ခြေချုပ်နှင့်ခံဝန်အက် ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)၊အသင်းဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၄၀၊ ၄၁ တို့နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါအဝင် အကျဉ်းထောင် အချုပ်ခန်းရှိ အချုပ်သားတွေ ကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ထည့်ဖို့ အာဏာပိုင်တွေ ဘက်က ဖိအားပေးနေတယ်လို့ STUM ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အကယ်၍ အကြိုမဲထည့် ဖို့ ငြင်းဆန်ပါက ကန့်ကွက်မဲ အဖြစ်သတ်မှတ်ပြီး တိုက်ပိတ်ခြင်း စတဲ့ ထောင်တွင်းပြစ်ဒဏ်များချမှတ်မယ်လို့ ခြိမ်းခြောက်ကြိမ်းမောင်းတယ်လို့ STUM က အသိပေးထုတ်ပြန်ထားပါတယ်။
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို ဇူလိုင်လ ၂၅ရက် ည ၉ နာရီ ခွဲအချိန်မှာသူမနေထိုင်ရာ ရွှေပြည်သာမြို့နယ် နေ အိမ်ကို လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေကို ထပ်မံဖမ်းဆီးခဲ့ကာ စစ်ကော်မရှင် လက်အောက်ခံတွေက ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့အရေးယူခဲ့ပြီး နောက် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၄၀၊ ၄၁ နဲ့ ထပ်တိုးအမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်။
လက်ရှိမှာ ရွှေပြည်သာ မြို့နယ် တရားရုံးတွင် ခြေချုပ်နှင့်ခံဝန်အမှုမှ တရားလိုပြသက်သေတွေကို စစ်ဆေးကြားနာခဲ့ပြီး အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ တရားလို အား ဆက်လက်စစ်ဆေးပြီး နောက် တရားလိုပြသက်သေ များ ကို စစ်ဆေးရန် ချိန်းဆိုလိုက်ကြောင်းသိရပါတယ်။
ရွှေပြည်သာမြို့နယ် တရားရုံးမှ အမှု၂မှုအားအောက်တိုဘာ ၂၃ရက် ကို ချိန်းဆိုလိုက်တယ်လို့လည်းသိရပါတယ်။