NEWS

အလုပ်သွားစဉ် လမ်းဖြတ်ကူးရာမှ မြန်မာလုပ်သားအမျိုးသမီး ကားတိုက်ခံရပြီးသေဆုံး

CoverLogo
51 Views
 
ထိုင်းနိုင်ငံ ပထုန်ဌာနီတွင် မြန်မာလုပ်သားအမျိုးသမီးတစ်ဦး အလုပ်သွားစဉ်လမ်းဖြတ်ကူးရာ မှ ကားတိုက်ခံရပြီး သေဆုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့၎င်းအမှုကို ကူညီပေးနေတဲ့ MHACမဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ရက် မနက်ပိုင်းမှာ မြန်မာလုပ်သားအမျိုးသမီးတစ်ဦးဟာ အလုပ်သွားစဥ်လမ်းတစ်နေရာ၌ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လမ်းကူးရာ ကားဖြင့်အတိုက်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ဆေးရုံ ရောက်ပြီးနောက် နေ့ခင်း ၁၁နာရီ ၅၅မိနစ် ခန့်မှာ ဆုံးပါးသွားခဲ့တယ်လို့ မိသားစုဝင်တွေထံမှသိရပါတယ်။
 
အခုလို ယာဉ်တိုက်မှုကြောင့် ဆုံးပါးသွားတဲ့ အတွက် သေဆုံးသူ အမျိုးသမီးအတွက် ရပိုင်ခွင့် တွေကို ဥပဒေနှင့်အညီ ရရှိဖို့ ကူညီဆောင်ရွက်ပေးရန် သေဆုံးသူရဲ့ မောင်ဖြစ်သူက 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့သားတွေထံ အကူညီတောင်းခံလာတယ်လို့ သိရပါတယ်။
 
ဒါကြောင့် ဇန်နဝါရီ ၃၀ရက်မှာ သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံပြီး ကူညီဆောင်ရွက်မှုပေးနိုင်ရေးအတွက် မှတ်တမ်းယူခြင်း မေးမြန်းခြင်း ဥပဒေနှင့်အညီလုပ်ထုံးလုပ်နည်းများရှင်းပြခြင်းများပြုလုပ်ခဲ့ကာ မြန်မာလုပ်သားအမျိုးသမီးရဲ့ ရပိုင်ခွင့်များအားဥပဒေနှင့်အညီ ရရှိဖို့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့က LPN ဖောင်ဒေးရှင်းနှင့်အတူ ပူးပေါင်းကူညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
 
သေဆုံးသူ မြန်မာလုပ်သား အမျိုးသမီး တွင် မြန်မာနိုင်ငံ၌ ၃နှစ်အရွယ် သမီးငယ်လေးတစ်ဦးကျန်နေခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
ကမ္ဘောဒီးယားရှိ ကျားဖြန့်ဂိုဏ်း ဝင်ရောက်စီးနင်းရာ မြန်မာ ၁၇၉ဦး အပါအဝင် နိုင်ငံခြားသား၂၀၀၀ကျော် ဖမ်းဆီးခံရ
Feb 03, 2026
Cover
ထိုင်းနိုင်ငံမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာ ၆၀ ကျော် ကို စစ်ကော်မရှင်ထံလွှဲပြောင်း
Feb 03, 2026
Cover
မလေးရှား တွင် အော်ပရာစီ ဖမ်းဆီးမှု ပိုဆိုးလာသဖြင့် မြန်မာလုပ်သားများ အထူးဂရုစိုက်နေထိုင်ကျရန် လူမှုအဖွဲ့စည်း များသတိပေး
Jan 31, 2026
Cover
ထိုင်းနိုင်ငံရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းကလေးငယ်များ အထောက်အထားမရှိလည်းကျောင်းတတ်ခွင့်ပေးမည်ဟုဆို
Jan 31, 2026
Cover
စက်ချို့ယွင်းမှုကြောင့် နိုင်ငံကူးလက်မှတ်ထုတ်ပေး နိုင်ခြင်းမရှိသေးဟု တိုကျိုရှိ မြန်မာသံရုံး ကြေညာ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026
Cover
ပွဲစားခ ဘတ် ၃သောင်း ခန့်ပေးပြီး နယ်စပ်ဖြတ်ကျော် လာရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ကျော် အဖမ်းခံရ
Jan 29, 2026
Cover
ထိုင်းရောက် ရွှေ့ပြောင်း မြန်မာ လုပ်သားများ ၁၄ရက်ကြာ တိတ်ဆိတ်ငြိမ်သက်စွာ ဖြင့် အနေထိုင်ဆင်ခြင်သည့် လှုပ်ရှားမှု ပြုလုပ်
Jan 28, 2026