NEWS

အလုပ်သွင်းပေးမယ်ဆိုကာ ဘတ်တစ်သိန်းကျော်လိမ်လည်

CoverLogo
449 Views
 
ထိုင်းနိုင်ငံ ၊ စမူပကန်မြို့ မှာ မြန်မာပွဲစားက မြန်မာ လုပ်သား ၂၅ဦး ကို အလုပ်သွင်းပေးမယ်ပြောဆိုပြီး အလုပ်စမက်ကြေး ဘတ် တစ်သိန်းကျော် လိမ်လည်သွားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လူမှုကွန်ယက် TikTot ကနေ တစ်ဆင့် မြန်မာလုပ်သား ၂၅ဦး ကို ချာချင်ဆောင် အိလက်ထရောနစ်စက်ရုံ မှာ အလုပ်သွင်းပေးမယ်ဆိုပြီး စမက်ကြေး စုစုပေါင်း ထိုင်းဘတ်ငွေ ၁၃၇၅၀၀ ကို လိမ်လည် တိမ်းရှောင်နေတယ်လို့ နစ်နာသူ အလုပ်သမားတွေက ပြောပါတယ်။
 
"ဧပြီလ ကတည်းက အလုပ်အင်တာဗျူးဝင်ရမယ်ဆိုပြီး အခုထိ ဘာမှ မဝင်ရဘူး။ နေတဲ့ အခန်းခ ကိုလည်း ပေးစရာမလိုဘူး၊ ဒီတိုင်းဘဲနေရမယ်ဆိုပြီး ရောက်တော့ အခန်းငှားခ တောင်းတယ်။ အခု နေမရတော့ဘူးဆိုပြီး အခန်းကနေ ဆင်းခိုင်းတယ်။ ပွဲစား ကိုစိုင်းနဲ့ မအိရွှေစင်ကို ဖုန်းဆက်သွယ်တော့လဲ မကိုင်ဘူး။ လာပြီး မဖြေရှင်းပေးဘူး။ စာရေးမလို ပြောတဲ့ ရှမ်းမကလည်း၊ နောက်ထပ်ပိုက်ဆံပေးမှ အလုပ်ရမယ်၊ ပြီးတော့ ထိုင်းစကားတတ်တဲ့ သူတွေပဲရမယ် ပြောပါတယ် ။"လို့ အမျိုးသမီးလုပ်သားတစ်ဦးကပြောပါတယ်။
 
ပွဲစားတွေရဲ့ လိမ်လည်မှုကြောင့် အလုပ်မရရှိတဲ့ အပြင် နေရေးစားရေး အတွက်ပါ ခက်ခဲနေတဲ့ အတွက် ကူညီဖြေရှင်းပေးဖို ထိုင်းရောက်မြန်မာအလုပ်သမား အရေးကူညီဖြေရှင်းပေးနေတဲ့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ ဆီ အကူညီတောင်းခံထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ထိုင်းနိုင်ငံက အလုပ်အကိုင်ကောင်းတွေမှာ အလုပ်သွင်းပေးမယ်ဆိုတဲ့ မက်လုံးပေးနဲ့ မြန်မာပွဲစားတွေက လိမ်လည်တာတွေကြောင့် နစ်နာရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား ရှိပြီး မကြာခဏ ဖြေရှင်းပေးနေရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးကူညီပေးသူတွေက ပြောကြားပါတယ်။

Related posts

Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026