NEWS

အွန်လိုင်းပေါ်မှ  အလုပ်အကိုင်ရှာဖွေပေးမည်ဟု မက်လုံးပေးကာ ငွေတောင်းခံမှုတွေ သတိပြုဖို့လို

CoverLogo
831 Views

လူမှုကွန်ယက်ပေါ်ကနေ တဆင့် အလုပ်အကိုင် လိုအပ်သူများအတွက် အလုပ်ခေါ်ယူတဲ့ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပေးမယ်ဆိုပြီး အလုပ်ခေါ်စာအတုတွေနဲ့ ငွေကြေးလိမ်လည်တာတွေ ရှိနေတယ်လို့ နစ်နာသူတွေက ပြောပါတယ်။

ဒီလိုငွေကြေးလိမ်လည်မှုတွေဟာ အရင်ကတည်းက ရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ ပိုမိုများပြားလာတာပါ။ ကိုဗစ်ကာလကစတင်ပြီး ပြည်တွင်းမှာ အလုပ်လက်မဲ့နှုန်း များလာတာ၊ အလုပ်အကိုင် ခေါ်ယူမှု လျော့နည်းလာတာတွေကြောင့် အလုပ်ခေါ်စာအတုတွေနဲ့ လိမ်လည်မှုတွေ ပိုမိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။

''သမီးတို့က အွန်လိုင်းဂရုမှာ တွေ့မိတာပါ။ ခေါ်တဲ့အလုပ်က WiFi ကုမဏီမှာ ဖုန်းဖြေတဲ့အပိုင်း လုပ်ရမယ်ပို့စ် တင်ထားတော့ ဖုန်းဆက်လိုက်တာ။ သူတို့ပြောသလို ဖောင်တွေတင်ပြီးတော့ ဝန်ဆောင်ခ ၅၀၀၀ ပေးရမယ်ဆိုပြီး တောင်းတယ်။ အဲဒီကတည်းက ဖုန်းကိုပြန်မဆက်ဘူး။ သမီးတို့ ပြန်ဆက်တော့လည်း ကြေညာထားတဲ့ဖုန်းတွေ စက်ပိတ်ထားတယ်။ အဲဒီတော့မှ အလိမ်ခံရမှန်းသိတာ''လို့ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ အလုပ်ရှာဖွေနေသူက  ပြောပါတယ်။

လက်ရှိမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေချိတ်ဆက်နိုင်ဖို့ အွန်လိုင်းဂရုတွေ အများအပြား ရှိနေပြီး လိမ်လည်သူတွေကလည်း အရင်ထက်များလာတယ်လို့ သိရပါတယ်။

အခုလိုလိမ်လည်ရာမှာလည်း ငွေကြေးပမာဏက ကျပ်ငါးထောင်မှစပြီး သောင်းဂဏန်းထိ ပေးရတာဖြစ်ပြီး အလုပ်အကိုင် ရပါက ရာခိုင်နှုန်း ဘယ်လောက်ထပ်မံပေးရမယ်ဆိုပြီး မက်လုံးပေးကာ အလုပ်လျှောက်လွှာကို အွန်းလိုင်းကနေ လက်ခံပြီး ငွေကြေးလိမ်လည်နေတာပါ။ 

ဒါအပြင် အလုပ်လျှောက်လွှာကို တစ်စောင် ၅၀၀၀ ကျပ်နဲ့ ရောင်းချပြီး အလုပ်ရှာပေးမယ်ဆိုကာ စီဗွီဖောင် လက်ခံပေးပြီး အဆက်အသွယ်ဖြတ်တောက်သွားတဲ့ လိမ်လည်သူတစ်ချို့လည်းရှိတာကို အလုပ်ရှာဖွေသူတွေ သတိပြုဖို့ လိုအပ်နေတာဖြစ်ပါတယ်။

''စက်ရုံအလုပ်လည်း မလုပ်ချင်ဘူး။ အွန်လိုင်းက အလုပ်ရှာလို့ရတယ်ဆိုတော့ သဘောကျတာပေါ။ ဂရုထဲ ပို့စ်တင်တာဆိုတော့ လိမ်တဲ့သူလို့လည်း မထင်ဘူး။ အခုမှ အဲ့ လိုလိမ်တာတွေရှိမှန်း သိတာပါ။ ကျွန်တော်ကိုယ်တိုင်တော့ အလိမ်မခံရသေးဘူး။ သတိတော့ထားရမယ်။ ကျွန်တော်ကအစ အဲ့လိုတင်ထားရင် ယုံတယ်လေ''လို့ အလုပ်ရှာဖွေဖို့ ကြိုးစားနေသူတစ်ဦးက ပြောပါတယ်။
 
ပြည်တွင်းမှာ တရားဝင်လိုင်စင်ရ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ (၈၀)ခု ရှိနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

အလုပ်ရှင်တွေကလည်း အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး အလုပ်သမား ရှာဖွေတာ၊ အလုပ်အကိုင် အခွင့်အလမ်းရှာဖွေရေး ဂျာနယ်တွေမှာ အလုပ်ခေါ်စာ ထည့်သွင်းတာနဲ့ အလုပ်အကိုင် အခွင့်အလမ်းပြပွဲတွေကနေ အလုပ်သမားခေါ်ယူတာတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

''လေဘာရုံးတွေမှာ အလုပ်ခေါ်စာကပ်ပြီး အလုပ်သမား ခေါ်တာတွေ ရှိတယ်။ စက်ရုံတွေဆို စက်ရုံဝင်ပေါက်မှာ ကြေညာစာ ကပ်တယ်။ ဝန်ထမ်းတွေကို အသိပေးတယ်။ နောက်ပြီး job fair တွေ လုပ်ပြီး ခေါ်တာတွေ ရှိတယ်။ အွန်လိုင်းက ခေါ်တဲ့ဟာဆို သေချာသတိထားဖို့ လိုတယ်။ တစ်ချို့က ပို့စ်အဟောင်းတွေတင်ပြီး ပြန်ခေါ်တယ်။ တစ်ချို့က ကုမဏီနာမည်ကို အလွဲသုံးစားလုပ်ပြီး အလုပ်ခေါ်စာအတု လုပ်တာတွေရှိတယ်''လို့ အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ အလုပ်ခေါ်စာအတုလုပ်ပြီး အွန်လိုင်းကငွေကြေး လိမ်လည်တာတွေကို တိုင်ကြားမှုဟာ မရှိသလောက် နည်းနေတာဖြစ်ပြီး ဒီလိုဖြစ်စဉ်တွေကို အသိပညာပေးတာတွေလည်း အားနည်းနေတာဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026
Cover
ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ
Mar 23, 2026
Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026