ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ အီလက်ထရောနစ်စက်ရုံက မြန်မာလုပ်သား ၄၇၂ဦးကို အကြောင်းမဲ့ အလုပ်ထုတ်ပယ် ခံရတယ်လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့မှာ မြန်မာအလုပ်သမား ၄၇၂ ဦး ကို စက်ရုံဘက်မှ လုပ်ငန်းခွင်အတွင်း ထုတ်လုပ်မှု လျော့နည်း လာသည်ဟုအကြောင်းပြကာ ရုတ်တရက် အလုပ်ထုတ်မှ ထုတ်ပယ်လိုက်တယ်လို့သိရပါတယ်။
အခုလို အကြောင်းမဲ့ အလုပ်ထုတ်ခံရတဲ့ အတွက် အလုပ်သမားတွေက MHAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့
ကြကာ မတ်လ ၁၃ ရက်နေ့မှာတော့ MHAC အဖွဲ့သားတွေဟာ LPN ဖောင်ဒေးရှင်း၊ နယ်မြေခံအစိုးရဌာန တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ကူညီဆောင်ရွက်မှုတွေ စတင်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုလို ကူညီပေးမှုကြောင့် သက်ဆိုင်ရာ ကြားခံအေဂျင်စီနဲ့ စက်ရုံတာဝန်ရှိသူတွေက အဲ့ဒီနေ့မှာတင် လာရောက်ညှိနှိုင်းပေးခဲ့ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ MHAC အဖွဲ့ရှေ့မှောက်မှာပဲ အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို တာဝန်ယူဖြေရှင်းပေးရန် ရက်ချိန်းတစ်ခု သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေ အတွက် နစ်နာကြေး ဘတ်ဆယ်သန်းကျော်ခန့်ရရှိနိုင်ပေမယ့် မြန်မာလုပ်သားတွေ အစုလိုက် အလုပ်ထုတ်ခံရကာ အလုပ်လက်မဲ့ ဖြစ်သွားတာကြောင့် နစ်နာမှုတွေဖြစ်စေတယ်လို့ MHACမဟာမိတ်အဖွဲ့ဦးဆောင်သူ AACကိုရဲမင်းကပြောပါတယ်။
ယခုကိစ္စနှင့်ပက်သက်၍ အမှုပြီးဆုံးသည်အထိ အလုပ်သမားများနဲ့အတု ရပ်တည်ဆောင်ရွက်ပေးသွားမယ်လို့ MHACအဖွဲ့က ထုတ်ပြန်ထားပါတယ်။









