NEWS

ဥပဒေပါ ခွင့်ရက်များ ခံစားခွင့်ရရန် ဆောင်ရွက်ပေးနေကြောင်း အလုပ်သမား ဒုဝန်ကြီးပြောဆိုပေမဲ့  အလုပ်သမားများ ခွင့်ယူရန်ခက်ခဲနေ

CoverLogo
384 Views

ပြဌာန်းထားတဲ့ ဥပဒေပါ ခွင့်ရက်တွေအတိုင်း အလုပ်သမားတွေရရှိဖို့ လုပ်ဆောင်ပေးနေတယ်လို့ အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြောဆိုခဲ့ပေမယ့် လက်ရှိမှာတော့ စက်ရုံအများစုမှာ ဥပဒေပါခွင့်ရက် တွေ ရယူဖို့တောင်ခက်ခဲနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဇွန်လ(၂၄)ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) မှာ ပြုလုပ်ခဲ့တဲ့ လူငယ် လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် လေအေးပေးစက်ပြုပြင်တပ်ဆင်ခြင်းသင်တန်းနှင့် စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားမှာ အခုလိုပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

ဒုဝန်ကြီးက ပြောဆိုရာမှာတော့ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်နဲ့ မီးဖွားခွင့်တို့ကို ဥပဒေနဲ့အညီ ခံစားရရှိစေဖို့ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေပါ ဥပဒေပါခွင့်ရက်တွေကို ရယူဖို့ ခက်ခဲလာတာပဲ ဖြစ်ပါတယ်။

ဒီအခြေအနေဟာ စက်ရုံအများစုမှာ ဖြစ်ပေါ်နေတာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနကလည်း ဥပဒေပါ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာကိုလည်း အရေးယူဖြေရှင်းပေးမှုလည်း အားနည်းနေပါတယ်။

“ခွင့်ခံစားခွင့်တွေက ဘာမှမရပါဘူး။ ရှောင်တခင်ခွင့်လည်း မရဘူး။ လူမှုဖူလုံရေးဆေးခွင့်ယူရင် (၄၈၀၀) အဖြတ်ခံရပါတယ်။ ပြောမယ်ဆို ဘယ်လိုခွင့်ပဲယူယူ ဒေးကြေးဖြတ်တောက်ခံရပါတယ်”လို့ LITA MYANMAR အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားဝန်ကြီးဌာနဟာ ဥပဒေပါ ခံစားခွင့်တွေကို အလုပ်သမားတွေ ချိုးဖောက်ခံရတာ၊ အဓမ္မခိုင်းစေခံရတာ စတာတွေကိုလည်း အရေးယူဖြေရှင်းပေးမှု မရှိတော့ဘူးလို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

 

 


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026