NEWS

၂ လအတွင်း စပါးတင်းပေါင်းသိန်း ၁၅၀ နှင့်ဧည့်မထ ဆန်အိတ်(၄)သိန်းထိ ဆန်စပါးအသင်းချုပ် ဝယ်ယူမည်ဟုဆို

CoverLogo
487 Views

လာမယ့် ဧပြီလနဲ့ မေလတွေမှာ စပါးတင်း သိန်း(၁၅၀)နဲ့ ဧည့်မထ ဆန်အိတ်(၄)သိန်းတို့ကို ဝယ်ယူသွားမယ် လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာဝယ်လိုအားကျဆင်းခြင်း၊ ပြည်တွင်းဝယ်လိုအားကျဆင်းခြင်း အတွက် ဧည့်မထနွေစပါး စိုက်ပျိုးတဲ့ တောင်သူလယ်သမားတွေ ရောင်းချဖို့ အခက်ခဲ ဖြစ်ပေါ်နေပါတယ်။

ဒါကြောင်​ ပို့ကုန် ကုမ္ပဏီတွေ၊ အသင်းဝင် ဆန်စက်ကြီးတွေ ညှိနှိုင်းပေါင်းစပ် ပြီး  နှစ်လအတွင်း စပါးတင်း သိန်း(၁၅၀)နဲ့ ဧည့်မထ အိတ်(၄)သိန်းကို ဝယ်ယူမယ် လို့ ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နွေစပါး ဈေးကွက်မှာ တင်း ၁၀၀ ကို ၁၅သိန်း ကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိ သလို ဝယ်ယူမှု လည်း နည်းနေတယ်လို့ သိရပါတယ်။

ဆန်စပါးအသင်းချုပ်က စပါးတင်း သိန်း(၁၅၀)နဲ့ ဧည့်မထ အိတ်(၄)သိန်းကိုဝယ်ယူသွားမယ် လို့ ဆိုထားပေမယ့် ဈေးနှုန်းကိုတော့  ဖော်ပြခြင်းတော့ မရှိသေးပါဘူး။

၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွင်းမှာ ပေါင်းဆန်တန်ချိန်(၃)သိန်း တင်ပို့ရောင်းချနိုင်ရေးလျာထားပြီး  ပေါင်းဆန်စက်(၃၀)ကိုလည်း အဆင့်မြင့်တင်မယ် လို့ ဆိုပါတယ်။

ဒါ့အပြင် လက်မှတ်ရေးထိုးထားတဲ့ ဆိုလာကုမ္ပဏီ(၁၁)ခုနဲ့ ပြည်ပဆန်တင်ပို့နေတဲ့ ဆန်စက်ကြီးများ တွင်  (၄၁.၅)မဂ္ဂဝပ် ကိုစတင် ဆောင်ရွက်ဖို့နဲ့ နေရောင်ခြည်သုံး လျှပ်စစ်ထုတ်လုပ်‌နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

 


Related posts

Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025