NEWS

ဥပေဒမဲ့ အလုပ်ထုပ်ပယ်တာကြောင့် နစ်နာမှုအတွက်အလုပ်သမားက အလုပ်ရှင်ကိုတရားစွဲ

CoverLogo
928 Views

ဥပေဒမဲ့ အလုပ်ထုပ်ပယ်တာကြောင့် နစ်နာမှုအတွက်အလုပ်သမားက အလုပ်ရှင်ကိုတရားစွဲ

ဖေဖော်ဝါရီ ၁၇
#Labour
#Myanmarcoup

YFA အထည်ချုပ်စက်ရုံပိုင်ရှင်ကို အလုပ်သမားနှစ်ဦးက ၎င်းတို့နစ်နာမှုအတွက် ရွှေပြည်သာမြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်တယ်လို့ အဲဒီအလုပ်သမားတွေအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှ ကူညီဆောင်ရွက်ပေးနေသူကဆိုပါတယ်။

ယခင်နှစ်ကုန်ပိုင်းက ရွှေပြည်သာမြို့နယ်ရှိ Yangon Fukuyama Appeal (YFA)အထည်ချုပ်စက်ရုံ မှ အလုပ်ခန့်ထားမှုသဘောတူစာချုပ်နှင့် မညီဘဲ အလုပ်သမားမအိပိုပိုလှိုင်အား ဥပဒေမဲ့ အလုပ်မှထုတ်ပယ်ခဲ့တဲ့အတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှာ သုံးကြိမ်တိတိညှိနှိုင်းဖြေရှင်းခဲ့ပေမယ့် ပြေလည်မှုမရရှိခဲ့ဘူးလို့သိရပါတယ်။

" ၀ါးတစ်ရာက YFA စက်ရုံက အီးစီမညီဘဲအလုပ်ထုတ်လိုက်တဲ့ကိစ္စဆိုရင်  အလညမှာသုံးကြိမ်ညှိနှိုင်းတာအဆင်မပြေဘူး။ မပြေလည်တော့ဦးစီးကနေပြီးတော့  နစ်နာတဲ့သူကတရားဆွဲဆိုပြီး စာထွက်တယ်။ ကျွန်တော်တို့တရားရုံးမှာ တရားစွဲဆိုထားတယ်။   ဒီနေ့ကပထမဆုံးရုံးချိန်းပဲ" လို့ ဆိုပါတယ်။

အဲ့ဒီလိုပြေလည်မှုမရရှိခဲ့တဲ့အပေါ် မြို့နယ်
ဦးစီးမှူးက တရားစွဲဆိုပေးရမှာ​ဖြစ်ပေမဲ့ တရားစွဲဆိုပေးရမဲ့အစား အလုပ်သမားကိုယ်တိုင်တရားစွဲဖို့ စာကိုသာထုတ်ပေးတဲ့အတွက် နစ်နာတဲ့အလုပ်သမားနှစ်ဦးကတရားစွဲခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

တရာစွဲဆိုမှုအတွက်ဖေဖော်ဝါရီ၁၅ရက်က ပထမဆုံးရုံးချိန်းစတင်ခဲ့တာဖြစ်ပြီး အဲဒီလို စက်ရုံပိုင်ရှင်အား အလုပ်သမားမှနစ်နာမှုအတွက်တရားစွဲဆိုခြင်းမှာ စက်ရုံလုပ်သားများအကြားပထမဆုံးဖြစ်လာတာလည်းဖြစ်သလိုအခုတရားစွဲဆိုရာမှာလည်း အမှန်တရားအတိုင်းအဆုံးဖြတ်ထွက်လာဖို့မျှော်လင့်ပြီး ထင်သလိုဖြစ်မလာပါက အမှန်တရားရဖို့အတွက် နိူင်ငံတကာတရားရေးအဆင့်ထိရင်ဆိုင်သွားမယ်လို့လည်းသိရပါတယ်။

YFAစက်ရုံဟာသာဓုကန်စက်မှုဇုန်နဲ့ ဝါးတရာစက်မှုဇုန်တို့မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး သာဓုကန်စက်မှုဇုန်က YFA စက်ရုံမှာလဲ  အလုပ်သမား ၁၅၀ ခန့်နဲ့လည်ပတ်နေတာဖြစ်ပြီး အထည်အော်ဒါနည်းတဲ့အကြောင်းပြချက်နဲ့ အလုပ်သမားဥပဒေအရ စက်ရုံပိတ်ရန်ကြိုတင်အသိမပေးဘဲ အလုပ်သမားတွေကို နို့တစ်ကြေးမပေးဘဲ  ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ကလည်း အလုပ်သမား ၁၅၀ နီးပါးကို အလုပ်ကရပ်စဲလိုက်တာနဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ထားပြီး  အလုပ်သမားတွေရဲ့ ကျွမ်းကျင်းကြေးတွေ Grade ကြေးတွေနဲ့ရက်မှန်ကြေးတွေကိုပါ ဖြတ်ခဲ့တာကြောင့် အလုပ်ရုံနဲ့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှာ တိုင်ကြားတောင်းယူခဲ့ရတယ်လို့လည်း
သိရပါတယ်။

#MyanmarLabourNews 
Photo-ပုံဟောင်း-စက်မှုဇုန်အလုပ်သမားများ


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026