NEWS

အိုမီခရွန်ကူးစက်မှု့အတွက် စက်ရုံလုပ်သားတွေစိုးရိမ်နေရ

CoverLogo
1.1K Views

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကစတင်ခဲ့တဲ့ကိုဗစ် နိုင်တင်း ရောဂါပိုးဟာ ယခုချိန်မှာတော့စစ်ရေးနိုင်ငံရေးမတည်ငြိမ်မှု့တွေရှိနေတဲ့မြန်မာနိုင်ငံမှာအိုမီခရွန်မျိုးကွဲသစ်အဖြစ်ခြောက်လှန့်နေပါပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာရှိစဥ်ကာလမှာ ကိုဗစ်စည်းမျည်းစည်းကမ်းတွေနဲ့လုပ်ကိုင်ခဲ့ကြရတဲ့စက်ရုံအလုပ်ရုံတွေဟာ အခုတော့လုပ်သားတွေအပေါ်ကျန်းမာရေးစောင့်ရှောက်မှု့ကိုလစ်လျူရှု့ပြီးထင်တိုင်းကြဲနေတယ်လို့အလုပ်သမားတွေကဆိုပါတယ်။

"ကျန်းမာရေးထက်စားဖို့ကအရေးကြီးနေတော့လုပ်ရတာပဲ သူတို့ကတပတ်ကိုမှ Mask နှစ်ခုပေးတာစက်ရံတခုလုံးဖျားတယ် ကိုယ့်ကြောင့်အိမ်ကမိသားစုဝင်တွေရောဂါကူးပြီးသေတာတွေရှိခဲ့တယ်"

ဒါကတော့စစ်တပ်အာဏာသိမ်းပြီးနောက်ကိုဗစ်ကာကွယ်ရေးလုပ်ဆောင်မှု့မပေးသလောက်ရှိနေတဲ့အထည်ချုပ်စက်ရုံကအလုပ်သမားတဦးရဲ့စကားသံပါ။

စစ်အာဏာမသိမ်းခင်ကိုဗစ်ပထမလှိုင်းနဲ့ဒုတိယလှိုင်းမှာရောဂါပိုးမကူးစက်ရေးအတွက်ဟန်ပြစီမံခဲ့တဲ့စက်ရုံတွေဟာယခုကိုဗစ်မျိုးကွဲအိုမီခရွန်ရောဂါပိုးရောက်လာတဲ့အချိန်မှာတော့စက်ရုံတွင်းက လက်ဆေးဇလုံတွေပါယိုးယွင်းလာတဲ့အထိကျန်းမာရေးဂရုစိုက်မှု့ကင်းမဲ့နေပြီလို့အလုပ်သမားတွေကဆိုပါတယ်။

"တရုံးလုံးဖျားတာပဲသူတို့ကဂရုမစိုက်ဖူး ဖျားရင်ပြန်လွှတ်တယ်ဖျားရင်ရုံးမလာနဲ့ဒါပဲပြောတယ်ကျန်းမာရေးပစ္စည်းကလဲထောက်ပံ့မှု့ကမရှိသလောက်ပဲဒီကာလမှာပိုဆိုး"လို့ ရန်ကုန်မြို့ရှိအထည်ချုပ်စက်ရုံကလုပ်သားတဦးကဆိုပါတယ်။

စက်ရုံတရုံမှာအနည်းဆုံးလုပ်သားဦးရေရာဂဏန်းကနေထောင်ဂဏန်းအထိရှိနေပြီးစက်ရံဖက်က ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်တွေလိုက်နာမှု့မရှိပဲဝင်ငွေတိုးတက်ရေးကိုသာဦးစားပေးနေတဲ့အတွက် စက်ရုံလုပ်သားတွေကဒီရောဂါနဲ့ပါတ်သက်ပြီးကျီးလန့်စာစားနေရသလိုဖြစ်နေတယ်လို့လုပ်သားတွေကဆိုပါတယ်။

"လက်ဆေးဇလုံဆိုစုတ်ပြတ်သတ်နေတာပဲလုပ်ထားတာ ဆပ်ပြာဆိုလဲမဖြစ်လို့သာချပေးရတဲ့ပုံစံမျိုးအတော်စိတ်ပျက်စရာကောင်းတာပါ"လို့အမည်မဖော်လိုတဲ့စက်ရုံလုပ်သားတဦးက MLN ကိုပြောပါတယ်။

ဒါ့အပြင် စက်ရုံဖက်ကလုံခြုံရေးဝန်ထမ်းတွေကအပူချိန်တိုင်းတာတွေကိုယခင်ကလိုကာကွယ်ရေးဝတ်စုံမဝတ်ပဲဖြစ်သလိုတိုင်းတာနေတဲ့အတွက်ပိုပြီးစိုးရိမ်စရာကောင်းနေတယ်လို့ဆိုပါတယ်။

