NEWS

၂ ရက်ဆက်တိုက်ဆန္ဒပြမှုဖြစ်ပွားခဲ့တဲ့ထိုင်းနိုင်ငံအချုပ်ခန်းအတွင်းက ပြစ်ဒဏ်ကျခံပြီးတဲ့မြန်မာတွေကို အသုတ်လိုက်ခွဲပြီးပြန်လည်ပို့ဆောင်ပေးမယ်လို့ဆို

CoverLogo
788 Views

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းအချုပ်ထောင်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးခံထားရတဲ့  မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပြစ်ဒဏ်ကျခံပြီးသော်လည်းနေရပ်ပြန်မပို့ဘဲ  လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြောင့်  အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးဖို့ နှစ်ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြရာ ယခုအခါမှာတော့ အသုတ်လိုက်ပြန်လည်ပို့ဆောင်ပေးဖို့တာဝန်ရှိသူတွေက ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုဆန္ဒပြတာဟာ ပြစ်ဒဏ်ကျခံပြီးအချိန်ကြာမြင့်တဲ့ အထိ လွတ်မြောက်ခွင့်မရသေးဘဲ  အနေကြာလာတဲ့မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ  ၇၀၀ ၀န်းကျင်ဟာ  အချုပ်ခန်းအတွင်းမှာ အစားအသောက်အလုံအလောက်မစားရသလို  လူတစ်ရာဆန့်တဲ့ အခန်းများကိုလူနှစ်ရာအထိ ထည့်သွင်းနေနေရတာကြောင့်  အိပ်စက်ရာမှာလည်းလူချင်းထပ်အိပ်ရသလို နေ့စဉ်ရေငါးခွက်စီသာအသုံးပြုရကာ  ကျန်းမာရေးထိခိုက်လာတာတွေကြောင့်  အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးဖို့ ဇန်နဝါရီ ၂၈ ရက်နဲ့၂၉ ရက် နှစ်ရက်ဆက်တိုက်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုဆန္ဒပြမှုတွေကြောင့်  မြန်မာဘက်အခြမ်းကပြန်လည်လက်ခံပေးဖို့ စစ်ကောင်စီရဲ့သံရုံးတာ၀န်ရှိသူတွေက   ညှိနှိုင်းခဲ့ရာမှာ ဖေဖော်ဝါရီလ ၂ရက်နေ့မှာစတင်ပြီး အလုပ်သမားနှစ်ရာကျော်ကိုပထမဆုံးစတင် ပို့ဆောင်ပေးမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ရက်အတွင်းမှာ အသုတ်လိုက် ခွဲပြီး မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ညှိနှိုင်းမှုရရှိခဲ့တယ်လို့  ထိုင်းရောက်မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူထံမှ သိရပါတယ်။  

“အဓိကက မြန်မာဘက်အခြမ်းကလက်ခံဖို့ပါပဲ။  မြန်မာဘက်အခြမ်းကလက်ခံပေးမှ သူတို့ကပြန်ပို့ပေးလို့ ရမှာ။  ပြန်ပို့ပေးတဲ့ဟာတွေမှာလည်း  စီနီယာတွေကိုမထည့်ပေးဘဲ  ငွေပေးတဲ့သူတွေကိုပဲပြန်ပို့ပေးနေတာ တွေလည်းပါတာပေါ့။  ခုကတော့ပြန်ပို့ပေးဖို့လက်ခံလိုက်ပြီလို့သိရတယ်”လို့  ဆိုပါတယ်။

အဆိုပါရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံထားပြီး ဖြစ်သော်လည်း ငွေဖြင့်ပေးနိုင်သူတွေကိုဦးစားပေးပြန်ပို့ပေးနေတာကြောင့် တစ်ကြိမ်လျှင်လူဦးရေ ၂၀၀ ဦးပြန်ပို့ရာမှာ ပြန်ရမဲ့အလှည့်ကျစီနီယံများမပါဘဲ ငွေသမားတွေကိုသာ ပြန်ပို့ပေးနေတာတွေအပြင်  လူဦးရေတစ်ရာသာနေရတဲ့အခန်းတွေကို လူဦးရေနှစ်ရာအထိပေးနေစေပြီး  ကျန်းမာရေးစောင့်ရှောက် မှုမရသလို  အစာရေစာလုံလောက်မှုမရှိတော့ခြင်း  လူဦးရေများပြားလွန်းတာကြောင့် နေရာကြပ် တည်းစွာထပ်ပြီးအိပ်ရခြင်းတွေကြောင့် ယခုလိုဆန္ဒပြတောင်းဆိုတဲ့အထိဖြစ်လာရတာလို့  သိရပါတယ်။  

#MyanmarLabourNews

 


Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026