NEWS

အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကြန့်ကြာမှုကြောင့် ခွင့်ပြန်လုပ်သားများ အခက်တွေ့နေ

CoverLogo
322 Views
 
ပြည်ပကနေ ခွင့်ဖြင့် ပြန်လာတဲ့ လုပ်သားတွေမှ ပြည်ပပြန်ထွက် ဖို့ အလုပ်သမားဝန်ကြီးဌာနကို ခွင့်ပြုချက်တောင်းရာတွင် ပြန်ထွက်မယ့်ရက်ထက် နောက်ကျမှ ခွင့်ပြုချက် ချပေးတာကြောင့် ခွင့်ပြန် လုပ်သားတွေမှာ အခက်ခဲ ဖြစ်ပေါ်နေရတယ်လို့ ၎င်းတို့ထံမှ သိရပါတယ်။
 
PJနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး OWICကတ် ရှိတဲ့ လုပ်သားတွေ အနေနဲ့ ခွင့်ဖြင့် မြန်မာပြည်ကို ခေတ္တပြန်လာ ပြီး ပြည်ပပြန်လည်ထွက်လိုပါက အလုပ်သမားဝန်ကြီးဌာနထံ ခွင့်ပြုချက် တောင်းခံရတာ ဖြစ်ပါတယ်။
 
ခွင့်ပြုချက်တောင်းရာမှာ သတ်မှတ်ထားတဲ့စာရွက်စာတမ်းတွေနဲ့ အတူ အပြန် အတွက် ဖြတ်ထားတဲ့ လေယာဉ်လက်မှတ် ကိုပါ ထည့်သွင်းတင်ပြရပြီး မပြန်ခင် အနည်းဆုံးရုံးဖွင့်ရက် ၅ရက်ကြိုတင်ပြ၍ ခွင့်ပြုချက်တောင်းရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။
 
လက်ရှိမှာတော့ ထွက်ခွာပြုကြောင်း အမည်စာရင်းပါ တဲ့ ခွင့်ပြုချက်တွေကို ပြန်ဖို့ လေယာဉ်လက်မှတ် ဖြတ်ထားတဲ့ ရက်ထက် နောက်ကျမှ အမည်စာရင်း ချပေးတာတွေကြောင့် နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်နေရတယ်လို့ ဆိုပါတယ်။
 
"ဒီလ ၁၁ရက်နေ့ကတည်းက စာတင်ထားတာ ၂၅ရက် ဒီနေ့ပြန်ရမှာကို အမည်စာရင်းမချပေးသေးဘူး လေယာဉ်လက်မှတ် ရက်ပြန်ချိန်းထားရတယ် အလုပ်ရှင်ဘက်က လည်း ပြန်လာမယ့်ရက် မရောက် ရင် ညိုညင်တာခံရအုံးမယ် အခုလို လုပ်တာကြီးက အခက်ခဲ ဖြစ်လွန်းတယ်"လို့ ခွင့်ပြန်လုပ်သားတစ်ဦးကပြောပါတယ်။
 
ဒါ့အပြင် ပြန်ထွက်မယ့် ရက် ကိုလည်း အနားနီး မှ ကပ်ပြီးချပေးတာကြောင့် နယ်ဒေသတွေ မှာ ရောက်ရှိနေတဲ့ ခွင့်ပြန် လုပ်သားတွေ အနေနဲ့ အခက်ခဲ ဖြစ်သလို ခွင့်ပြုထားတဲ့ ရက်အတွင်း ပြည်ပပြန်မထွက်​ ဖြစ်ပါက အသစ်ပြန်လည်လျှောက်ထားရတဲ့ အတွက် အချို့ ခွင့်ပြန်လုပ်သားတွေမှာ ငွေကြေးဆုံးရှုံးတာမျိုးရှိသလို လုပ်ငန်းခွင်အချိန်မီ မဝင်နိုင်တာကြောင့် အလုပ်ဆုံးရှုံးရတာတွေလည်းရှိတယ်လို့ သိရပါတယ်။
 
ပြည်ပ ခွင့်ပြန်လုပ်သားတွေကို ပြည်ပ ပြန်ထွက်ခွင့် အား ယခင်က အလုပ်သမားဝန်ကြီးဌာန ကို အီးမေးကတစ်ဆင့် လျှောက်ထားပြီးနောက်ပြန်လည်ခွင့်ပြုတဲ့စာမလိုဘဲ လေဆိပ်ကနေထွက်ခွင့်ပေးခဲ့ပေမယ့် ၂၀၂၆ခုနှစ် ဇန်နဝါရီ လ လယ် ကစကာ ထွက်ခွာခွင့်ကို မိမိအမည်စာရင်း ပါမှသာ လေဆိပ်ကနေ ပြန်ထွက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
 

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026