NEWS

အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများအတွက် စစ်ကောင်စီ တာဝန်ခံရမည်ဟု CTUM ထုတ်ပြန်

CoverLogo
830 Views

စစ်ကောင်စီအနေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ အတွက် တာဝန်ခံရမှာဖြစ်သလို တရားဝင်ဖွဲ့စည်း မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေအပေါ်အရေးယူနိုင်တဲ့ အခွင့်အရေး စစ်ကောင်စီထံမှာမရှိဘူးလို့ CTUM ထုတ်ပြန် အောက်တိုဘာ ၂ ရက်က ထုတ်ပြန်ပါတယ်။


မြန်မာနိုင်ငံမှာ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်း နဲ့ စုဝေးခွင့် ဆိုင်ရာကွန်ဗန်းရှင်းအမှတ် ၈၇ နဲ့ အဓမ္မ ခိုင်းစေခြင်း ဆိုင်ရာ ကွန်ဗန်းရှင်း အမှတ် ၂၉ တို့ကို လိုက်နာမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ (Commission of Inquiry –COI ကော်မရှင်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က ၂၀၂၂ မတ်လ ၅ ရက်မှာ ဖွဲ့စည်းခဲ့ ပါတယ်။ 


စစ်ကောင်စီက COI အစီရင်ခံစာ နဲ့ပတ်သက်ပြီး တုန့်ပြန်ရေးဆိုင်ရာ ကော်မတီအဆင့်ဆင့်ကို ၂၀၂၃ ဩဂုတ် ၂၀ ရက်မှာ ဖွဲ့စည်းခဲ့ပြီး ကော်မတီတွေရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ ILO နဲ့ ဆောင်ရွက်နေတဲ့ CTUM အဖွဲ့အစည်း ကို အရေးယူရေး၊ လိုအပ်ပါက ၂၀၁၁ အလုပ်သမားအဖွဲ့အစည်း ဥပဒေကို ပြန်လည်သုံးသပ်ရေး ၊  ILO က ချမှတ် လာနိုင်တဲ့ ဆုံးဖြတ်ချက် တိုက်တွန်းချက်တွေကြောင့် နိုင်ငံစီးပွားရေး ကူးသန်း ရောင်းဝယ်ရေးတွေ ထိခိုက်နိုင်တဲ့ အကျိုးဆက်တွေကို ကြိုတင်ကာကွယ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

 
ဒါပေမဲ့ စစ်ကောင်စီဖွဲ့စည်းတဲ့ ကော်မတီရဲ့လုပ်ငန်းစဉ်မှာ ဖော်ပြထားသလို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ကို အရေးယူနိုင်တဲ့ တရားဝင်မှုမျိုး စစ်ကောင်စီမှာ မရှိဘူးလို့ CTUM ရဲ့တုန့်ပြန်ကြေညာ ထားပါတယ်။


စစ်ကောင်စီအနေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံရမှာဖြစ်သလို တရားဝင်ဖွဲ့စည်း မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေကို အရေးယူနိုင်တဲ့ အခွင့်အရေးလည်း စစ်ကောင်စီမှာမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


ရှေးအစဉ်အဆက် အာဏာရှင်တွေရဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု သက်သေ အထောက်အထားတွေကို  ILO ကျွမ်းကျင်ပညာရှင်များကော်မတီ၊ နိုင်ငံတကာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နဲ့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေက ၁၉၉၂ ခုနှစ် ကတည်းက ကောက်ယူ စုဆောင်းထားပြီး ဖြစ်တယ်လို့လည်း  မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင် ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကို  ဆန့်ကျင်တဲ့ အလုပ်သမားတွေ၊  ပြည်သူတွေကို စစ်ကောင်စီက ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းခဲ့ပြီးနောက် စက်ရုံအလုပ်ရုံတွေမှာလည်း အလုပ်သမားသင်းပင်း ဖွဲ့စည်းခွင့်နဲ့ စုဝေးခွင့်တွေ ဆုံးရှုံးနေတာ ဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026