေးနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို သက်တမ်းတိုးဖို့ အမည်စာရင်း တင်သွင်းတာကို သတ်မှတ်ကာလ မတိုင်ခင် လုပ်ဆောင်ဖို့ ထိုင်းအလုပ်သမားဌာနက သတိပေးထားပါတယ်။
Myanmar Arysta Life Science Co.,Ltd စိုက်ပျိုးရေးဆေးကုမ္ပဏီကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) စာချုပ် ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုသွားမယ်လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးသူဆီက သိရပါ တယ်။ လက်ရှိမှာ ကုမ္ပဏီဘက်က အလုပ်ထုတ်ခံရတဲ့သူတွေကို လုပ်သက်နစ်နောကြေးတွေ ပေးထားပြီး EC စာချုပ်မှာ ပါရှိတဲ့ လုပ်သက်အလိုက် ပင်စင်ခံစားခွင့်၊ ဂရုဏာထောက်ပံ့ကြေးတွေပေးချေဖို့ကို ရွှေ့ဆိုင်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှာ တရားမဝင် နေထိုင်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်ဖို့ တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့က အလုပ်သမားအများစု နေထိုင်တဲ့ လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်က အဆောင်တွေမှာ နေထိုင်သူတွေရဲ့ ဧည့်စာရင်းတိုင်ကြားထားတဲ့ စာရွက်မိတ္တူတွေကို မဖြစ်မနေပေးဆောင်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လိုက်လံပြောဆိုနေပါတယ်။ ဒီအခြေအနေကြောင့် အလုပ်သမားတွေ စိုးရိမ်သောက ရောက်နေရပါတယ်။
တရုတ်နိုင်ငံသားပိုင် LITA Myanmar Co.,Ltd မှာ အလုပ်သမားတွေဟာ လုပ်ငန်းခွင်တွင်း တောင်းဆိုမှုတွေ လုပ်ဆောင်ပြီးနောက်မှာ ဖိနှိပ်ဆက်ဆံတာတွေကို အလုပ်ရှင်ဖက်က ပိုမိုလုပ်ဆောင်လာတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
 
ဇန်နဝါရီ ၂၄
 
အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့အတွက် လုပ်ငန်းခွင်တွေမှာ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) တွေကိုဖွဲ့စည်းထားပေမယ့် တစ်ချို့သော အဖွဲ့ဝင်တွေဟာ အငြင်းပွားမှုတွေကို ဆွေးနွေးညှိနှိုင်းမှု မလုပ်ဘူးလို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ထုတ်ဖော်ပြောဆိုပါတယ်။
တရုတ်နိုင်ငံသားပိုင် ကျင်မိန်အထည်ချုပ်စက်ရုံမှာ အထည်အရေးကြီးပါက အောလင်း၊အောနိုက်တွေ ခေါ်ယူတဲ့အပြင် တစ်လလုံးအတွက် သတ်မှတ်ထားတဲ့ ပိတ်ရက်(၂) ရက်ကိုပါ ပိတ်မပေးဘဲ ခိုင်းစေနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
 
ဇန်နဝါရီလ ၂၆
 
Diamond Rental Myanmar Co.,Ltd က စာချုပ်ချုပ်ပြီးသားဝန်ထမ်းတွေကို နစ်နာကြေးမပေးဘဲ လုပ်သားလျှော့ချတယ်လို့ နစ်နာသူအလုပ်သမားတွေက ပြောပါတယ်။ စာချုပ်သက်တမ်းပြည့်တဲ့ အလုပ်သမားတွေကို (၆) ရက်အနားပေးပြီးမှ စာချုပ်ပြန်လည်ချုပ်ဆိုမယ်လို့ ပြောဆိုထားပြီး လျှော့ချတာပဲ ဖြစ်ပါတယ်။
Grand Forest International Apparel မှာ ညနက် (၁၂) နာရီအထိ အချိန်ပိုတွေ လုပ်ကိုင်နေရပြီး စက်ရုံထဲမှာပဲ ဖြစ်သလို အိပ်စက်နေရပါတယ်။ ဒီလိုအချိန်ပိုတွေမဆင်းပါက စက်ရုံကြီးကြပ်သူတစ်ချို့က ခေါ်ယူပြောဆိုတာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
တရုတ်နိုင်ငံသားပိုင် Wonderful Apparel Co.Ltd မှာ နေ့စားအလုပ်သမားတွေကို အခွင့်အရေးချိုးဖောက်တာတွေ လုပ်ဆောင်ပြီး လုပ်အားခခေါင်းပုံဖြတ်တဲ့အပြင် အမြဲထမ်းဝန်ထမ်းတွေကိုလည်း အဓမ္မခိုင်းစေတာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက MLN ကို ပြောပါတယ်။
တပတ်တာသတင်းအနှစ်ချုပ်ကို မမက စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026