NEWS

အလုပ်သမားရုံးတိုင်ကြားသည့် အလုပ်သမားအား စက်ရုံတာဝန်ခံဆိုသူက နည်းမျိုးစုံနှင့် ဖိနှိပ်

CoverLogo
3K Views

ဆေးခွင့်မရလို့ အလုပ်သမားရုံးကို တိုင်ကြားခဲ့တဲ့ အလုပ်သမားတဦးကို Sheng Mei Garment Co;Ltd စက်ရုံက  တာဝန်ရှိသူတွေက လုင်ငန်းခွင်အတွင်း ဖိနှိပ်မှုတွေ ပြုလုပ်နေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် STUM ဆီက သိရပါတယ်။ 

အဲဒီ စက်ရုံကတော့  အမှတ် ၁၂၊ မြေတိုင်းအမှတ် ၄၉၊ ဝါးတရာစက်မှုဇုန်မှာ ရှိပြီ အထည်ချုပ် စက်ရုံဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီ အလုပ်သမားဟာ  ၂၀၂၂ခုနှစ် ဇွန်၁ရက်မှာ အဲဒီစက်ရုံမှာ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုနှစ် ဩဂုတ်လ  ၂၃ ရက်မှာ စက်ရုံတာဝန်ရှိသူဆီ ဆေးခွင့်တောင်းခံခဲ့ရာမှာ ခွင့်မပေးခဲ့တာလို့ အဲဒီ အလုပ်သမားက ပြောပါတယ်။ 

ဆေးခွင့်မရတာကြောင့် အလုပ်သမားဆက်ဆံရေး ဦးစီးဌာနဆီ  ကိုယ်တိုင်သွားရောက်တိုင်ကြားခဲ့ပြီး အဲဒီနောက် မှာ  စက်ရုံတစ်ရုံလုံးရဲ့ တာဝန်ခံ မပန်းအိဆိုသူက ခွင့်ယူတဲ့အလုပ်သမားကို အလုပ်ဌာန ရွေ့ပြောင်းတာ မကြာ ခဏ ပြုလုပ်ခဲ့တဲ့ အပြင် လူအများကြား အော်ဟစ်ငေါက်ငမ်းတာ၊” မလုပ်နိုင်ရင် ထွက်သွား” ဆိုပြီး ပြောဆို တာတွေကို လက်ရှိအချိန်အထိဆက်တိုက်ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။  

အခု နိုဝင်ဘာ ၂၄ ရက်မှာ စက်ရုံ HR မန်နေဂျာက ခေါ်ယူပြီး " ခွင့်ယူတာ များနေပြီ ၊နေမကောင်းဘူးဆိုရင်လည်း အလုပ်ထွက်ပြီး နားလိုက်တော့ ၊ မနားချင်ရင်နောက် ရက်မပျက်တော့ကြောင်း ခံဝန်ကတိ လက်မှတ်ထိုးပေး" ဆိုပြီး အတင်းအကြပ် လက်မှတ်ထိုးခိုင်းခဲ့တဲ့အပြင် တိုင်ချင်ရာ သွားတိုင်လိုက် ငါကတော့ လိုက်ရှင်းနိုင်တယ် ဆိုပြီး ပြောဆိုခဲ့တယ်လို့  STUM အဖွဲ့က ပြောဆိုပါတယ်။ 

အခုနှစ် နိုဝင်ဘာ  ၂ ရက်၊ ၃ ရက်နဲ့  ၂၁ ရက်တွေမှာ ကျန်းမာရေးမကောင်းတာကြောင့်  ခွင့်တိုင် အလုပ်နားခဲ့တာ ဖြစ်တယ်လို့ အဲ့ဒီ အလုပ်သမားက ပြောပါတယ်။   

Sheng Mei Garment Co;Ltd စက်ရုံဟာ FB SISTER၊  CLOSSHI၊ sinsay စတဲ့ အထည်တွေ ချုပ်လုပ်နေပြီး စက်ရုံတွင်း ခွဲခြားဆက်ဆံတာနဲ့  မတရားဖိအားပေးစေခိုင်းတာ စတဲ့ ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေသလို   စက်ရုံတွင်း ဖွဲ့စည်းထားတဲ့  အလုပ်သမားသမဂ္ဂတဖွဲ့လုံးကို အလုပ်ဖြုတ်ခဲ့တဲ့စက်ရုံ ဖြစ်တယ်လို့ လည်း STUM အဖွဲ့က ပြောဆိုထားပါတယ်။

#MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026