NEWS

အလုပ်သမားအား ရာထူးချမှု Li Da Garment Co.,Ltd စက်ရုံမှ စူပါ အပါအဝင် အလုပ်သမား ၂၉ ယောက် အလုပ်ထွက်

CoverLogo
886 Views
ရက်ပျက်လို့ဆိုပြီး စူပါ (ကြီးကြပ်ရေး) ရာထူးကနေ လီဒါ (ခေါင်းဆောင်) နေရာကို ရာထူးချပြောင်းရွှေ့ခိုင်းခဲ့တဲ့ Li Da Garment Co.,Ltd စက်ရုံကနေ အလုပ်သမား ၂၉ ယောက် နုတ်ထွက်လိုက်တယ်လို့ နီးစပ်သူတွေက ပြောပါ တယ်။
“အလုပ်သမားညှိနှိုင်းရေးရုံးကို အလုပ်သမားတွေက တိုင်ကြားလိုက်တာနဲ့ အဲ့ရုံးမှာပဲ တရက်တည်း ဖြေရှင်းတော့ စက်ရုံဘက်က ဖြစ်ပြီးသမျှတွေကို တောင်းပန်တယ်၊ အလုပ်ပြန်ဝင်ပါလို့ ပြောတယ် ။ အလုပ်သမားတွေဘက်က အလုပ် ဆက်လုပ်လို့ အဆင်မပြေတော့ဘူးဆိုပြီး အလုပ်ပြန်မဝင်ဘဲ လျော်ကြေးပေးဖို့ တောင်းဆိုတယ်။ အဲ့ဒီ တရက်တည်း စက်ရုံဘက်က တောင်းတဲ့ငွေကို တခါတည်း ပေးလိုက်တာပါ။ အားလုံး အလုပ်ကထွက်သွားတဲ့ သဘောပါပဲ။”လို့ အဲဒီ အလုပ်သမားတွေနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
Li Da Garment Co.,Ltd စက်ရုံ တာဝန်ရှိသူတွေက အောနိုက်၊ အောလင်းစတဲ့ အချိန်ပိုကို အတင်းအကျပ် ခေါ်ယူပြီး ဆေးခွင့်၊ ရှောင်တခင်ခွင့်နဲ့ ခွင့်ရက် အကျိုးခံစားခွင့်တွေကို မပေးဘဲ အလုပ် ထုတ်တာတွေလည်း ရှိနေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ STUM ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ထားပါတယ်။ စက်ရုံဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လစဉ် လူမှုဖူလုံရေးကြေး ပေးသွင်းခဲ့ ကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါပေမဲ့ စက်ရုံဘက်က ပေးသွင်းခဲ့တာမရှိလို့ ဆက်လက် တိုင်ကြားထားတာလို့ အလုပ်သမားတဦးက ပြောပါ တယ်။
“အဲဒီ စက်ရုံမှာက ခွင့်ဆို ဘာခွင့်မှမရတာ၊ ရှောင်တခွင့်ဆိုတာ ဘာမှန်းကို မသိတာ။ ဆေးခွင့်ယူဖို့ ဆိုတာလည်း လူမှုဖူလုံရေးကြေး ပေးဆောင်ထားတဲ့ အထောက်အထား မရှိဘူး။ အဲဒါကို ခွင့်တောင်းလို့ မရဘူး ။ EC စာချုပ် လည်း ချုပ် မထားဘူး။ ခေါင်းဆောင်က သူ့ကလေး နေမကောင်းကို လိုင်းထဲက အလုပ်သမားတွေက တဆင့် အကြောင်းကြား ထားပါတယ်။ ဆေးခန်းမှာ ကလေးဇောနဲ့ စက်ရုံကို ဖုန်းပြန်မဆက်နိုင် ဖြစ်တာကို ရာထူးချ အလုပ်ထွက်ဆိုပြီး စက်ရုံတာဝန်ရှိသူက ပြောတယ်။ ဝမ်တိန် ပေးတာမျိုး မလုပ်ဘဲ ရာထူးချမယ် ပြောတာ။” လို့ အလုပ်က နုတ်ထွက်ခဲ့တဲ့ အလုပ်သမားတဦးက Myanmar Labour News ကို ပြောပါတယ်။
လိုင်းခေါင်းဆောင် စူပါကို ရာထူးချတာနဲ့ စက်လိုင်း အလုပ်သမားတွေကို နေရာရွေ့ပြီး တခြားအလုပ်သမားတွေနဲ့ အစားထိုးမယ်ဆိုတဲ့ ပြောဆိုမှုကြောင့် ညှိနှိုင်းမှုတွေ တနေ့ကုန် လုပ်ဆာင်ခဲ့ပေမဲ့ မပြေလည်ခဲ့လို့ အလုပ်သမား ရုံး ကို တိုင်ကြားခဲ့ရတာဖြစ်တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
“လုပ်ငန်းခွင် စက်လိုင်းထဲကနေ စူပါကို HR ဌာနက ဆွဲထုတ်တယ်။ ရုပ်ပျက်ဆင်းပျက်ပါပဲ။ စက်လိုင်းမှာ တခြား သူတွေကို ခေါ်ခိုင်းထားတော့ လိုင်းအလုပ်သမားတွေ စိတ်ဒဏ်ရာတွေ ရကုန်တယ်။ နင်တို့ ခေါင်းဆောင်နဲ့ အတူ ထွက်ဆိုပြီး စက်ရုံတာဝန်ခံက ပြောခဲ့တာ။” လို့ ပြောပါတယ်။
Li Da Garment Co.,Ltd စက်ရုံမှာ ဝန်ထမ်းဦးရေ ၂၅၀ ဝန်းကျင်ရှိပြီး ဆေးပေးခန်း၊ သူနာပြုနဲ့ ဆေးဝါးပစ္စည်း တွေ မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်အတွင်း ဝန်ထမ်းတွေ အသုံးပြုနိုင်တဲ့ အိမ်သာ ၃ လုံးပဲ ရှိတယ် လို့ အလုပ်သမားတွေက ပြောပါတယ်။
“ အလုပ်ထွက်ချင်လို့ ထွက်လိုက်တာမျိုးလည်းတော့ မဟုတ်ဘူး၊ အလုပ်ပြန်ရဖို့ဆိုတာ အခုက အလွယ်တကူလည်း မဟုတ်ဘူး။ တိုင်ကြားထားတဲ့ကိစ္စတွေကိုလည်းပြီးစီးအောင် လုပ်ရဦးမယ် ။ အလုပ်သမား ၃၀ နီးပါး ဆိုတော့ အလုပ်အတွက်လည်း ပြန်ကြိုးစားရှာဦးမယ်” လို့ အလုပ်သမားတဦးက ပြောဆိုပါတယ်။
Li Da Garment Co.,Ltd စက်ရုံကတော့ တရုတ်အမျိုးသားပိုင် စက်ရုံဖြစ်ပြီး အမှတ်(၁၅၉)၊ဥဿဖရားလမ်း၊ သာဓုကန်စက်မှုဇုန် ရှိတယ်လို့ သိရပါတယ်။ brand ထည်များကို တဆင့်ခံချုပ်နေတဲ့ စက်ရုံဖြစ်ပြီး လုပ်ငန်းခွင် အတွင်း အလုပ်သမားသမဂ္ဂတွေ မရှိသလို WCC ဖွဲ့စည်းထားတာလည်း မရှိဘူးလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026