NEWS

ဧပြီလ ၂၉ရက် မှစပြီးထိုင်းနိုင်ငံသို့ MOU မြန်မာအလုပ်သမား များ ကို လေကြောင်း ဖြင့် စေလွှတ်မှု စတင်မည်

CoverLogo
887 Views

ထိုင်း နိုင်ငံ သို့  MOU မြန်မာ အလုပ်သမား စေလွှတ်မှု ကို လာမယ့် ဧပြီ ၂၉ရက် က စ ပြီး လေကြောင်း နဲ့ စေလွှတ်မှု စတင်မယ်လို့ ထိုင်းနိုင်ငံကို တရားဝင် လုပ်သားစေလွှတ် နေတဲ့ လိုင်စင်ရအေဂျင်စီ တွေ ထံ က သိရပါတယ်။

MOU မြန်မာ အလုပ်သမား တွေ ကို မြဝတီ -မဲဆောက် နဲ့ ကော့သောင်း-ရနောင်း တို့ မှ ယခင် က စေလွှတ်ခဲ့ ပြီးလာမယ့် ဧပြီ ၂၉ရက်က စ ကာ ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံဒွန်မောင်း လေဆိပ် ကို စတင် စေလွှတ် တော့မယ်လို့ ဆိုပါတယ်။

လက်တလော မှာ လဲ မြဝတီ -မဲဆောက် လမ်းဟာ တိုက်ပွဲ တွေ  ဖြစ်ပွားနေတာကြောင့် MOU လုပ်သား စေလွှတ် ဖို့အဆင်မပြေ ဘူးလို့ အေဂျင်စီ တွေ က ပြောပါတယ်။

"၂၉ရက်က စပြီး လေယာဉ် နဲ့ စေလွှတ်မှု စတင်ပါပြီ၊အေဂျင်စီ တွေ အနေနဲ့  လေယာဉ်နဲ့ပဲ ထိုင်းကိုစေလွှတ်ရမှာမဟုတ်ပါဘူး ယခင် လမ်းကြောင်း တွေဖြစ်တဲ့ မြဝတီ-မဲဆောက် လမ်း ၊ကော့သောင်း -ရနောင်း လမ်း လဲ ပို့ချင် ပို့လို့ရတယ် လေကြောင်းနဲ့ ပို့မယ်ဆိုလဲရတယ်  လမ်းကြောင်း အသစ် ထပ်တိုး သွားတာပေါ့၊လေကြောင်း နဲ့ ပို့မယ် ဆိုရင်တော့ အလုပ်သမား တွေ အနေနဲ့ လေယာဉ်ခ ဒေါ်လာ ၁၄၅ လောက် ပိုကုန်ကျမှာပေါ့ ""ဟု ထိုင်းနိုင်ငံ ကိုတရားဝင်ပို့ဆောင်ပေးနေတဲ့လိုင်စင်ရအေဂျင်စီ မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လေကြာင်း ခရီး နဲ့ စေလွှတ်မှု ကို ထိုင်း-မြန်မာ တာဝန်ရှိ သူတွေ ဆွေးနွေးညှိ နှိုင်း မှု တွေ လုပ်ဆောင်ခဲ့တာ ကြာပြီ ဖြစ်ပေမယ့် စေလွှတ်နိုင်ဖို့ အတွက် ပြင်ဆင်နေရတာ မို့ လာမယ့် ဧပြီ ၂၉ရက် မှ စတင်စေလွှတ်မှာ  ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လေကြောင်း ကနေ စေလွှတ်မှု ကို  ဧပြီ လ ၂၉ရက် မှာ ဦးရေ ၁၀၀ ကို စတင်စေလွှတ်မှာ ဖြစ်ကာ  အလုပ်သမား လူဦးရေ ပေါ် မူတည် ပြီး တစ်ရက်ကို အယောက် ၄၀၀ အထိ စေလွှတ် နိုင်အောင် စီစဉ် ထားကာ လိုအပ်ပါက လေကြာင်း လိုင်းတိုးချဲ့ ပြေးဆွဲရန်အတွက်ကို လည်း စီစဉ် ထားတယ်လို့ သိရပါတယ်။

ထိုင်း နိုင်ငံ ကို  MOU မြန်မာအလုပ်သမား စေလွှတ် မှု ကို ယခင်က  မြဝတီ -မဲဆောက်ကနေ တစ်ရက် ကို အယောက် ၇၀၀ မှ၈၀၀ အထိ  စေလွှတ် နေရတယ်လို့ သိရပါတယ်။ 

#MyanmarLabourNews


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026