NEWS

၀င်ငွေရရှိမှု ကွာဟချက်ကြောင့် ပြည်ပထွက်ခွာသူများပြား၊ ပြည်တွင်းလုပ်ငန်းအချို့လုပ်သားရှားပါးမှုနဲ့ကြုံတွေ့လာရ

CoverLogo
524 Views

၀င်ငွေရရှိမှု ကွာဟချက်ကြောင့် ပြည်ပထွက်ခွာသူများပြား၊ ပြည်တွင်းလုပ်ငန်းအချို့လုပ်သားရှာ

လုပ်သားတစ်ဦး ရရှိတဲ့ ဝင်ငွေ ကွာဟမှုကြောင့် ပြည်ပ ကို သွားရောက် လုပ်ကိုင်သူများ လာတဲ့ အတွက် ပြည်တွင်း လုပ်ငန်း အချို့မှာ လုပ်သားရှားပါး လာတဲ့ အခက်ခဲ ကြုံတွေ့လာရတယ်လို့ ပြည်တွင်း လုပ်ငန်းရှင်တွေထံ က သိရပါတယ်။

စစ်အာဏာ သိမ်းပြီး နောက်ပိုင်း မြန်မာ့ငွေတန်ဖိုး ကျလာတာနှင့် အမျှ လုပ်ခလစာ ရရှိ မှု နဲ့ ပြည် တွင်း ကုန်ဈေးနှုန်း တက်လာတဲ့ ပမာဏ တွေကြောင့် ပြည်ပ ကိုသွားရောက် အလုပ်လုပ်သူဟာ ယခင် ထက် ထက်ဝက်ကျော် များလာတယ်လို့ ဆိုပါတယ်။

 ''ကျွန်မတို့ ရွာမှာ ဆိုရင် ထန်းတက် လုပ်သား မရှိတော့ဘူး အခု ထန်းတတ်နေတဲ့ သူတွေက အသက် ၄၀ကျော် ၅၀ နီးပါးတွေ အခုမျိုးဆက်သာ ပြီးရင်တော့ထန်းတတ်တဲ့သူရှိမှာမဟုတ်တော့ဘူး ရွာမှာ ရှိတဲ့ လူငယ်တွေက ပြည်ပ ကို အလုပ်သွား လုပ်ကျတာများတယ် ဒီမှာ ရတဲ့ ဝင်ငွေနဲ့ ကုန်ဈေးနှုန်းနဲ့ က မကာ မိဘူး စုဖို့ မပြောနဲ့ စားဖို့တောင် အနိုင် နိုင်လေ အဲ့တော့ ပြည်ပ ကို ထွက်ပြီး အလုပ်လုပ်ကျတာပေါ့ ''ဟု ညောင်ဦးမြို့နယ်မှ ထန်းတောပိုင်ရှင် တစ်ဦးကပြောပါတယ်။

လုပ်သားရှားပါးမှု မှာ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းတွေမှာသာမက စက်မှုလုပ်ငန်းတွေမှာလဲ လုပ်သားရှားပါးမှု နှင့်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 '' အရင်က အထည်ချုပ် မိန်းကလေး လုပ်သား အရမ်းများတယ်၊အခုဆိုရင် အထည်ချုပ်ကျွမ်းကျင် လုပ်သားဆို အတော်ကိုရှားတယ်၊ထိုင်းမှာ အထည်ချုပ်နဲ့ ပဲ သွား လုပ်ကျတာ အလုပ်ချင်းတူပေမယ့် ဟိုမှာက တစ်ရက် ကို မြန်မာငွေနဲ့တွက်ရင် အိုတီမပါ ဘဲတောင် သုံးသောင်းကျော်လောက်ရတယ်၊ဒီမှာက အခြေခံလစာ ၄၈၀၀ ကျပ် နဲ့ ဘာကြေး ညာကြေးပေါင်းမှ တစ်သောင်းလောက်ရတာ ၊အဲ့တော့ လူငယ်တွေအနေနဲ့ ထွက်ကျပြီပေါ့''ဟု လှိုင်သာယာအထည်ချုပ်စက်ရုံတစ်ခုတွင် စူပါ လုပ်နေသူ အလုပ်သမားတစ်ဦးကပြောပါတယ်။

လက်ရှိတွင် တစ်လ လျှင် ပျမ်းမျှအနေဖြင့် ထိုင်းနိုင်ငံ ကို တစ်ထောင်ကျော်၊ မလေးရှား နိုင်ငံ ကို ၂၀၀ ကျော်၊ဂျပန် နိုင်ငံ ကို ၅၀၀ကျော် ၊ကိုရီယား နိုင်ငံ ကို ၅၀၀ကျော် နှင့် အခြား နိုင်ငံ တွေကို လည်း သွားရောက်ပြီး၊တရားမဝင် သွားရောက်သူများလဲနေ့စဉ် ရှိနေကြောင်း သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026