NEWS

အွန်လိုင်း ကနေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားမှု တင်းကျပ်မည်ဟုဆို

CoverLogo
391 Views

နိုင်ငံကူးလက်မှတ် အွန်လိုင်းကနေ သက်တမ်းတိုးဖို့ Appointment ယူရာမှာ ကိုယ်ကျိုးအတွက် အသုံးပြုကာ မသမာမှုလုပ်ဆောင်နေတာကြောင့် မြန်မာသံရုံး ( တိုကျို ) အနေနဲ့က ကိုယ်စားလျှောက်ထားမှုတွေအပေါ်ကန့်သတ်လိုက်တယ်လို့သိရပါတယ်။ 

 

မြန်မာသံရုံး ( တိုကျို ) အနေနဲ့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကောင်စစ်ဝန်ဆိုင်ရာ ကိစ္စတွေနဲ့ နိုင်ငံကူးလက်မှတ် ကိစ္စတွေကို ဆောင်ရွက်ပေးနေရာမှာ လူကိုယ်တိုင် လာရောက်လျှောက်ထားသူတွေ များပြားနေလို့ Online Appointment စနစ်ကို ၂၀၂၄ ခုနှစ် ၊ ဧပြီလ ၁ ရက်က စတင်ပြီး ကျင့်သုံးခဲ့တယ်လို့ဆိုပါတယ်။ 

 

အဲ့ဒီ့Online Appointment စနစ်ကို ရက်ချိန်းရယူထားပြီး အလုပ်အားလပ်မှု မရှိတဲ့သူတွေအတွက် သံရုံးကို လူကိုယ်တိုင် မလာရောက်နိုင်ပါက မိသားစုဝင်တစ်ဦးဦးဖြစ်စေ ၊ အသိမိတ်ဆွေတစ်ဦးဦးဖြစ်စေ ကိုယ်စားလှယ်လွှဲစာနဲ့ လာရောက်လျှောက်ထားတာကို သံရုံးက ဖြေလျှော့ခွင့်ပြုပေးခဲ့ပါတယ်။ 

 

အခုလိုဖြေလျှော့ပေးတဲ့အပေါ် တချို့သူတွေက မိမိအကျိုးအတွက် အသုံးပြုနေတာကို သံရုံးက စိစစ်တွေ့ရှိရပြီး အဲဒီပုဂ္ဂိုလ်တွေက မိမိကိုယ်တိုင်တိုင်အတွက် လျှောက်ထားဖို့ မဟုတ်ဘဲ Online Appointment စနစ်ကို နာမည်အမျိုးမျိုး ၊ အီးမေးလ်လိပ်စာ အမျိုးမျိုးနဲ့ ဝင်ရောက်ပြီး ကြိုတင် Appointment ကို ယူထားကာ အဲဒီ Appointment ကို အခကြေးငွေနဲ့ ရောင်းချပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေတာကို တွေ့နေရကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

 

အွန်လိုင်း‌လျှောက်ထားမှုစနစ် အပေါ် ကိုယ်ကျိုးရှာကာမသမာမှုပြုကြတဲ့သူ‌တွေ‌‌ ကြောင့်ကိုယ်တိုင်ဆောင်ရွက်လိုတဲ့ မြန်မာနိုင်ငံသားတွေက ရက်ချိန်းယူရာမှာ အခက်အခဲတွေ ဖြစ်နေတာကို တွေ့နေရတဲ့အတွက် သံရုံးအနေနဲ့ မိမိအကျိုးစီးပွားအတွက် Online Appointment ကြိုတင်ရယူထားတဲ့ သံသယရှိသူတွေရဲ့ Appointment တွေကို စနစ်တကျ စိစစ်ပြီး ပယ်ဖျက်နေတယ်လို့လည်းဆိုပါတယ်။ 

 

အခုလို ပယ်ဖျက်ရာမှာ ကိုယ်တိုင်လျှောက်ထားဖို့ ဆောင်ရွက်ထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ Appointment တွေ ပါရှိသွားပါက အချက်အလက် အပြည့်အစုံ တင်ပြပြီး သံရုံးမှာ လူကိုယ်တိုင် လျှောက်ထားနိုင်မယ်လို့သိရပါတယ်။ 

 

သံရုံးက လိုအပ်တဲ့စိစစ်တာတွေ ပြုလုပ်ပြီး လက်ခံဆောင်ရွက်ပေးမှာဖြစ်ကာ ကောင်စစ်ဌာနထဲကို ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီးသံရုံးမူနဲ့ ကိုက်ညီတဲ့ လျှောက်ထားမှုတွေနဲ့ မိသားစုဝင်တွေကလွဲပြီး Appointment တစ်ခုကို လျှောက်လွှာတစ်စောင်သာ လက်ခံသွားမှာဖြစ်ပါတယ်။ 

 

ကိုယ်စားလျှောက်ထားတာကိုကန့်သတ်မှုအရမိသားစုဝင်တွေကလွဲပြီး ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ကိုယ်စားလာရောက်လျှောက်ထားသူတွေကို လက်ခံဆောင်ရွက်ပေးမှာ မဟုတ်ဘဲ သံရုံးကို လူကိုယ်တိုင် လာရောက်လျှောက်ထားဖို့ အခက်အခဲရှိတဲ့ ဝေးလံဒေသတွေက မြန်မာနိုင်ငံသားတွေ အနေနဲ့ စာတိုက်ကတစ်ဆင့် ပေးပို့လျှောက်ထားတာကို ခွင့်ပြုပေးသွားမယ်လို့ သိရှိရပါတယ်။ 

 


Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026