ယခုလက်ရှိအခြေအနေမှာစက်ရုံလုပ်သားတွေအပေါ်စက်ရုံဖက်ကကျန်းမာရေးစောင့်ရှောက်ပေးတဲ့အခြေအနေအပေါ်ကိုမေးမြန်းရာမှာတော့

"အရင်ကတော့ပိတ်ဆိုလဲသူတို့ပိတ်ပေးတယ် ခုဟာကတော့လုပ်ချင်သလိုကိုလုပ်တော့တာပဲသူတို့အဲ့လိုလုပ်လို့ကျမတို့မှာသက်ကြီးမိသားစုဝင်တွေဆုံးရှုံးခဲ့ရတာတွေရှိခဲ့ရတယ်"လို့ရွှေပြည်သာမြို့နယ်တွင်းကစက်ရုံအလုပ်သမတဦးကဆိုပါတယ်။

ယခင်ကစက်ရုံတွင်းဖျားနာတဲ့သူတွေရှိလာရင်ပိုးသတ်ဆေးဖြန်းတာတွေလုပ်ခဲ့ပေမယ့် ယခုစစ်ကောင်စီအာဏာသိမ်းထားတဲ့ကာလမှာတော့မရှိလာတော့ဘူးလို့လဲ MLN ကမေးမြန်းမှုကို အလုပ်သမားတွေကဆိုပါတယ်။

မနေ့ကပဲ မင်္ဂလာဒုံမြို့နယ်ရှိ  မှန်ဘီလူး စက်ရုံတစ်ခုမှာ ကိုဗစ်ရောဂါဖြစ်ပွားသည့်လူနာ ၇၀၀ ကျော်တွေ့ရှိခဲ့တယ်လို့စစ်ကောင်စီရဲ့ကျန်းမာရေးဌာနကသတင်းထုတ်ပြန်ပါတယ်။

ယခုကဲ့သို့ ကိုဗစ်ရောဂါအစုလိုက်ဖြစ်ပွားမှုအား တွေ့ရှိမှုနဲ့စပ်လျဉ်းပြီး ရန်ကုန်တိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကကွင်းဆင်းကာ မင်္ဂလာဒဂုံမြို့နယ်ရှိ စက်ရုံလုပ်ငန်းတစ်ခုမှ ဓါတ်ခွဲနမူနာ ၂၂၃၃ ခုအား စစ်ဆေးခဲ့တာဖြစ်တယ်လို့စစ်ကောင်စီရဲ့ကျန်းမာရေးဌာနကထုတ်ပြန်ပြီးအဲ့ဒီ့ထဲမှာမှအိုမီခရွန်ရောဂါပိုးတွေ့ရှိသူတွေလဲရှိနေတယ်လို့ဆိုပါတယ်။


ဒါ့အပြင်ရန်ကုန်တိုင်းဒဂုံဆိပ်ကမ်းမြို့နယ်ထဲကအတည်မပြုနိုင်သေးတဲ့စက်ရုံတခုမှာလဲအိုမီခရွန်ရောဂါပိုးတွေ့ရှိသူစက်ရုံအလုပ်သမား ၁၇ ဦးကျော်ရှိခဲ့တယ်လို့MLNရဲ့သတင်းအရင်းအမြစ်တွေကအတည်ပြုထားပါတယ်။

ကိုဗစ်ဗီဇမျိုးကွဲသစ်ဟာ အာရှမှာကူးစက်မှု့မြင့်မားနေပြီးမြန်မာနိုင်ငံတွင်းမှာပါပျံ့ပွားမှု့တွေရှိနေပေမယ့်စစ်ကောင်စီလက်ထက်စက်ရုံ၊ အလုပ်ရုံတွေမှာကျန်းမာရေးစောင့်ရှောက်မှု့တွေအားနည်းလာတဲ့အတွက်အလုပ်သမားတွေအနေနဲ့စိုးရိမ်နေကြရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကတော့ကိုဗစ်ရောဂါနဲ့ပတ်သက် ပြီးကျန်းမာရေးစောင့်ရှောင့်မှု့တွေယခင်ကလိုလုပ်ဆောင်ကြဖို့ထုတ်ပြန်ထားပေမယ့်MLNရဲ့လုပ်သားတွေအပေါ်မေးမြန်းချက်အရကျန်းမာရေးစောင့်ရှောက်မှု့ကမရှိသလောက်ဖြစ်နေတယ်လို့လုပ်သားတွေကဆိုပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026