NEWS

၂၀၂၅ ခုနှစ်ကစပြီး ထိုင်းနိုင်ငံအတွက် ဗီဇာလျှောက်ထားမှုကို  အွန်လိုင်း e- Visa စနစ် ဖြင့်သာ လျှောက်ထားနိုင်မည်

CoverLogo
1K Views

ထိုင်းနိုင်ငံ ကို သွားရောက်မယ့် မြန်မာနိုင်ငံသားတွေ အနေနဲ့ ဗီဇာလျှောက်ထားရာမှာ လာမယ့် ၂၀၂၅ခုနှစ် ဇန်နဝါရီ ၁ရက်က စပြီး အွန်လိုင်းက နေ e- Visa စနစ် ဖြင့်သာ လျှောက်ထားနိုင်တော့ မှာ ဖြစ်တယ်လို့ ရန်ကုန်ရှိ ထိုင်းသံရုံးက ထုတ်ပြန်ထားပါတယ်။ 

လက်တလောပြုလုပ်နေတဲ့ အွန်လိုင်းကနေ ရက်ချိန်း ယူပြီး ဗီဇာရုံး ကိုသွားရောက်လျှောက်ထားတာကို ဒီဇင်ဘာ ၂၄ ရက်အထိသာ လျှောက်လွှာ လက်ခံပေးမှာ ဖြစ်ပြီးe-Visa စနစ် အပြောင်းအလဲ ပြုလုပ် ခြင်း အတွက် ပြင်ဆင်မှု တွေ ဆောင်ရွက်ဖို့ ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ရက် အထိ ကို ဗီဇာလျှောက်လွှာ လက်ခံ မှု မပြုတော့ဘူးလို့ ထိုင်းသံရုံးက အသိပေးထားပါတယ်။ 

e-Visa လျှောက်ထားတာကို မြန်မာနိုင်ငံသားတွေ အပါအဝင်  မြန်မာနိုင်ငံမှာ လက်ရှိနေထိုင်နေတဲ့ တခြားနိုင်ငံသားတွေလည်း လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ 

ဗီဇာလျှောက်ထားပြီးရင်တော့ ဗီဇာကြေးကို ထိုင်းသံရုံးဗီဇာကောင်တာမှာ ချိန်းဆိုတဲ့ရက် လာရောက်ပေးသွင်းရမှာ ဖြစ်ကာ  ဗီဇာလျှောက်လွှာတွေကို စိစစ်အကဲဖြတ်ချိန်ကတော့ ၁၀ ရက်က ၁၅ ရက်ကြာမြင့်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ 

ဗီဇာလျှောက်ထား သူတွေ အနေနဲ့ စာရွက်စာတမ်းမပြည့်စုံတာ၊စာရွက်စာတမ်း အတုပြုလုပ်လျှောက်ထား တာ တွေ့ရှိပါက  ဗီဇာလျှောက်လွှာ ကိုပယ် ဖျက်သွားမယ်လို့ ဆိုပါတယ်။ 

ပြောင်းလဲ အသုံးပြုမယ့် e-Visa စနစ် နဲ့ ပက်သက်တဲ့အသေးစိတ်အချက်အလက်ကို  https//www.thai
visa.go.th မှာ ဝင်ရောက်လေ့လာနိုင်တယ်လို့ သံရုံးကကြေညာထားပါတယ်။ 

Photo-FB လူမှုကွန်ယက် #MyanmarLabourNews


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026