NEWS

အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ

CoverLogo
355 Views
 
ထိုင်းနိုင်ငံရယောင်းခရိုင်၊ နီခွန်ဖတ်သနာမြို့နယ် အတွင်း အလုပ်ခွင်သို့ သွားရောက်မယ့် မြန်မာလုပ်သား ​တွေစီးလာတဲ့ ကားဟာ အခြား ကားတစ်စီးနဲ့ပြင်းထန်စွာ တိုက်မိတာကြောင့် မြန်မာလုပ်သား ၆ ဦး အပါအဝင် လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
မတ်လ ၂၉ရက် က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး နီခွန်ဖတ်သနာမြို့နယ် အတွင်းလမ်းဆုံ တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၇ဦး ကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားဟာ ဆန့်ကျင်ဘက်မှ လာတဲ့ ပစ်ကပ်ကားနဲ့ ပြင်းထန်စွာ တိုက်မိခဲ့ပြီးအရှိန်ကြောင့် အဖြူရောင်ကားဟာ လမ်းဘေးကို လွှင့်ထွက်သွားခဲ့တယ်လို့ဆိုပါတယ်။
ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးချက်အရ မြန်မာလုပ်သား ၇ ဦး တင်ဆောင်လာတဲ့ အဖြူရောင်ပစ်ကပ်ကားဟာ အလုပ်ခွင်ကို သွားနေခြင်းဖြစ်ကာ
မတော်တဆမှုကြောင့် အဖြူရောင်ကားပေါ်ပါလာတဲ့ မြန်မာလုပ်သား ၆ ဦး ဒဏ်ရာရခဲ့တဲ့အပြင် အမည်းရောင်ကားပေါ်က လူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာတွေ အသီးသီး ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ မြန်မာလုပ်သား၆ဦးထဲမှ ၃ဦးဟာ စိုးရိမ်ရတဲ့ အခြေနေရှိပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ဒဏ်ရာရရှိသူတွေကို လိုအပ်တဲ့ ရှေးဦးသူနာပြုစုမှုတွေ အမြန်ဆုံး လုပ်ဆောင်ပေးခဲ့ပြီးနောက် အရေးပေါ်ကုသမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် နီခွန်ပတ်ထနာ ဆေးရုံကို အသီးသီး ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကလည်း ယခု ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံစစ်ဆေးသွားမယ်လို့ သိရပါတယ်။
Ref-khaosod Thai

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026