NEWS

အိုမန်မှပေးစာ - ၅

CoverLogo
432 Views
 
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ - လမ်းမှာနေထိုင်ခဲ့တဲ့ ကျမ ၇/သကန(နိုင်) ----- မှတ်ပုံတင်အမှတ်ကိုင်ဆောင်သူ မ----- သည် ပြည်ခရိုင်၊ သဲကုန်းမြို့ နယ်၊ ပုတီးကုန်းမြို့၊ သိရိဇေယျာ ၃ လမ်းရှိ ဒေါ် -----အေးဂျင့်ဖြင့် အိုမန်နိုင်ငံသို့ အလုပ်လာလုပ်ရန် ဆောင်ရွက်ခဲ့ပြီး အိုမန်နိုင်ငံတွင်၂လ ဖြတ်ဖြင့် အလုပ်လာရောက်လုပ်ကိုင်ခြင်းဖြစ်ပါသည်၊
 
မြန်မာပြည်ကနေ ၁၂လပိုင်း၊ ၂၀၂၃ ခုနှစ်စတင်ထွက်လာပြီး အိုမန်နိုင်ငံကို ရက်တော့မမှတ်မိဘူး။ အိုမန်ရောက်ပြီး အိမ်ရှင်အိမ်ထည့်ပေးပြီး အိမ်ရှင်အိမ်ရောက်ပြီး ၅လ အလုပ်လုပ်ပြီး ဗိုက်အောင့်လို့ နားခွင့်တောင်းတာကို ခွင့်မပေးဘဲအိုမန်ရုံးကို ကျွန်မကိုပြန်ပို့ပါသည်။
 
နောက်ထပ် ဒုတိယအိမ်ထပ်ထည့်ပေး ပြီး ၃လအလုပ်လုပ်ပြီး အကြောင်းပြချက်မရှိ ဘာမှမပြောဘဲရုံးသို့ပြန်ပို့ပါသည်၊ နောက်ထပ် တတိယအိမ် ထပ်ဝင်ပြီး ၅လနဲ့ ၁၂ရက်နေ့မှာ သူဌေးမရဲ့မောင်မှ ကျမကို အဓမ္မပြုကျင့်တာခံရပြီး ကျွန်မလည်းကြောက်ကြောက်နဲ့ အိမ် နောက်ပေါက်ကနေ ထွက်ပြေးလာပြီး ရုံး၆နာရီလောက်မှပြန်ရောက်တယ်၊ ရုံးကိုရောက်ရောက်ချင်း ရုံးကအ ရေးပါသူကို အကျိုးအကြောင်းပြောပြကာ ရဲစခန်းတွင်အမှုလိုက်ဖွင့်ပေးရန် ပြောသော်လည်း ရုံးဘက်ကသူ အမျိုးသားခရီးသွားနေတာဖြစ်လို့ သူပြန်လာမှအမှု့ဖွင့်လို့ပြောလာသည့်အတွက် ၃ ရက်အကြာမှာ ရဲစခန်းမှာ အမှု့ဖွင့်ပေးပါသည်။
 
ရဲစခန်းမှာအမှု့ဖွင့်ပြီး နောက်ထပ်၂ ရက်အကြာမှာ အဓမ္မပြုကျင့်ခံရတာကို ဆေးစစ်ချက်ယူ ပါသည်။ အိုမန်မှာအမှုဖွင့်ပြီး ၃လအကြာအမှုရင်ဆိုင်ရခြင်း၊ အမှု့ရင်ဆိုင်၃လအကြာမှာ အလုပ်လဲလုပ်မ ရခြင်းကြောင့် ကျွန်မအိမ်ကပိုက်ဆံကို အတိုးနဲ့ယူခိုင်းပြီး ၃လအတွင်းမှာ ၎င်းပိုက်ဆံဖြင့်ကျော်ဖြတ်ခဲ့ရခြင်း၊ အိုမန်ရုံးကတော့ ပဲ၊ ခရမ်းသီး၊ တစ်ခါတစ်လေးတော့ အသားကျွေးပြီး အသက်ရှင်အောင်နေထိုင်နေရပါသည်။
 
