NEWS

အသက်ကန့်သတ်ချက်ကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ လုပ်သားရှာဖို့အခက်ကြုံ

CoverLogo
858 Views

ပြည်တွင်းက အမျိုးသားတွေ ပြည်ပ ထွက် အလုပ်လုပ်ခွင့်ကို အသက်ကန့်သတ်လိုက်တာကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ လုပ်သားရှာဖွေရာမှာ အခက်ကြုံနေရတယ် လို့ အေဂျင်စီ အသိုင်းဝိုင်းမှ သိရပါတယ်။

အမျိုးသားတွေ ကို အသက် ၂၃ ကနေ ၃၁ နှစ်အထိ ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်ပင်လိုက်တာကြောင့်  ပြည်ပအလုပ်အကိုင်  အတွက် လုပ်သားရှာဖွေရာမှာ  ယခင်ထက်အချိန်ကြန့်ကြာနေပြီး စိစစ်နေရတယ် လို့ဆိုပါတယ်။

"အရင်က အလုပ်ခေါ်စာ demand မှန်ကန်ကြောင်း ကျပြီဆိုတာ နဲ့ အလုပ်သမားက လူပြည့်နေပြီ အလုပ်သမားရှာဖွေရတဲ့ အချိန် သိပ်မကြာဘူး အဆင်ပြေတယ် အခု အစိုးရက ကန့်သတ်လိုက်တဲ့ အသက်တွေ က တစ်ဖက်နိုင်ငံက လုပ်ငန်းရှင်တွေ ကြိုက်တဲ့အသက်အရွယ်တွေ ဖြစ်နေတယ် အခု လုပ်သားရှာမယ်ဆိုရင် အဲ့အသက်တွေ ကိုဖယ်ပြီး မှ လက်ခံရတယ် အသက်၂၂ ကို လေး လ ငါးလ လောက်စွန်းနေရင်ကို ဝန်ကြီးဌာန ကို က စာချုပ်ချုပ်ခွင့်မပေးဘူး အဲ့တော့ သွားချင်တဲ့အလုပ်သမားကလည်းသွားမရ အေဂျင်စီအနေနဲ့က လည်း ခေါ်လို့မရနဲ့ အခက်ခဲတွေဖြစ်တာပေါ့""ဟု ပြည်ပကို လုပ်သားပို့ဆောင်ပေးနေတဲ့လိုင်စင်ရ အေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်တလောမှာ အမျိုးသား များ ပြည်ပထွက်အလုပ်လုပ်ခွင့်ကန့်သက်ချက်တွေကြောင့် အချို့ အလုပ်ခေါ်စာ တွေမှာ အသက် ၄၀ ဝန်းကျင် အထိ တိုးမြှင့်ခေါ်ယူလာတယ်လို့ဆိုပါတယ်။

အခုလို ပြည်ပလုပ်သားကို အသန့်ကန့်သတ်လိုက်တဲ့အတွက် အရွယ်ကောင်းလူငယ် တွေဟာ ပြည်ပကို နည်းမျိုးစုံနဲ့ အောက်လမ်းကနေ ထွက်ခွာမှုရှိသလို ဖမ်းဆီးခံရမှုတွေလည်း ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။

"အရင်က အလုပ်ခေါ်စာ တွေမှာ အသက် ၃၅ နှစ်အထိ ပဲခေါ်တာများတယ် အသက်ကြီးပိုင်းတွေကို လုပ်ငန်းရှင်တွေ က သိပ်မကြိုက်ကျဘူး အခုတော့ အသက်၄၀အထိ ခေါ်လာတာ တော်တော်များများတွေ့ရတယ် အခု ကဘယ်လိုဖြစ်လဲ ဆိုတော့ အသက်၂၃ ကနေ ၃၁ အထိ လူငယ်တွေက ဘာလုပ်ရမယ်မသိဖြစ်နေကျပြီ။တစ်ချို့ကလဲ အောက်လမ်းကနေတရားမဝင်တွေသွားကျတယ် အခုလို အသက်ကန့်သက်လိုက်တာ က ပြည်ပ နိုင်ငံ ကို တရားမဝင် အလုပ်သွားလုပ်ဖို့တွန်းအားပေးလိုက်သလိုဖြစ်သွားတယ်" လို့ အေဂျင်စီအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

လက်ရှိတွင် ပြည်ပနိုင်ငံတွေမှာ  အလုပ်လုပ်ဖို့ အတွက် တရားမဝင်သွားရောက် တဲ့သူတွေပိုများလာသလို သွားရောက်ဖို့အတွက် ပွဲစားတွေကို ပေးရတဲ့ ငွေပမာဏ လည်း ပိုမိုများလာတယ်လို့ သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026