NEWS

အာဏာသိမ်း ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူတွေမတရားဖမ်းဆီးခံရတာဟာ ယခုရက်ပိုင်းအတွင်းပိုမိုမြင့်တက်လာ

CoverLogo
833 Views

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာသိမ်းယူ့ခြင်းကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူလူလုထုအပေါ် မတရားဖမ်းဆီးခြင်းကိုစဉ်ဆက်မပြတ်လုပ်ဆောင်နေရာမှ  ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရမှုတွေ ပိုမိုမြင့်တက်လာတယ်လို့  နိုင်ငံအရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

"ကျဆုံးသူရောဖမ်းဆီးခံရသူရော အိမ်ခြေပျက်ဆီးဆုံးမှုတွေရောဆိုတာက နေ့စဉ်တိုးနေတာပေါ့။ ဒါပေမဲ့ ဒီရက်ပိုင်းတွေမှာ ဖမ်းဆီးခံရတဲ့သူကပိုများလာတယ်လို့ပြောလို့ရတယ်။ အရင်ကတော့စရင်းတွေအရ တစ်နေ့ကိုငါးယောက်ခြောက်ယောက်တိုးလာတာ။ ခုရက်ပိုင်းမှာတစ်နေ့ကို ဆယ်ယောက် ဆယ်ယောက်ကျော် အဲလိုတိုးလာနေတာ"လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆိုပါတယ်။

စစ်အာဏာသိမ်းခြင်းကိုဆန့်ကျင်နေကြတဲ့ ပြည်သူလူထုဖမ်းဆီးခံရမှု သတ်ဖြတ်ခံရမှုတွေကို  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPအနေဖြင့်နေ့စဉ်မှတ်တမ်းများဖော်ပြနေတဲ့စာရင်းတွေအရ ဇူလိုင်၂၈ ရက်နေ့မှစ၍ သြဂုတ်၁ရက်နေ့အထိနေ့စဉ်ဖမ်းဆီးခံရမှုဆယ်ယောက်ကျော်မြင့်တက်တာကို တွေ့ရခြင်းပဲဖြစ်ပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးခံရသူများသာမက  သတ်ဖြတ်ခံရသူနဲ့  အိုးအိမ်ပျက်ဆီးဆုံးရှုံးမှုတွေကလည်း ပိုတိုးလာနေတယ်လို့သိရပါတယ်။ ဒီစာရင်းတွေက ၎င်းတို့လက်လှမ်းမီသလောက်စုစောင်းရရှိထားတဲ့စာရင်းများသာဖြစ်ပြီး မမြင်ရမကြားရတဲ့ မသိလိုက်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်းရှိနိုင်တာကြောင့် လက်ရှိစာရင်းတွေထက် ပိုနိုင်တယ်လို့လည်းသိရပါတယ်။

၎င်းတို့ရဲ့ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် သြဂုတ်၂ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၈၅၉) ဦးရှိပြီး (၁၃၆၄) ဦး မွာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ ကျဆုံးသူစုစုပေါင်း ၂၁၄၁ ဦးရှိလာပြီလို့သိရပါတယ်။

ဒါ့အပြင်  စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့သူ နွေဦးတော်လှန်ရေးပါ၀င်သူတွေ CDM သမားတွေနဲ့ Supporting လုပ်ဆောင်သူတွေရဲ့ စစ်ကောင်စီရဲ့မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း၇၀၉ လုံးရှိလာပြီ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၉) ဦးရှိပြီဖြစ်တယ်လို့လည်းသိရပါတယ်။

MyanmarLabourNews
 


Related posts

Cover
ရွေးကောက်ပွဲ အပိုင်း ၂ကို ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာ ပြုလုပ်မည်ဟု စစ်ကော်မရှင်ကြေညာ
Oct 29, 2025
Cover
တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ကျပ်သိန်း ၁၀၀ ပေးမည်ဟုစည်းရုံးသူများနှင့် တရုတ်နိုင်ငံသားများကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီချ
Oct 29, 2025
Cover
မြန်မာနိုင်ငံ၏ လူဦးရေ ဆယ်စုနှစ်အတွင်း ပထမဆုံး အကြိမ် လျော့ကျလာဟု စစ်ခေါင်းဆောင်ပြော
Oct 29, 2025
Cover
ဒိုက်ဦးအကျဉ်းထောင် တွင် နိုင်ငံရေးအကျဉ်းသူများကို ဖိနှိပ်ကာ တိုက်ပိတ်အကျဉ်းချခြင်းပြုလုပ်နေ
Oct 28, 2025
Cover
ရန်ကုန် Job Fair မှာ အလုပ်သမားမှတ်ပုံတင် ၂၈၀ ကျော် ထုတ်ပေး
Oct 28, 2025
Cover
စစ်မှုထမ်းပြီးပါက ပြည်တွင်း အလုပ်သာမက ပြည်ပအလုပ်အကိုင်ရရှိဖို့ပါ လုပ်ဆောင်ပေးမယ်လို့ စစ်ကော်မရှင်စည်းရုံး
Oct 27, 2025
Cover
အွန်လိုင်း လောင်းကစားလုပ်ငန်း ပြုလုပ်သူများကို သိရှိပါက လျှို့ဝှက်စွာ သတင်းပေးပို့ နိုင်တယ်လို့ စစ်ကော်မရှင် ထုတ်ပြန်
Oct 25, 2025