NEWS

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနဲ့အဖွဲ့ရဲ့‌ အမှု စက်တင်ဘာ ၂၂ ကိုရုံးချိန်းထပ်ချိန်း

CoverLogo
469 Views
 
ဖမ်းဆီးခြေချုပ်ထားခံရတဲ့အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူဒေါ်မျိုးမျိုးအေးနဲ့အဖွဲ့ရဲ့‌ အမှုကို မနေ့ကစက်တင်ဘာ ၁၅ ရက်မှာ ကြားနာစစ်ဆေးခဲ့ရာ ထပ်မံပြီး စက်တင်ဘာ၂၂ရက်မှာ စစ်ဆေးကြဖို့ရုံးချိန်းပေးလိုက်တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM)ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
 
ရွှေပြည်သာမြို့နယ်တရားရုံး မှာ ဒေါ်မျိုးမျိုးအေးအပါအဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးခံရမှုကို စစ်ဆေးရာမှာ တရားလိုဦးသီဟနိုင် အမှုဖွင့်ထားသော အသင်းဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၄၀၊ ၄၁ ဖြင့် ရုံးတင်စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
 
ထို့နောက် အမှုစစ်ဆေးတာမပြီးပြတ်သေးတဲ့အတွက် စက်တင်ဘာ၂‌၂ရက်ကို ထပ်မံရုံးချိန်း ချိန်းဆိုခဲ့ပါတယ်။
ဒေါ်မျိုးမျိုးအေးနဲ့ အဖွဲ့ဝင်တွေအနေနဲ့ ဇူလိုင်လမှာ ဖမ်းဆီးခံခဲ့ရကာ ပြီးခဲ့တဲ့ စက်တင်ဘာလ ရုံးချိန်းတွေမှာ အာမခံလျှောက်ထားခဲ့ရာမှာ အာမခံ‌ ပေးရန်ပယ်ချခံခဲ့ရပါတယ်။
 
အလုပ်သမားရေးလှုပ်ရှားသူဒေါ်မျိုးမျိုးအေးဟာ သွေးတိုးရောဂါနဲ့ဆီးချိုရောဂါခံစားနေရသူဖြစ်ပြီး လတ်တလော မှာ ဆီးချိုနဲ့ပတ်သက်တဲ့ဆေး ဝါးရရှိထားပေမဲ့ နေ့စဉ်ဆီးချိုစစ်ဆေးခွင့်ကိုတော့ မပေးဘူးလို့ဆိုပါတယ်။
 
ဒါ့အပြင် သွားရောဂါနဲ့ပတ်သက်တဲ့ အခြေအနေကိုလည်း ဆိုးရွားစွာခံစားနေရတယ်လို့ STUM ကအသိပေးထားပါတယ်။
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဇူလိုင်၂၅ရက်ညပိုင်း က ၎င်းရဲ့ နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် သမီးဖြစ်သူအပါအဝင် STUM အဖွဲ့ဝင်တွေ ကို ဇူလိုင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့ပါတယ်။
 
ဩဂုတ်လ ၁၈ ရက်နေ့မှာ ဒေါ်မျိုးမျိုးအေးနှင့် အဖွဲ့ကို ရွှေပြည်သာမြို့နယ် တရားရုံးတွင်ရုံးထုတ်ပြီးနောက် ခြေချုပ်နှင့် ခံဝန် အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် သီးခြား(တစ်မှုချင်းစီ) တရားစွဲတင်ပြီး ရန်ကုန်မြို့ ၊ အင်းစိန်အကျဉ်းထောင်ရှိ အချုပ်ဆောင်ကိုပို့ဆောင်ခဲ့ကြောင်း STUM ကထုတ်ပြန်ခဲ့ပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026