NEWS

အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်

CoverLogo
46 Views
 
နေရွှေဝင်း အထည်ချုပ်စက်ရုံတွင် တရားဝင်ဖွဲ့စည်းထားသော အခြေခံအလုပ်သမားအဖွဲ့အစည်း(သမဂ္ဂ) အဖွဲ့ဝင်တွေကို Nay Shwe Win အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေက အလုပ်က ထုတ်ပယ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံ အလုပ်သမားအဖွဲ့အစည်း အလုပ်အမှုဆောင် ၅ဦးကို လျော်ကြေးပေး အလုပ်ထုတ်တယ်။ နောက် တစ်ယောက် က လျော်ကြေးမယူဘူး။ အဲ့ အလုပ်သမားခေါင်းဆောင်ကိုတော့ အလုပ်လုပ်နေရင်း သမဂ္ဂ စည်းရုံးရေးလုပ်တယ်ဆိုပြီး အလုပ်ထုတ်ခဲ့တာ.” လို့ ပြောပါတယ်။
 
အလုပ်သမား အဖွဲ့အစည်း အလုပ်အမှုဆောင် ၅ ဦးကို စက်ရုံဘက်က ဥပဒေမှာ သတ်မှတ်ထားတဲ့ လျှော်ကြေးထက် ပိုမို ကမ်းလှမ်းခဲ့ပြီး အလုပ်က ထုတ်ပယ်ခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားအဖွဲ့ အစည်းအလုပ်အမှုဆောင် ၇ ဦးထဲက ၆ ဦးကို အလုပ်ထုတ်ထားတဲ့အပြင် အလုပ်သမားသမဂ္ဂကို ထောက်ခံတဲ့ အလုပ်သမားတွေတချို့ပါ အလုပ်က ထုတ်ပယ်ထားတယ်လို့ သိရပါတယ်။
 
“အခုက အလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌကို လီတာရာထူးတိုးပေးလိုက်ပြီး ၊ ကျန်တဲ့ အလုပ်သမား ခေါင်းဆောင် တွေကို အလုပ်ထုတ်တာ၊ အလုပ်ထုတ် လျှော်ကြေး အများကြီးပေးတယ် ကြားတယ်။ ဥက္ကဋ္ဌကို လီတာ ရာထူးတိုးပေးလိုက်တော့ သမဂ္ဂလှုပ်ရှားမှု ရပ်အောင် လုပ်လိုက်တာ” လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်သမားအဖွဲ့ဝင်တချို့ကို လုပ်သားလိုအပ်ချက်မရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်ခဲ့ပေမဲ့ စက်ရုံက အလုပ်သမားအသစ်‌တွေ ခေါ်ယူနေလို့ သမဂ္ဂအဖွဲကို ဖြိုခွဲဖို့ ရည်ရွယ်ချက်က ရှင်းလင်းနေတယ်လို့ အလုပ်သမား အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
 
“ ပြီးခဲ့လမှာ ဖြစ်ခဲ့တဲ့ စက်ရုံအလုပ်သမားတွေတောင်းဆိုမှုက တော်တော် အားကောင်းတာ တွေ့ရတယ်။ ဒါကြောင့်ပဲ သမဂ္ဂကို ရည်ရွယ်ချက် ဖြိုခွဲလိုက်တာ၊ လျှော်ကြေးပမာဏကလည်း များတယ်၊ ဥက္ကဋ္ဌလည်း စူပါရာထူးနဲ့ဆို လစာက မနည်းဘူးလေ၊ ဒါတွေက ငွေကြေးနဲ့ သမဂ္ဂကို ဖြိုခွဲတာပါပဲ” လို့ ပြောပါတယ်။
 
သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်နေတဲ့ စက်ရုံ မန်နေဂျာက လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို တက်ရောက်ခဲ့တယ်လို့ သူ့ရဲ့ Tiktok အကောင့်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အလုပ်သမားအဖွဲ့ချုပ် အဖွဲ့ဝင်တဦး ဖြစ်ခဲ့ပေမဲ့ STUM အဖွဲ့ချုပ်ကို တရားစွဲဆိုရာမှာ သက်သေအဖြစ် ထွက်ဆိုပေးခဲ့တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲချုပ် STUM က ထုတ်ပြန်ထားပါတယ်။
 
Nay Shwe Win အထည်ချုပ်စက်ရုံက နေရွှေလင်းစက်ရုံဆီက အထည်ယူချုပ်နေသလို Ksheng စက်ရုံကနေ only တံဆိပ် အထည်တွေလည်း ချုပ်ပေးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ နေရွှေလင်းနဲ့ Ksheng အထည်ချုပ်စက်ရုံတွေက MADE စီမံကိန်းဝင် စက်ရုံတွေဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ အလုပ်သမားတွေရဲ့ စားဝတ်နေရေးနဲ့ အခြေခံအခွင့်အရေးတွေကို တိုက်ရိုက်ကာကွယ်ပေးဖို့ သီးသန့်ရည်ရွယ်တာဖြစ်ပါတယ်။
 
စက်ရုံက ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းမှာ ရှိပြီး TERRANOVA , FLO , CLOSSHI , Reserved နဲ့ ONLY တံဆိပ် အထည်တွေကို ချုပ်လုပ်တယ်လို့ သိထားပါတယ်။

Related posts

Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026
Cover
စက်ရုံ၊အလုပ်ရုံ ကြိုပို့ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များ ခိုင်လုံသည့် အထောက်အထားပါရှိမှ သာနေ့စဉ်ယာဉ်ပြေးဆွဲခွင့်ရမည်
Mar 07, 2026