NEWS

၂နှစ်အတွင်း ပြည်ပတွင် အဖမ်းခံရသည့် မြန်မာ နိုင်ငံသား ၁၇၀၀၀နီးပါးရှိ

CoverLogo
342 Views
 
၂၀၂၄ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၆ခုနှစ် ဇန်နဝါရီ လ အထိ ပြည်ပနိုင်ငံတွေမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၊အထောက်အထားမရှိဘဲ နေထိုင်မှုစတဲ့ လူဝင်မှုကြီးကြပ်ရေးအမှု တွေနဲ့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၁၆၈၃၆ဦးရှိတယ်လို့ Spring Revolution Database(SRD)က ထုတ်ပြန်ပါတယ်။
 
နယ်စပ်ဖြတ်ကျော်မှု၊ လူဝင်မှု ကြီးကြပ်ရေးအမှုဖြင့် မလေးရှားနိုင်ငံတွင် (၅,၈၀၁) ဦး၊ ထိုင်းနိုင်ငံတွင် (၁၀,၉၆၅) ဦး၊ လာအိုနိုင်ငံ နဲ့အိန္ဒိယ အပါအဝင် စုစုပေါင်း (၁၆,၈၃၆) ဦး ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဖမ်းဆီးခံရတဲ့ အထဲမှ အချို့ကို သက်ဆိုင်ရာနိုင်ငံတွေမှ မြန်မာနိုင်ငံသို့ အသီးသီးပြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ထိုင်းကနေ မြန်မာဘက်သို့ ပြန်ပို့ခံရတဲ့အထဲ မှာ လူငယ်တွေကို စစ်ကော်မရှင် မှ မိသားစု ထံ ပြန်မလွှတ်ဘဲ စစ်မှုထမ်းရန် အတွက် အဓမ္မခေါ်ဆောင်ခံရတာတွေရှိတယ်လို့ ပြည်ပအလုပ်သမားအရေးကူညီသူတွေထံ မှ သိရပါတယ်။
 
"ပြည်ပ နိုင်ငံကို ခိုးဝင်ရင်း ဖမ်းခံထိသွားတဲ့ လူတွေကတော့ နစ်နာသွားကြတဲ့သူတွေပေါ့ ဒီထက်ဆိုးတာက ထိုင်းကို ခိုးဝင်မိလို့ အဖမ်းခံရပြီးတော့ ရနောင်းကနေ ကော့သောင်း ကို ပြည်နှင်ဒဏ် နဲ့ ပြန်အပို့ခံရတယ်ဒါကို စစ်တပ်ကအဓမ္မ စစ်သားလုပ်ခိုင်းခံရသူတွေက မှ ဘ၀ပျက်မတတ်ဖြစ်ကြရတာ"လို့ ပြည်ပအလုပ်သမားအရေးကူညီပေးသူတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာလည်း စစ်မှုထမ်း ဥပဒေကြောင့် ပြည်တွင်းမှ လူငယ်အများစုဟာ ပြည်ပကို တရားမဝင် နယ်စပ်ဖြတ်ကျော် သွားရောက်တာတွေ ပိုမိုလုပ်ဆောင်လာပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဥပဒေ အရ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ လည်း နေ့တိုင်း လိုလို ရှိနေကြောင်း ပြည်ပသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရ သိရပါတယ်။

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026