NEWS

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူကိုသက်နှင်းအောင်ကိုမတရားအသင်းဆက်သွယ်မှု့ပုဒ်မအပါအဝင်ပုဒ်မ ၄ ခုနဲ့ စစ်တပ်ကတရားစွဲဆိုထား

CoverLogo
989 Views

နိုဝင်ဘာ ၆။

စစ်ကောင်စီမှဇွန်လ၁၄ရက်နဲ့၁၅ရက်နေ့မှာဝင်ရောက်စီးနင်းစဥ်တိမ်းရှောင်နေရာမှဖမ်းဆီးခံခဲ့ရတဲ့ တောင်ဒဂုံမြို့နယ်ရှိမြန်မာနိုင်ငံစက်မှု့လက်မှု့နဲ့ဝန်ဆောင်မှု့လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးချုပ်ကိုသက်နှင်းအောင်ကိုစစ်ကောင်စီကမတရားအသင်းဆက်သွယ်မှု့ဆိုင်ရာပုဒ်မ၁၇(၁)အပါအဝင်ပုဒ်မ၅၀၅-က၊၁၂၄၊၁၂၂တို့နဲ့ဆရားစွဲဆိုပြီးအင်စိန်ထောင်တွင်းမှာထားရှိထားတယ်လို့ Myanmar Labour News ကိုသတင်းပေးပို့လာတဲ့အလုပ်အသမားအသိုင်းအဝိုင်းထံမှသိရပါတယ်။

"အင်းစိန်သပြေဆောင်အမှတ်(၂)မှာရှိတယ်သူ့ကိုပုဒ်မလေးခုနဲ့တရားစွဲထားတယ်လို့"အင်းစိန်ထောင်တွင်းမှာနေထိုင်စဥ်ကိုသက်နှင်းအောင်နဲ့တွေ့ဆုံခဲ့ရတဲ့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတဦးကMLNကိုပြောပါတယ်။

ကိုသက်နှင်းအောင်ကိုစစ်ကောင်စီဖက်မှတောင်ဒဂုံမြို့နယ်မျာတရားစွဲဆိုထားရာမှစစ်ဖက်တရားရုံကိုဆက်လက်ပို့ဆောင်မှာဖြစ်တယ်လို့သတင်းကြားသိနေရပြီးယခုအချိန်အထိစစ်ကောင်စီဖက်မှမည်သည့်ပုဒ်မနဲ့တရားစွဲထားသည်ကိုရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောကြားထားတာမျိုးမရှိ​သေးဘူးလို့MICSကတာဝန်ရှိသူတွေရဲ့ပြောကြားချက်အရသိရပါတယ်။

ဒါ့အပြင်ကိုသက်နှင်းအောင်ဟာလူမှု့ကွန်ယက်မှာသူရဲ့ဆန္ဒကိုထုတ်ဖော်ပြောကြားတာကလွဲရင်စစ်ကောင်စီဖက်ကစွပ်စွဲနေသလိုEAOအဖွဲ့ဝင်တဦးမဟုတ်တဲ့အပြင်မည်သည့်အကြမ်းဖက်လုပ်ရက်ကိုမှကျူးလွန်ထားတာမျိုးမရှိဘူးလို့လဲMICSကအခိုင်အမာပြောကြားပါတယ်။

#MyanmarLabourNews
#MICS


Related posts

Cover
Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်
Dec 14, 2025
Cover
Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်
Dec 14, 2025
Cover
MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ
Dec 14, 2025
Cover
Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို
Dec 14, 2025
Cover
JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်
Dec 14, 2025
Cover
Casico Garment Co.,Ltd အထည်ချုပ် နိုဝင်ဘာလစာ မပေး
Dec 14, 2025
Cover
Chi Mei အထည်ချုပ် ခေါင်းဆောင်တချို့ ဆုကြေးပေးမယ် ပြောဆိုပြီး လိမ်လည် ခိုင်းစေ
Dec 14, 2025
Cover
Max Technology စက်ရုံဖယ်ရီ အလုပ်သမား မကြိုဘဲ ပစ်ထား
Dec 14, 2025