NEWS

အသံတိတ်သပိတ်နေ့မှာအဓမ္မစေခိုင်းခံနေရတဲ့လုပ်သားများ

CoverLogo
901 Views

စစ်တပ်ကအာဏာသိမ်းပြီးတနှစ်ပြည့်တဲ့နေ့မှာပြည်သူလူထုအားလုံးပါဝင်တဲ့အသံတိတ်သပိတ်ကိုဒီကနေ့မှာပဲမြန်မာနိုင်ငံရဲ့အနယ်နယ်အရပ်ရပ်မှာဆင်နွှဲခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာဒီအသံတိတ်သပိတ်ကိုဖြိုခွဲဖို့နည်းမျိုးစုံနဲ့ကြိုးစားနေပြီး ဒီအထဲမှာလုပ်သားထုကိုဒီနေ့ဒီရက်မှာအလုပ်မဆင်းမနေရဖို့လုပ်ငန်းရှင်တွေဇုံကော်မတီတွေက တဆင့်အဓမ္မခြိမ်းခြောက်ခိုင်းစေနေတာတွေရှိနေပါတယ်။

"အလုပ်မဆင်းရင်နားရမယ်ပြောတယ် တနည်းအားဖြင့်ထုတ်ပစ်မယ်ပြောတာပေါ့ခုကကျမတို့ဆင်းနေရတယ်"လို့ ဒီကနေ့အခြေအနေနဲ့ပတ်သက်ပြီးရန်ကုန်မြို့ရှိအထည်ချုပ်အလုပ်သမားတဦးက MLN ကို ပြောပါတယ်။

စစ်ကောင်စီဟာစက်ရုံအလုပ်ရုံလုပ်သားတွေတင်မကပဲ Non-CDM ဝန်ထမ်းတွေကိုပါအဓမ္မခိုင်းစေဖို့ကြိုးစားနေတယ်လို့သိရပါတယ်။

အသံတိတ်သပိတ်စမယ့်မနက်၁၀ နာရီမှာအလုပ်ဆင်းခိုင်းတာတွေဖယ်ရီကားတွေနဲ့မြို့ပတ်သွားခိုင်းနေတဲ့အမိန့်စာတွေဟာစစ်ကောင်စီရဲ့သပိတ်အပေါ်ကြောက်ရွံ့မှု့ကိုပိုမိုပေါ်လွင်စေတယ်လို့သပိတ်ဦးဆောင်သူတွေကဆိုပါတယ်။

"နေ့လည်၂နာရီပြန်ချင်ပြန်ပြောတယ်ကိုယ့်အစီအစဥ်နဲ့ကိုယ်ပြန်တဲ့ဖယ်ရီပြန်မပို့ပေးဘူးအရင်ရုံးဆင်းချိန်အတိုင်းပြန်မယ်ဆိုဖယ်ရီကြိုပေးမယ်ပြောတယ်"လို့ စက်ရုံဝန်ထမ်းတဦးက MLN ကိုပြောပါတယ်။

ဒီကနေ့မှာပြည်သူတွေဖက်ကလအသံတိတ်သပိတ်ကိုအောင်မြင်အောင်ဆောင်ရွက်နသလိုစစ်ကောင်စီဖက်ကလဲလမ်းမတွေပေါ်မှာလူတွေမထွက်ထွက်လာအောင်နည်းမျိုးစုံနဲ့ကြိုးစားနေပါတယ်။

ဒီလိုကြိုးစားနေတဲ့အထဲမှာတပ်ထောက်ခံပွဲတွေလုပ်တာ၊ ဆီတွေအလကားဝေမယ်ဆိုတဲ့မက်လုံးတွေပါဝင်ပါတယ်။

ဒါပေမယ့်ဒီလိုဆောင်ရွက်ချက်တွေဟာစစ်ကောင်စီရဲ့လုပ်ရပ်တွေအပေါ်မျက်မုန်းကျိုးနေတဲ့ပြည်သူတွေအတွက်တော့အလကားအရာတွေလို့ဆိုရမှာပါ။

"ဆိုင်လာဖွင့်ခိုင်းတယ်စာလဲလာပေးသွားတယ် ဖွင့်တော့ဖွင့်ထားတယ်မရောင်းဘူးလူထုကလဲနားလည်တယ်ခုချိန်အထိကျမဆိုင်ကိုတယောက်မှလာမဝယ်ဘူး"လို့ ရန်ကုန်မြို့ကကုန်စုံဆိုင်ပိုင်ရှင်တဦးက MLN ကိုပြောပါတယ်။

စစ်ကောင်စီဖက်ကလုပ်သားတွေအပြင်စက်ရုံတွေကိုပါဒီကနေ့မတိုင်ခင်ထဲကဖိအားပေးတာတွေရှိပါတယ်။

စက်ရုံတွေဖက်ကိုစည်ပင်နဲ့စက်မှု့ဇုန်ကော်မတီကတဆင့်ဖြန့်ဝေတဲ့အမိန်စာတွေထဲမှာဒီကနေ့အလုပ်သမားတွေအနေနဲ့ခိုင်လုံတဲ့အကြောင်းပြချက်မရှိပဲအလုပ်ပျက်ကွက်ခွင့်မရှိဘူးဆိုတာအပြင်စက်ရုံလုပ်သားစာရင်းကိုပေးပို့ဖို့နဲ့ရှောင်တခင်ဝင်စစ်ပြီးနိုင်ငံရေးပုဒ်မတွေနဲ့ပါအရေးယူမယ်ဆိုပြီးခြိမ်းခြောက်ထားတာတွေပါဝင်ပါတယ်။

"ဆင်းဆိုတော့ဆင်းပေးလိုက်တယ် ညနေ၄နာရီအထိကျမအလုပ်မလုပ်ဖူးငုတ်တုတ်ထိုင်နေတာခုထိ"လို့စစစ်ကောင်စီနဲ့မကင်းတဲ့ပုဂ္ဂလိကကုမ္မဏီတခုမှာလုပ်နေတဲ့ဝန်ထမ်းတဦးကပြောပါတယ်။

ဒီကနေ့မတိုင်ခင်ထဲကစစ်ကောင်စီကပိတ်ပင်တားဆီးဖို့နည်းလမ်းမျိုးစုံနဲ့ကြိုးစားခဲ့ပေမယ့်ရန်ကုန်၊မန္တလေးအပါအ​ဝင်မြို့ကြီးတွေမှာတိတ်ဆိတ်ခြောက်ကပ်နေပါတယ်။

ဒါပေမယ့်စက်မှု့ဇုန်တွေထဲမှာရှိတဲ့အလုပ်သမားတွေအနေနဲ့ကတော့စစ်ကောင်စီ၊လုပ်ငန်းရှင်၊ဇုံကော်မတီ၊စည်ပင်တွေရဲ့အဓမ္မခိုင်းစေမှု့ကြောင့်အလုပ်ရုံတွေထဲမှာတိတ်ဆိတ်စွာအလုပ်လုပ်နေကြရပါတယ်။


Related posts

Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026
Cover
LZS APPAREL အထည်ချုပ် အချိန်ပို ၆ နာရီကျော် လုပ်ကိုင်ခိုင်းပြီး လုပ်ခ မပေး
Jan 29, 2026
Cover
Casico Garment အထည်ချုပ် နားချိန် မပေးဘဲ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း
Jan 28, 2026