NEWS

အသက် ၂၅နှစ် အထက်အမျိုးသားများအား သင်္ဘောသားလုပ်ခွင့်မပြုတော့

CoverLogo
836 Views
 
အကြောင်းအမျိုးမျိုးနဲ့ ပြည်ပ ထွက်ခွာလို သူများပြီး သင်္ဘောသား အလုပ်အကိုင် လျှောက်ထားတာ များလာတယ်လို့ ဆိုကာ သင်္ဘောသား အဖြစ် လုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ လူသစ်တွေ ကို အသက်၂၅နှစ်ကျော်လွန်ပါက လုပ်ကိုင်ခွင့် မပြုတော့ဘူး လို့ စစ်ကောင်စီရဲ့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
 
ဇူလိုင် ၁ ရက် က စတင် အကျုံးဝင်မှာ ဖြစ်သလို အသက် ၂၅နှစ် အောက် လူငယ်တွေ သင်္ဘောသား လုပ်ကိုင်လိုပါက အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော၊ နားလည်မှု စွမ်းရည် IELTS Four Skill အမှတ် ၅ အထက် ရှိရမည်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက် အသစ်ကိုပါ တိုးမြှင့် ချ မှတ်လိုက်တယ်လို့ သိရပါတယ်။
 
""အသက်၂၄နှစ်နဲ့ ၆လ ကျော်ရင် ကို မရတော့ဘူး နောက်ပြီး အင်္ဂလိပ်စာ 4 skill IELTS ဖြေရမယ် ဦးစီးဌာန ထုတ်ပြန်ချက်ကတော့ သင်္ဘောသား အလုပ်ကို စိတ်ဝင်စားလို့မဟုတ်ဘဲ ပြည်ပ ထွက် ဖို့ ရည်ရွယ်ပြီး လုပ်လာလို့ လူသစ်လျှောက်ထားသူဦးရေနဲ့အလုပ်ကိုင်ရရှိမှု မမျှတလို့ ဆိုတဲ့သဘော နဲ့ အသက်ကန့်သက်လိုက်တာလို့ ကြေညာထားတယ် ယာယီ ပဲလား ရေရှည် ပိတ်ပလိုက်မှာလားတော့မသိဘူး""လို့ သင်္ဘောသားအလုပ်အကိုင်အေဂျင်စီ သင်တန်းကျောင်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
လက်ရှိအနေအထား အရ သက်တမ်းရှိ သင်္ဘောသား ဦးရေ ၈၆၂၁၉ ဦးရှိ တဲ့ အနက်မှ သင်္ဘောတက်ရောက်ပြီးသူ ၆၉၁၀၀ ဦးရှိပြီး အလုပ်မရရှိသေးဘဲ စောင့်ဆိုင်းနေသူ သင်္ဘောသားလူသစ် ၁၇၁၁၉ ဦးရှိကြောင်း၊ သင်္ဘော သား မှတ်ပုံ တင်ရန် လူသစ်လျှောက်ထားသူ အရေအတွက်မှာလည်း သိန်းချီ တစ် နေ့တစ်ခြား တိုးပွားလာနေတယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
 
""အသက် ၂၅နှစ် အထက် သင်္ဘောသားအသစ်လျှောက်ခွင့် ပိတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာကတည်းက သင်တန်းကျောင်းတွေ DMA အသိအမှတ်ပြုဆေးခန်းတွေ မှာ လူတွေပြုံတိုးနေကြတာ ဇူလိုင် ၁ရက်နေ့စမဲ့ စနစ်သစ် ထဲ မပါ ဖို့ ပေါ့၊ အခု သတ်မှတ်လိုက်တဲ့ စနစ်နဲ့ဆို သင်္ဘောသား အသစ်တွေ အတွက် မလွယ်တော့ဘူး ရေကြောင်းတက္ကသိုလ်ဆင်း တွေ တောင် ဘွဲ့ရ အသက် ၂၄နှစ် မပြည့်ခင် သင်္ဘောတန်းတက် နိုင်မှ အဆင်ပြေမှာ""လို့ သင်္ဘောသားအလုပ်အကိုင် လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
 
လက်ရှိ လုပ်ကိုင်နေဆဲ ဖြစ်တဲ့ သင်္ဘောသားတွေ နဲ့ သင်္ဘောသားစာအုပ်လျှောက်ထားပြီး သင်တန်းတက်နေသူတွေ ကတော့ အသက်ကန့်သက်ချက် ထဲ မပါဝင်ဘဲ ဆက်လက်လုပ်ကိုင်ခွင့်ရရှိသေးတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီ အနေနဲ့ လူငယ်တွေ ကို စစ်မှုထမ်း ခေါ်ယူဖို့ အတွက် ပြည်ပထွက်ခွင့် ပိတ်ပင်ကန့်သက်တာတွေ ပြုလုပ်ခဲ့ရာ မှာ ယခုနှစ် အတွင်း တရားဝင် ပြည်ပထွက်အလုပ်လုပ်ခွင့် ကို အမျိုးသား အသက် ၁၈နှစ်မှ ၃၅နှစ်အထိ ပိတ်ပင် လိုက်သလို ယခုလည်း သင်္ဘောသားလူသစ်တွေကို အသက်၂၅နှစ် ကျော်လွန်ပါက ပြည်ပထွက်ခွင့်မပြုတော့ဘူးလို့ ထပ်မံတားမြစ် လိုက်တာ ဖြစ်ပါတယ်။
 

Related posts

Cover
အလုပ်သမားအခွင့်အရေးကြောင့် အထည်အော်ဒါမရတော့တဲ့ KINGSRICH ( Myanmar) FASHION စက်ရုံ ပိတ်သိမ်းဖို့အသိပေး
May 16, 2026
Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026