NEWS

၂၀၂၅ ခုနှစ်အတွင်း အငြင်းပွာ အမှု ၂၁ မှု အား အလုပ်သမားဝန်ကြီးဌာန ဖြေရှင်းမပေး

CoverLogo
16 Views
 
Solidarity Trade Union of Myanmar (STUM) ရဲ့ ထုတ်ပြန်မှုတွေအရင် ၂၀၂၅ ခုနှစ်အတွင်း စက်ရုံ လုပ်ငန်းခွင်တွေ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုတွေကို အလုပ်သမား ဝန်ကြီးဌာနကို တိုင်ကြားပေမဲ့ မဖြေရှင်းပေးနိုင်တဲ့ အမှုပေါင်း (၂၁)မှု ရှိတယ်လို့ သိရပါတယ်။
 
အဲံဒီ အငြင်းပွားမှုတွေက Bontech, GYSen, Waninda, Rainbow Tex, Xusen Garment, Dong Sheng Xing, GTIG-2, True Green, Max Technology, Kingsright, MGOU Myanmar နဲ့ JIMMY Garment တို့မှာ ဖြစ်ပွားခဲ့ပြီး ကုန်ထုတ်လုပ်ရေး၊ အီလက်ထရောနစ်စက်ရုံတွေ ပါဝင်ပြီး အများစုက အထည်ချုပ်လုပ်ငန်းတွေ ဖြစ်ကြပါတယ်။
 
တိုင်ကြားမှုအခြေအနေ အများစုက နေပြည်တော် ဝန်ကြီးဌာနဆီ စာတင်ထားဆဲအဆင့်၊ အထက်ဆီ စာတင် ထားဆဲ ဒါမှဟုတ် တိုင်ကြားစာတင်ဆဲ့ အဆင့်တွင်ဖြစ်နေတာကို တွေ့ရပါတယ်။
 
အငြင်းပွားမှုတွေကို ၂၀၂၅ ခုနှစ် မေလမှ ဒီဇင်ဘာလတွင်း ဖြစ်ပွားခဲ့တာဖြစ်လို့ တိုင်ကြားချိန်က အများဆုံး ၇ လကနေ အနည်းဆုံး ၁ လကြော် ရှိနေတာကိုလည်းတွေ့ရပါတယ်။
 
ဒီအမှုတွေက တိုင်းဒေသကြီးအဆင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည)၊ အလုပ်ရုံနှင့် အလုပ်သမာ ဥပဒေစစ်ဆေးရေးဦးစီးဌာန (အလရ)၊ လူမှုဖူလုံရေးအဖွဲ (လမဖ) နဲ့ တိုင်းတရားရုံးတွေဆီ အဆင့်ဆင့် တင်ပြထားပေမဲ့ ထိရောက်တဲ့ ဖြေရှင်းပေးမှုတွေ ဖြစ်ပေါ်လာတာ မရှိဘဲ ကြန့်ကြာနေတာလို့ STUM က ထုတ်ပြန်ထားပါတယ်။
 
နစ်နာမှုတွေကို သက်ဆိုင်ရာဌာနတွေက အချိန်မီဖြေရှင်းပေးနိုင်တာမရှိလို့ အလုပ်သမားတွေ အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ STUM ရဲ့ အစီရင်ခံစာ မှာ ရေးသားထားပါတယ်။

Related posts

Cover
လုံခြုံရေးအခြေအနေတွေ ကြုံတွေ့ရလို့ STUM နှစ်ချုပ်အစီရင်ခံစာ ၁၀ လစာအတွက်သာ မှတ်တမ်းတင်နိုင်
Jan 11, 2026
Cover
Myanmar Belle အထည်ချုပ်တောင်းဆိုမှု ညှိနှိုင်း အဆင်ပြေ
Jan 11, 2026
Cover
Sen yu အထည်ချုပ် လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှု ညှိနှိုင်း အဆင်မပြေ
Jan 11, 2026
Cover
ရှိရှောင်ကွေ့ အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား အလုပ်ထုတ်
Jan 11, 2026
Cover
JOC အထည်ချုပ် စက်ရုံ နှစ်ပတ်နီးပါးကြာ အလုပ်သမား တောင်းဆိုမှု ညှိနှိုင်း ပြီးဆုံး
Jan 11, 2026
Cover
Myanmar Belle အထည်ချုပ်တွင် အလုပ်သမားများတောင်းဆိုမှုပြုလုပ်
Jan 11, 2026
Cover
ထိုင်း Powacore အိပ်ချုပ်စက်ရုံ HR မှ တရာမဝင်အလုပ်ထုတ်ပြီး ငွေကြေး ဖြတ်ယူ
Jan 11, 2026
Cover
ထိုင်းထီ ဘတ် ၆ သန်းနှစ်ဆု နှင့် ဘတ်၁၂သန်းဆုများကို မြန်မာလုပ်သား ၃ဦး ဆွတ်ခူး
Jan 11, 2026