NEWS

အူရီဒူး နှင့်အငြင်းပွားသည့် စီနီယာမန်နေဂျာ တို့ နှစ်ဖက် ပြေလည်မှုရပြီး တရားစွဲထားသော အမှုရုပ်သိမ်း

CoverLogo
264 Views

အူရီဒူး နှင့်အငြင်းပွားသည့် စီနီယာမန်နေဂျာ တို့ နှစ်ဖက် ပြေလည်မှုရပြီး တရားစွဲထားသော အမှုရုပ်သိမ်း   


Pepsi အချိုရည်စက်ရုံကို အလုပ်သမားမှတရားစွဲဆိုမှု ပြေလည်မှုရ 

ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော အူရီဒူး (ယခု U9) နဲ့ FTTH စီနီယာမန်နေဂျာ တို့ကြား ဖြစ်ပွားနေသော အငြင်းပွားမှုကို ကမာရွတ်ခရိုင် တရားရုံးတွင် နှစ်ဖက် ပြေလည်မှုရရှိပြီး ချွင်းချက်မရှိ အမှုကို ရုပ်သိမ်းလိုက်တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM)က ထုတ်ပြန်ပါတယ်။ 


အဆိုပါအမှုကိစ္စမှာ လုပ်သက် (၄)နှစ်ရှိ FTTH Senior Manager ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းအား  အလုပ်ရှင်အလုပ်သမား EC စာချုပ်ချိုးဖောက်ပြီး အူရီဒူးဘက်က နစ်နာကြေးမပေးဘဲ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းကြောင့် နှစ်ဖက်အငြင်းပွားမှု ဖြစ်ခဲ့တာပါ။  


အလုပ်ထုတ်ပယ်ချိန်တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဝန်ထမ်းရပိုင်ခွင့်များကိုလည်း မပေးဘဲ မတရားအလုပ်မှထုတ်ပယ်ခံခဲ့ရခြင်းဖြစ်တယ်လို့ STUM ထံမှ သိရပါတယ်။ 


ထိုနောက် သက်ဆိုင်ရာမြို့နယ် အလုပ်သမားညွှန်ကြားမှူဦးစီးဌာနတွင် ဖြေရှင်းရာတွင်လည်း ပြေလည်မှုမရခဲ့ဘဲ  ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်တွင် ကမာရွတ်ခရိုင်တရားရုံးတွင် အမှုကို စတင်စွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။ 


ယခုအခါ အမှုစတင်စွဲဆိုပြီး တစ်နှစ်အကြာ ၂၀၂၅၊ ခုနှစ် ဩဂုတ်လ၂၇ ရက်နေ့ ရုံးချိန်း(၂၉)ချိန်းမြောက်နေ့တွင် အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ညှိနှိုင်းကာ ချွင်းချက်မရှိ အမှုကို ရုပ်သိမ်းခဲ့ခြင်းဖြစ်ပါတယ်။  


ထို့အပြင် Pepsi အချိုရည်စက်ရုံတွင် လုပ်သက် ၈ နှစ်ကြာ လုပ်ခဲ့သော စီနီယာ လျှပ်စစ် အင်ဂျင်နီယာ (S1) ဦးသောင်းဟန်သည်လည်း ၂၀၂၅)ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့အထိ ရုံးချိန်းတွင် နှစ်ဖက်ပြေလည်မှုရရှိပြီး အမှူ ပိတ်သိမ်းခဲ့ကြောင်း STUM ထံကနေ သိရပါတယ်။  


ထိုအမှုသည်လည်း အလုပ်ထုတ်ခံရပြီး ၃ နှစ်ကြာ မှ တရားစွဲတောင်းခဲ့ရသည့် အလုပ်ထုတ်နစ်နာကြေး ဖြစ်ပြီး အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်(တရားရုံးပြင်ပ) ညှိနှိုင်းသဘောတူညီချက် ရရှိပြီးနောက်မှ အမှူ ပိတ်သိမ်းခဲ့ရခြင်းဖြစ်ပါတယ်။ 


ဦးသောင်းဟန်သည် (၂၀၂၂)ခုနှစ် အောက်တိုဘာ (၃၁) ရက်နေ့တွင် အလုပ်မှ ထုတ်ပယ်ခံခဲ့ရပြီး အလုပ်ထုတ်ခံရသော ကိစ္စနဲ့ ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနတွင် အဆင့်ဆင့် ညှိနှိုင်းဖျန်ဖြေရေး ဆောင်ရွက်ရာတွင် အဆင်မပြေခဲ့ခြင်းကြောင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။

ထို့ကြောင့် ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် မှော်ဘီခရိုင်တရားရုံး ၌စတင် တရားစွဲဆိုခဲ့ပါတယ်။ 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026