NEWS

အဝေးပြေး ဘတ်စ်ကား ဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅၀ ခန့် အထောက်အထားမရှိသဖြင့် ထိုင်းရဲ ဖမ်းဆီး

CoverLogo
323 Views
 
ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဖော်ခရိုင်မှာ အဝေးပြေးဘတ်စ်ကားနဲ့ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၄၇ဦး ကို တရားဝင် အထောက်အထားမရှိတဲ့ အတွက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေ ရဲ့ဖေါ်ပြချက်အရသိရပါတယ်။
 
ဇွန်လ ၂၆ရက် နံနက် ၂နာရီ ခွဲခန့်က ချွန်ဖော်ခရိုင် မင်မြို့ ဝမ်ဖိုင်ကျေးရွာ အနီး သံသယ ဖြစ် ဖွယ် ဘတ်စ်ကား ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိပြီး ရပ်ခိုင်းကာ စစ်ဆေးစဉ် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဘတ်စ်ကားပေါ်မှာ မြန်မာနိုင်ငံသား အမျိုးသား ၃၀ ဦး အမျိုးသမီး ၁၆ဦးနဲ့ ကလေးငယ်တစ်ဦး စုစုပေါင်း ၄၇ ဦးလိုက်ပါလာပြီး နေထိုင်ခွင့် အထောက်အထားမရှိသူတွေဖြစ်ကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ဆိုပါတယ်။
 
ယာဉ်မောင်းသူတွေကို စစ်ဆေးရာမှာ မြန်မာနိုင်ငံသားတွေ ကို စူရတ်ဌာနီခရိုင်ကို ပို့ဆောင်ပေးဖို့ အမည်မသိ ထိုင်းပွဲစား တစ်ဦးက ငှားရမ်းခဲ့တာ ဖြစ်ပြီး ပို့ဆောင်ခ အတွက် တစ်ဦး ကို ဘတ် ၅၀၀၀၀ ရရှိတယ်လို့ဆိုပါတယ်။
 
အခုလို အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာတဲ့ အတွက် ထိုင်းယာဉ်မောင်းသုံးဦးနဲ့ အတူ မြန်မာနိုင်ငံသားတွေကို ချွန်ဖော်ရဲစခန်း မှာ ဖမ်းဆီးခေါ်ဆောင်ထားပြီးဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လို့ မြန်မာနိုင်ငံသားတွေအဖမ်းခံရတာ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး ဇွန်လ၂၃ရက်က ပင် ကန်ချနဘူရီခရိုင် အတွင်းမှာ မြန်မာနိုင်ငံသား ၄၀ ကျော် အဖမ်းခံခဲ့ရပါသေးတယ်။
Ref-CH-7 News

Related posts

Cover
CI လျှောက်ထားမှု အတွက် ဝမ် ၃ သောင်းသို့ ပြောင်းလဲကောက်ခံမည်ဟုတောင် ကိုရီးယားရှိ မြန်မာသံရုံးကြေညာ
Feb 09, 2026
Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026