NEWS

အလုပ်သွင်းပေးမည်ဆိုကာ ပွဲစား မှ ဘတ် ၇၀၀၀၀ လိမ်ယူသွားသဖြင့်တိုင်ကြား

CoverLogo
273 Views
 
ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင် မဟာချိုင် ကေသုန်နယ်မြေမှာ အထောက်အထားအပြည့်အစုံရှိပေမဲ့ အလုပ်လက်မဲ့ ဖြစ်နေတဲ့ မြန်မာအမျိုးသမီးအလုပ်သမား ၈ဦး ကို အလုပ်သွင်းပေးမယ်ဆိုကာ အလုပ်စမတ်ခ အဖြစ် မြန်မာပွဲစားက ဘတ် ၇၀၀၀၀ လိမ်ယူသွားတယ်လို့ MHAC မဟာမိတ်အဖွဲ့ ထံမှသိရပါတယ်။
 
၎င်းပွဲစားဟာ မြန်မာအမျိုးသမီးအလုပ်သမား ၈ဦးကို လုပ်သားမခေါ်သေးတဲ့ အလုပ်ရုံကို လက်ညိုးထိုးပြီး အလုပ်သွင်းပေးမယ်လို့ လိမ်လည်ကာ ဘတ်ငွေ ၇၀၀၀၀ ကို ယူပြီးတိမ်းရှောင်နေတယ်လို့ နစ်နာသူမြန်မာအလုပ်သမားတွေထံမှသိရပါတယ်။
 
ဒါကြောင့် နစ်နာသူမြန်မာအမျိုးသမီးလုပ်သားတွေက အေအေစီ ရဲမင်း ဦးဆောင်သော MHAC အဖွဲ့ထံ အကူအညီတောင်းခံလာသလို ပွဲစားဖြစ်သူရဲ့ ပတ်စပို့စ်မိတ္တူနှင့် ဘတ်တစ်သိန်းခွဲတန် ဆိုင်ကယ်အား ကေသုန်နယ်မြေ ဘန်ထု့လပ်ရဲစခန်းထဲသို့ ဝိုင်းတွန်းယူလာပြီး ထိုင်းရဲအရာရှိရှေ့တွင် အပ်နှံကာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
 
အခုလို အမှုဖွင့်တိုင်ကြားခဲ့တဲ့ အတွက် အမှုကိုင်ထိုင်းရဲအရာရှိမှ MHAC အဖွဲ့သားများနှင့် အတူ တရားခံပွဲစား ကို သွားရောက်ဖမ်းဆီးနိုင်ခဲ့ရာ ယူထားတဲ့ ဘတ် ၇၀၀၀၀ ပြန်ပေးပါမည်လို့ ပြောဆိုခဲ့ ပြီး ဘတ် ၃၅,၀၀၀ ကို ပေးလျော်ကာ ကျန်တဲ့ ဘတ်၃၅၀၀၀ ကိုတော့ စက်တင်ဘာ၂၈ရက်မှာ ပေးလျော်မယ်လို့ကတိပြုခဲ့တယ်လို့ သိရပါတယ်။
 
ပွဲစားအနေဖြင့် ကျန်ရှိတဲ့ ဘတ် ၃၅၀၀၀ ကို လာရောက်ပေးလျော်မှသာ ရဲစခန်းမှာ ထိမ်းသိမ်းထားတဲ့ ဆိုင်ကယ်ကို ပြန်ပေးမှာ ဖြစ်သလို MHAC မဟာမိတ်အဖွဲ့ကလည်း မြန်မာအမျိုးသမီးလုပ်သား၈ဦး ပေးသွင်းထားတဲ့ငွေကြေး အပြည့်အ၀ ရရှိတဲ့ အထိ ကူညီပေးသွားမယ်လို့ သိရပါတယ်။
 

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026