NEWS

အလုပ်သမားများအား ခြိမ်းခြောက်ကာ သင်္ကြန်ပိတ်ရက်အတွက် ရက်အစားအတင်းဆင်းခိုင်းနေဟုဆို

CoverLogo
645 Views

ဧရာဝတီတိုင်းဒေသကြီး ၊ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ် စက်မှုမြို့တော်မှာရှိတဲ့ SX SXUANG XI အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေကိုခြိမ်းခြောက်ပြီး သင်္ကြန်ပိတ်ရက် ရက်အစားတနဂ်နွေနေ့ကို အတင်းဆင်းခိုင်းနေလို့ အခက်တွေ့နေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

" စက်ရုံမှူးကတော့ပြောတယ် သင်္ကြန်ကို ၉ရက်ပိတ်ပေးမယ် ဘာရက်အစားမှမဆင်းရဘူး ဒါကို ရန်ကုန်ကနေအလုပ်လာလုပ်တဲ့ All Superတွေက ၁၀ရက်ပိတ်ပေး တနဂ်နွေနေ့ကို အစားဆင်းပေးမယ် ဝန်ထမ်းတွေကိုလဲ သူတို့ပြောသလိုလုပ် မလုပ်ရင် အလုပ်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး လက်မှတ်အတင်းထိုးခိုင်းတယ်။ ဌာနဆိုင်ရာကိုတိုင်ဖို့ကျတော့လည်း ဘယ်သူတိုင်ပါတယ်ဆိုတာပြန်ပေါက်ကြားတဲ့အပြင် ဘာမှအရာမရောက်ဘူး" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောပါတယ်။

အဆိုပါစက်ရုံဟာ JAKO အမှတ်တံဆိပ်က်ုချုပ်လုပ်နေပြီး လူဦးရေ နှစ်ထောင်ဝန်းကျင်နဲ့လည်ပတ်နေတယ်လို့သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သားမိသားစုထိုင်းအစိုးရထီ ဘတ် ၆ သန်းဆု ဆွတ်ခူး
May 07, 2025
Cover
လုပ်ခ လျှော့ချဖြတ်တောက်မှုကြောင့် အလုပ်သမားတွေ ဆန္ဒပြတောင်းဆို
May 07, 2025
Cover
Casico Garment ဒေးကြေး အပြည့်မပေးဘဲ လုပ်ကိုင်ခိုင်း
May 07, 2025
Cover
Adidas ချုပ် မြန်မာပေါင်ချိန် စက်ရုံ ကုန်ထုတ်ဆုကြေးပေးပြီး ဝင်ငွေခွန် ထပ်ဖြတ်
May 06, 2025
Cover
Myanmar Jiale Fashion  စက်ရုံ လစာမပေးနိုင်၍ လုပ်ငန်းခွင် ရပ်တန့်နေ
May 06, 2025
Cover
လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားသမဂ္ဂ  ဖျက်သိမ်းဖို့ဖိအားပေးခံရ
May 06, 2025
Cover
အနိမ့်ဆုံးလုပ်ခလစာ ၁၂၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်အကြားရရှိဖို့လိုအပ်ဟုဆို
May 06, 2025
Cover
Zong Hong စက်ရုံ သင်္ကြန်ပိတ်ရက် အချိန်ပိုကြေးအပြည့်အဝမပေးဘဲ ခေါင်းပုံဖြတ်
May 05, 2025