NEWS

အွန်လိုင်းမှဒေါ်လာရောင်းဝယ်သူများကို ဖမ်းဆီးအရေးယူမည်ဟုစစ်ကောင်စီကခြိမ်းခြောက်

CoverLogo
1.5K Views

အင်တာနက်ပေါ်မှတစ်ဆင့်  ဒေါ်လာအရောင်းအဝယ်လုပ်ကိုင်နေသူများက စျေးတက်ရန် ဒေါ်လာဈေးကစားနေတယ်လို့ စွပ်စွဲကာ အွန်လိုင်းမှဒေါ်လာရောင်းဝယ်သူများကို ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လိုက်ပါတယ်။

''သူတို့ဘယ်လိုပဲခြိမ်းခြောက်နေနေ ရောင်းနေကြမှာပဲ။ သူတို့ကလည်း သူတို့သတ်မှတ်စျေးနဲ့ထုတ်ရောင်းမပေးဘူး။ ဒေါ်လာအရမ်းရှားနေမှတော့ စျေးတက်မှာပဲ။ မှောင်ခိုစျေးကွက်ကရှိနေမှာပဲ မပျောက်သွားဘူး''လို့ ဒေါ်လာဖြင့်လုပ်ငန်းလည်ပတ်နေသူလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းရခြင်းနဲ့ပတ်သက်ပြီးဒါဟာ အမေရိကန် ဗဟိုဘဏ် အတိုးနှုန်းဆက်တိုက်မြှင့်တင်နေခြင်း၊ သတင်းမီဒီယာများက ဒေါ်လာဈေးတက်အောင် ရေးသားခြင်းတွေနဲ့ အွန်လိုင်းကနေအရောင်းအဝယ်ပြုလုပ်ခြင်းတွေကြောင့် အခုလို မြန်မာကျပ်ငွေတန်ဖိုးကျနေခြင်းဖြစ်တယ်လို့ စစ်ကောင်စီ၏ဗဟိုဘဏ်က ထုတ်ပြန်ကြေငြာလိုက်တာပါ။

လက်ရှိမှာရွှေဈေး၊ ဒေါ်လာနှင့် စက်သုံးဆီဈေး နေ့စဉ်မြင့်တက်နေပြီး ဩဂုတ်၂၈ရက်ညအထိ တစ်ဒေါ်လာကို ၃၂၀၀ကျော်အထိ မြင့်တက်နေကာ ပြင်ပစျေးကွက်မှာ အရောင်းဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

ထို့အပြင် ထိုင်းဘတ်ငွေလဲနှုန်းမှာလည်း ၁ ဘတ်လျှင် ကျပ် ၁၀၀ နီးပါးအထိကျပ်တန်ဖိုးကျဆင်းသွားပြီး အလာတူတရုတ်ငွေ တစ်ယွမ်ကို မြန်မာကျပ်ငွေ ၄၅၀အထိ မြင့်တက်နေတာပဲဖြစ်ပါတယ်။

အခုလိုကျပ်ငွေတန်ဖိုးကျဆင်းနေမှုကို ဖြေရှင်းရန် စစ်ကောင်စီဗဟိုဘဏ်ကလုပ်ငန်းရှင်များကိုခေါ်ယူဆွေးနွေးမှုတွေ စစ်ဆေးကြပ်မတ်မှုတွေလုပ်နေတယ်လို့လည်း သိရပါတယ်။

MyanmarLabourNews


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026