NEWS

၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ပြည်ပထွက်ခွာမည့် လုပ်သား တစ်သိန်းရှစ်သောင်းကျော် ကို OWIC ကတ်ပြုလုပ်ပေးခဲ့ဟုဆို

CoverLogo
408 Views

၂၀၂၄ ခုနှစ် နိုဝင်ဘာလ အထိ ပြည်ပကို တရားဝင် သွားရောက် အလုပ်လုပ်မယ့် လုပ်သား တစ်သိန်းရှစ်သောင်းကျော်ကို OWIC(ပြည်ပအလုပ်သမားသက်သေခံကတ်)ထုတ်ပေးခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာန မှသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အတွင်းမှာတော့ ပြည်ပ ကို တရားဝင်သွားရောက် အလုပ်လုပ်ကိုင်တဲ့ အလုပ်သမား ၂၁၀၆၈၈ ဦး ကို OWIC ကတ် ထုတ်ပေးခဲ့ပြီး ယခု၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန် အထိ တော့ ၁၈၁၈၉ ဦး ကိုထုတ်ပေးခဲ့တယ်လို့ဆိုပါတယ်။

ပြည်ပအလုပ်သမားသက်သေခံကတ် OWIC ကို ပြည်ပအလုပ်ကိုင်အကျိူးဆောင်လိုင်စင်ရအေဂျင်စီမှတစ်ဆင့်သော်လည်းကောင်း၊ မိမိအစီစဉ်ဖြင့် သော်လည်းကောင်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

အဆင့်မြင့်ပညာရှင်တွေ ကျွမ်းကျင်လုပ်သားတွေ နဲ့ ပြည်ပက ခွင့်ပြန် လာသူတွေကတော့ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တတ်စရာမလိုဘဲ မိမိအစီစဉ်နဲ့ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန မှာ လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။

အခြေခံလုပ်သား တွေနဲ့ လိုင်စင်ရအေဂျင်စီကတစ်ဆင့် သွားရောက်သူတွေကတော့ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း ကို တတ်ရောက်ရမှာ ဖြစ်ကာ အေဂျင်စီ ကနေတစ်ဆင့်အလုပ်သမားညွန်ကြားမှုဦးစီးဌာန ကိုသာ OWIC ကတ် လျှောက်ထားနိုင်တယ်လို့သိရပါတယ်။

""ပြည်ပအလုပ်ကိုင်လမ်းညွှန်သင်တန်းမှာက ကိုယ့်သွားရောက်အလုပ်လုပ်မယ့် နိုင်ငံရဲ့ ယဉ်ကျေးမှု၊ဓလေ့ထုံးစံ၊ အဲ့နိုင်ငံရဲ့ အလုပ်သမားတွေလိုက်နာရမယ့် ပြည်တွင်းဥပဒေ တွေ စတာတွေ ကိုသင်ပေးတယ်၊ ပြီးတော့ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်ကိုချိတ်ဆက်အကူညီတောင်းရမှာတွေပြောကြားပေးတယ် အဲ့တော့ကျွမ်းကျင်လုပ်သားတွေအဆင့်မြင့်ပညာရှင်တွေက ယခင်ရောက်ထားတဲ့တွေ့ကြုံ လေ့လာထားမှုတွေရှိတယ်၊ အခြေခံ လုပ်သား မိမိအစီစဉ်နဲ့ သွားမယ့်သူတွေကျတော့ အဲ့လို တွေ မရှိတော့ သူတို့ကို တာဝန်ယူပေးနိုင်မယ့် လိုင်စင်ရပြည်ပအကျိုးဆောင်အေဂျင်စီ တစ်ခုခုနဲ့ ချိတ်ဆက်ပြီးမှ သာ OWIC ကတ် လျှောက်ခွင့်ပေးပြီး ထုတ်ပေးတာပါ""လို့ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နယ်စပ်နိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို တရားမဝင်ရွှေ့ပြောင်းသွားရောက်သူတွေ များပြားတာကြောင့် ဖမ်းဆီး ပြစ်ဒဏ်ချခံရပြီး ပြန်လည်ပို့ဆောင်ခံရသူတွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ပြည်ပအလုပ်သမားသက်သေခံကတ် OWIC  ကို အေဂျင်စီအစီစဉ်ဖြင့် လျှောက်ထားမှု ကို အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမားဌာန မြောက်ဒဂုံ ပင်လုံခန်းမ မှာ လုပ်ဆောင်ပေးနေပြီး ကျွမ်းကျင်လုပ်သား ၊အဆင့်မြင့်လုပ်သားနဲ့ ခွင့်ပြန်လာသူတို့ကိုတော့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမားဌာနစု မရမ်းကုန်းမြို့နယ် ၈မိုင်ရုံး မှာ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

 


Related posts

Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025
Cover
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ
Dec 18, 2025
Cover
Myanto Garment လစာအတွက် ဘဏ်ကတ် အတင်းအကျပ် လုပ်ခိုင်း
Dec 18, 2025
Cover
Saifeom International Garment Myanmar အထည်ချုပ်စက်ရုံ ပိတ်ရက်မရှိ လုပ်ကိုင်ခိုင်း
Dec 18, 2025
Cover
Myanmar LNY (2) ဦးထုတ်စက်ရုံက ဌာနပြောင်း လစာလျှော့ချမှုတွေ ပြုလုပ်နေ
Dec 16, 2025
Cover
Win Land Co,.Ltdစက်ရုံ မန်နေဂျာမှာ အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆို
Dec 16, 2025
Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025