ကျွန်မမှာ အဓမ္မပြုကျင့်ခံရသော်လည်း ဆေးစစ်ချက်မှာကျူးလွန်ကြောင်း ဆေးစစ်ချက်အဖြေမ ထွက်ဘူးပြောသည့်အတွက်၃လအကြာမှာ အမှု့ရှုံးပြီး အမှုပိတ်လိုက်ရပါသည်၊ ကျွန်မလည်းအရှက်ရစေပြီး စိတ်သော ကအရမ်းရောက်ရနေရခြင်း၊ ဒီလိုအခြေအနေမှာ အလုပ်လဲဆက်လုပ်ရန်အတွက် ဘယ်လိုမှအလုပ်ဆက် မလုပ်နိုင်ကြောင့် ကျွန်မ မလုံခြုံတော့သည့်အတွက် အလုပ်မလုပ်လိုတော့ကြောင်း ရုံးကိုပြောသော်လည်းပြန် ချင်ရင်မြန်မာငွေသိန်း ၄၀ကျပ်လျော်ပြီးမှ မြန်မာပြန်ရမည်ဟုပြောပါသည်။
 
ကျွန်မလည်း ရုံးကတောင်းတဲ့ သိန်း၄၀ကျပ်လဲလုံးဝကို မလျော်ပေးနိုင်သည့်အတွက် မလျော်ပေးနိုင်ကြောင်းပြောလိုက်ပါသည်၊ ထို့သော် လည်းပိုက်ဆံမပေးနိုင်ရင် အိမ်ရှင်အိမ်မှာထပ်မံ အလုပ်လုပ်ရန်ပြောကြားပါသည်၊ လက်ရှိတွင်ဘယ်လိုမှ ပိုက် ဆံမလျော်နိုင်ခြင်းကြောင့် အိမ်အလုပ်ထပ်လုပ်ရန် စဥ်းစားပြီး အလုပ်ဆက်လုပ်သော်လည်း စိတ်ထိခိုက် မှုကြောင့်မည်သို့မှ အလုပ်လုပ်ရန်အဆင်မပြေခြင်းကြောင့် အခက်အခဲများစွာဖြစ်ပေါ်နေရပါသည်။
 
မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သ မားများအဖွဲ့ ချုပ် (IWFM) ထံတွင်လည်း အကူအညီတောင်းခံထားပါသည်။
၁။ အိုမန်အေးဂျင့်ရုံးကတောင်းသည့် မြန်မာငွေ သိန်း၄၀ကျပ်ကိုတောင်းခံနေခြင်းကို မပေးနိုင်ခြင်း။
၂။ ကျွန်မမှာ စိတ်အခြေအနေမကောင်းခြင်းကြောင့် အလုပ်ဆက်လုပ်ရန်မဖြစ်တော့သည့်အတွက် မြန်မာ ပြည်ပြန်ချင်ပါသည်။
အကူအညီတောင်းခံသူ
----------------
 

Related posts

Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026
Cover
မြန်မာလုပ်သား ၃၁ဦးထံမှ သက်တမ်းတိုးခ ဘတ်၃သိန်းကျော် လိမ်သွားသည့် ပွဲစားကို အမှုဖွင့်
Feb 04, 2026
Cover
ကမ္ဘောဒီးယားရှိ ကျားဖြန့်ဂိုဏ်း ဝင်ရောက်စီးနင်းရာ မြန်မာ ၁၇၉ဦး အပါအဝင် နိုင်ငံခြားသား၂၀၀၀ကျော် ဖမ်းဆီးခံရ
Feb 03, 2026
Cover
ထိုင်းနိုင်ငံမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာ ၆၀ ကျော် ကို စစ်ကော်မရှင်ထံလွှဲပြောင်း
Feb 03, 2026