NEWS

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်မရအောင် တားဆီးတာနဲ့​ခြိမ်းခြောက်မှုတွေရှိနေ

CoverLogo
605 Views

စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားအရေးကိစ္စတွေကို ဆောင်ရွက်ပေးနိုင်မဲ့ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လှုပ်ရှားမှုတွေ လုပ်ဆောင်လို့မရတာ ဖြိုခွဲခံရတာတွေကြောင့် ပေါ်ပေါ်ထင်ထင်လုပ်ဆောင်နိုင်တာအားနည်းလာတယ်လို့ သိရပါတယ်။

 

ဒီကာလမှာ အလုပ်သမားသမဂ္ဂအဖွဲ့တွေဖွဲ့စည်းမရအောင်လည်း စက်ရုံဘက်က တားဆီးပိတ်ပင်တာ၊ ခြိမ်းခြောက်တာတွေအထိ ရှိနေတယ်လို့ သိရပါတယ်။ 

 

လက်ရှိမှာ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာလှုပ်ရှားခွင့်မရှိသလို သမဂ္ဂဖွဲ့မယ်ဆိုရင် အလုပ်ထုတ်တာတွေနဲ့စစ်တပ်ခေါ်ဖမ်းဆီးခိုင်းတာတွေအထိ ခြိမ်းခြောက်ဖိအားပေးမှုတွေရှိနေတာလို့ သိရပါတယ်။

 

ရွှေပြည်သာမြို့နယ်ဝါးတရာစက်မှူဇုန်က Yangon Fukuyama Apparel (YFA)အထည်ချုပ်စက်ရုံဟာ အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းဖို့ စိတ်ဝင်စားတဲ့အလုပ်သမားများကို လိုင်းစူပါ၊လီဒါများမှ တဦးချင်းခေါ်ယူကာ ခြိမ်းခြောက်ခဲ့သလို ဩဂုတ်၂ရက်နေ့နံနက်ကလည်း အစည်းအဝေးခေါ်ယူကာ စက်ရုံ တရုံလုံးကြား​ အောင် မိုက်ဖြင့် ခြိမ်းခြောက်ပြောဆိုမှုတွေပြုလုပ်ခဲ့တာလို့ သိရပါတယ်။

 

ဒါ့အပြင် ဩဂုတ် ၈ရက်နေ့ကလည်း အဆိုပါစက်ရုံက အလုပ်သမားတွေဟာ သမဂ္ဂ မှတ်ပုံတင်ဖို့ အပြင်ထွက်ခွင့် (ဂိတ်ပါတ်) တောင်းရာ စက်ရုံမှ လုံးဝထုတ်မပေးခဲ့ဘူးလို့လည်း သိရပါတယ်။ 

 

ဒါဟာစက်ရုံရဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့်ပတ်သက်ပြီး အလုပ်ရှင်တွေဘက်က 

ကန့်သတ်ပိတ်ဆို့တားမြစ်မှုတွေကို ပေါ်ပေါ်တင်တင်ပြုလုပ်လာတာပဲဖြစ်ပါတယ်။ 

 

"စက်ရုံဘက်က အလုပ်သမားတွေရဲ့လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို ပေါ်ပေါ်တင်တင်ပိတ်ပင်နေကြတာ။ YFA စက်ရုံကဆိုရင် သမဂ္ဂမှတ်ပုံတင်ဖို့ဂိတ်ပတ်တောင်ထုတ်မပေးဘူး။ နောက်ပြီး ဟိုစိမ့်မှာဆိုရင်လည်း ကလေးတွေကဒေးကြေး ၅၆၀၀ တိုးတောင်းလို့ဖမ်းခံခဲ့ရတာမဟုတ်ဘူး။ သမဂ္ဂဖွဲ့ဖို့ကြိုးစားလို့ ခေါင်းဆောင်တွေကိုအလုပ်ဖြုတ်ပစ်တာ အဲ့ကနေစတာ။ အလုပ်သမားအဖွဲ့အစည်းတွေက အလုပ်ရှင်တွေကမလိုလားဘူးလေ"လို့ အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။ 

 

​ဟိုစိမ့်မြန်မာစက်ရုံက အလုပ်သမားခေါင်းဆောင် ၇ ဦးဟာ သမဂ္ဂဖွဲ့စည်းဖို့ပြင်ဆင်နေတာကြောင့် အလုပ်ဖြုတ်ပစ်ခဲ့ရာ စက်ရုံအလုပ်သမားများက အလုပ်ဖြုတ်ခဲရသူ ၇ ဦးလုံး လုပ်ငန်းခွင်ပြန်လည်ခန့်အပ်ပေးဖို့တောင်းဆိုဆန္ဒပြခဲ့ရာကနေ လုပ်ငန်းရှင်က စစ်တပ်ခေါ်ယူခဲ့လို့ အလုပ်သမား၁၀ဦးအထိဖမ်းဆီးခံခဲ့ရပြီးကူညီဆောင်ရွက်သူနှစ်ဦးအပါ ၁၂ဦးအထိ ဖမ်းဆီးခံခဲ့ရကာ လက်ရှိအင်းစိန်ထောင်သို့ ပို့ဆောင်ထားတာပဲဖြစ်ပါတယ်။ 

 

ဒါတွေကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အိုင်အယ်လ်အို ပြဌာန်းချက်အမှတ်(၈၇)ဖြစ်တဲ့ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်နေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး အချက်အလက်ပြုစုနေချိန်အတွင်းမှာပဲ အလုပ်ရှင်တွေနဲ့ဌာနဆိုင်ရာတွေအပါအဝင် စစ်ကောင်စီက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမရအောင် တားဆီးပိတ်ပင်မှုတွေ ဆက်လက်ရှိနေတာ ဖြစ်ပါတယ်။

 

စစ်ကောင်စီကတော့ ပြည်တွင်းမှာ အလုပ်သမားအဖွဲ့တွေလွတ်လပ်စွာ ဖွဲ့စည်းလုပ်ကိုင်ခွင့်ပေးနေတယ်ဆိုပြီး ထုတ်ပြန်ထားခဲ့ပေမယ့် အလုပ်သမားတွေအများဆုံးရှိနေတဲ့ လှိုင်သာယာမြို့နယ်နဲ့ရွှေပြည်သာမြို့နယ်ဟာ စစ်အုပ်ရေးကာလအချိန်အတွင်း ဘယ်သအဂ္ဂဘယ်အဖွဲ့အစည်းမှ လက်မခံဘူးလို့ဆိုကာ ဟိုစိမ့်မြန်မာကအလုပ်သမားတွေကို မတရားဖမ်းဆီးခဲ့တာ​​ဖြစ်ပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026