NEWS

အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်များ စစ်ကောင်စီ ထောင် ၃ နှစ်ချ

CoverLogo
1.2K Views

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ  ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို စစ်ကောင်စီ လက်ခံတရားရုံးတွေကနေ မတ်လ ၂၉ ရက်က ထောင် ၃ နှစ်စီ ချလိုက်တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWFM) က ထုတ်ပြန်ထား ပါတယ်။

ကြည့်မြင်တိုင်မြို့နယ်၊ ပင်းပန်ကြီးလမ်းမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က သမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင် ၅ ဦး အပါအဝင် တခြား ဆန္ဒပြသူတွေနဲ့ ဆန္ဒပြနေစဉ် စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ သမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်တွေကတော့ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (BWFM) က ဦးနေမင်းထွန်းနဲ့ ဦးအေးချမ်းအောင်၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ( IWFM) က ဒေါ်ဇူးဇူးခိုင်နဲ့ ဒေါ်ယမင်းကေသွယ်ခိုင်၊ ဦးသန်းဇော်တို့ ဖြစ်ကြပါတယ်။  ဖမ်ဆီးခံရသူတွေအားလုံးဟာ မြန်မာနိုင်လုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီက  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် မတရားအာဏာသိမ်းပြီး ကတည်းက အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၇ ဦးကို  မီးရှို့သတ်ဖြတ်ခဲ့ပြီး အဖွဲ့ဝင် ၁ ဦး ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁၁၈ ဦးအား မတရားသဖြင့် ဖမ်းဆီးထောင်ချခဲ့ထားပြီး အဲဒီထဲမှာ အမျိုးသမီးအဖွဲ့ဝင် ၃၀ ဦး ပါဝင်တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (BWFM) က ထုတ်ပြန်ထား ပါတယ်။

ဒါ့အပြင် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို အငြိုးထားကာ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)၊ ၅၀၅ (က) တို့ဖြင့် ဖမ်းဝရမ်းထုတ်တာနဲ့ ဖမ်းဆီးတာတွေ ပြုလုပ်ထားပြီး  CTUM  ဥက္ကဋ္ဌကို နိုင်ငံသားအဖြစ်က ရပ်စဲခဲ့တဲ့ အပြင် (CTUM) ဗဟိုကော်မတီ အဖွဲ့ဝင်တွေကို နိုင်ငံကူးလက်မှတ် ပယ်ဖျက်တာတွေကို ပါ လုပ်ဆောင်ခဲ့ပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026